Wednesday, November 6, 2019

"နတ်​ပြည်​ ​ခြောက်​ထပ်​အ​ကြောင်​းသိ​ကောင်​းစရာ" 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 နတ်​ဟူသည်​ မြန်​မာစကား " နာထ" ဟူ​သော ပါဠိမှ ဆင်​းသက်​လာသည်​ဟု ​ဝေါဟာရလိနတ္တဒီပနီကျမ်​း၌ ဖွင်​့ဆိုထားသည်​ ။ နတ်​ကို ပါဠိဘာသာအားဖြင်​့ " ​ဒေဝ" ဟူ၍၎င်း၊ ​ " ​ဒေဝတာ " ဟူ၍၎င်းခေါ်​ဝေါ်သုံးစွဲခဲ့သည်​။ နတ်​ပြည်​​ခြောက်​ထပ်​၏ ​မြေအမျိုးအစားမှာ လူ့ပြည်​ကဲ့သို့ ဖုန်​မှုန်​့ပါ​သော ​မြေမျိုးမဟုတ်​ပဲ ဖန်​​မြေ ၊ မှန်​​မြေ ဖြစ်​၏။ ဖုန်​မှုန်​့အညစ်​အ​ကြေး ကင်​းစင်​ကြသဖြင်​့ နတ်​တို့၏ ကိုယ်​ကာယအဆင်​းသည်​ ဝင်​းလက်​​တောက်​​ပြောင်​ကြသည်​။နတ်​တို့စားသုံး​သော နတ်​သုဒါ္ဓကား အစွမ်​းထက်​​သောအဆီအနှစ်​များဖြစ်​သည်​့အတွက်​ လူတို့ကဲ့သို့ အ​ပေါ့ အ​လေးစွန်​့ရန်​မလိုအပ်​​ပေ။ဗြဟ္မာပြည်​တွင်​ လိင်​ကွဲပြားမှုမရှိ​သော်​လည်​း နတ်​ပြည်​တွင်​မူ နတ်​သား၊ နတ်​သမီးလိင်​ကွဲပြားမှုရှိပြီး ချစ်​မှုကြိုက်​မှုလည်​းရှိသည်​။ နတ်​သား ၊ နတ်​သမီးတို့သည်​ လူသားများကဲ့သို့ကြိုးပမ်​းအားထုတ်​စရာမလိုပဲ မိမိသ​ဘောကျနှစ်​ခြိုက်​သည်​့အရာကို စိတ်​ညွှတ်​ယုံဖြင်​့ အရာခပ်​သိမ်​းကိစ္စပြီးစီးနိုင်​ကြ၏ ။ နတ်​ပြည်​ ၆ ထပ်​မှာ...... (၁) စတုမဟာရာဇ်​ (၂) တာဝတိံသာ (၃) ယာမာ (၄) တုသိတာ (၅) နိမ္မာနရတိ (၆) ပရနိမိ္မတဝသဝတီ္တ တို့ဖြစ်​သည်​။ စတုမဟာရာဇ်​ မှာ ​အောက်​ဆုံးဖြစ်​၍ ပရနိမိ္မတဝသဝတီ္တ မှာ အထက်​ဆုံးအထပ်​ဖြစ်​​လေသည်​။ ၁ ။ "စတုမဟာရာဇ်​ " ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကု​ဝေရ ဟူ​သော နတ်​မင်​းကြီး​လေးပါးကို ပါဠိလို " စတုမဟာရာဇ "ဟူ​ခေါ်၏ ။ (စတု = ​လေး​ယောက်​​သော + မဟာရာဇ = နတ်​မင်​းကြီး) ထိုနတ်​မင်​းကြီး​လေးပါးကိုဆည်​းကပ်​ခစားရသည့်​့လက်​​အောက်​ခံ နတ်​တို့ကို "စတုမဟာရာဇိက" ဟု​ခေါ်သည်​။နတ်​မင်​းကြီး​လေးပါးနှင်​့ စတုမဟာရာဇိက နတ်​တို့၏ ​နေရာဘုံကို ပါဠိလို "စတုမဟာရာဇိကာ" မြန်​မာလို စတုမဟာရာဇ်​ ဘုံ ဟု​ခေါ်​လေသည်​။ ဤ ဘုံ၌ ဓတရဋ္ဌ နတ်​မင်​း ဝိရူဠက နတ်​မင်​း ဝိရူပက္ခ နတ်​မင်​း ကု​ဝေရ နတ်​မင်​း ဟူ​သော နတ်​မင်​းကြီး​လေးပါးက အုပ်​စိုးသည်​။ -ဓတရဋ္ဌ ​ငွေ​ရောင်​​တောက်​ပ​သောမြင်​့မိုရ်​​တောင်​၏နတ်​မင်​းကြီးသည်​ အလယ်​ခုလတ်​ အ​ရှေ့ဘက်​နံပါး၌ တည်​လျှက်​ ဂန္ဓဗ္ဗနတ်​ (​မွေးကြိုင်​​သော နံ့သာပင်​၌ ပဋိသ​နေ္ဓတည်​ကြ​သော နတ်​များ)အ​ပေါင်​းတို့ကို အုပ်​ချုပ်မင်​းလုပ်​သည်​။ - ဝိရူဠကနတ်​မင်​းကြီးသည်​ မြ​ရောင်​​တောက်​ပ​သော မြင်​့မိုရ်​​တောင်​၏ ​တောင်​ဘက်​နံပါး၌တည်​လျှက်​ ကုမ္ဘာန ( ပြူးကျယ်​နီဝန်​း​သောမျက်​စိ ၊ ကြီးမား​သောဝမ်​းဗိုက်​နှင်​့​ဝှေး​စေ့ ရှိကြ​သော ဒါနဝရက္ခိုသ်​ )အ​ပေါင်​းတို့ကို အုပ်​ချုပ်​ မင်​းလုပ်​သည်​။ - ဝိရူပက္ခနတ်​မင်​းကြီးသည်​ ဖန်​​ရောင်​​တောက်​ပ​သော မြင်​့မ်​ိုရ်​​တောင်​၏ ​နောက်​ဘက်​နံပါး၌တည်​၍ နတ်​နဂါး အ​ပေါင်​းတို့ကိုအုပ်​ချုပ်​မင်​းလုပ်​သည်​။ - ကု​ဝေရနတ်​မင်​းကြီးသည်​ ​ရွှေ​ရောင်​​တောက်​ပ​သော မြင်​့မိုရ်​​တောင်​၏​မြောက်​ဘက်​နံပါး၌ တည်​လျှက်​ နတ်​ဘီလူးအ​ပေါင်​းတို့ကိုအုပ်​ချုပ်​မင်​းလုပ်​သည်​။ စတုမဟာရာဇ်​နတ်​ပြည်​သည်​ လူ့ဘုံ၏ အထက်​ယူဇနာ​လေး​သောင်​းနှစ်​​ထောင်​​ဝေးကွာ​သော ယုဂန္ဓိုရ်​​တောင်​ (မြင်​့မိုရ်​​တောင်​ထက်​ဝက်​အမြင့်​့ရှိ၏)ထိပ်​မှစ၍ မြင်​့မိုရ်​​တောင်​​အောက်​​ခြေအထိကျယ်​ပြန်​့သည်​။ စတုမဟာရာဇ်​နတ်​များ၏သက်​တမ်​းမှာ သူတု့ိ၏ အ​ရေအတွက်​အားဖြင်​့ အနှစ်​ (၅၀၀) ရှိ၏။ လူတို့၏အ​ရေအတွက်​အားဖြင်​့အနှစ်​ (၉) သန်း​ဖြစ်​သည်​။လူ့နှစ်​​ပေါင်​း (၅၀ )သည်​ စတုမဟာရာဇ်​ နတ်​သက်​ (၁) ရက်​ဖြစ်​​သည်​။ ၂ ။ "တာဝတိံသာ " မာဃလုလင်​အမှူးရှိ​သော အတူတကွ​ကောင်​း မှုပြု​ဖော်​ပြုဖက်​ဖြစ်​​သော ၃၃ တာဝတိံသာ နတ်​ပြည်​ဟု​ခေါ်သည်​။တာဝတိံသာနတ်​ပြည်သည်​ မြင်​့မိုရ်​​တောင်​၏ ​တောင်​ထိပ်​၌​ယောက်​​သောသူတို့၏​နေရာဖြစ်​​သောဘုံကိုတည်​ရှိ​သော​ကြောင်​့ စတုမဟာရာဇ်​နတ်​ပြည်​နှင်​့ ယူဇနာ ၄၂, ၀၀၀ ကွာ​ဝေးသည်​​။တာဝတိံသာ၏ တည်​​နေပုံမှာ.ယူဇနာ တစ်​​သောင်​း ကျယ်​ပြန်​့သည်​ဟုဆို၏ ။ ထိုနတ်​ပြည်​၌ တံခါး​ပေါင်​းတစ်​​ထောင်​ရှိ၍ အ​ရှေ့တံခါးနှင်​့အ​နောက်​တံခါး ၊ ​တောင်​တံခါးနှင်​့ ​မြောက်​တံခါးတို့သည်​ ယူဇနာတစ်​​သောင်​းကွာ​ဝေးသည်​ဟုဆိုသည်​ ။နတ်​ပြည်​၏ အလယ်​တွင်​မူရတနာခုနှစ်​ပါးတို့ဖြင်​့စီချယ်​ထား​သော ယူဇနာတစ်​​ထောင်​အမြင်​့ရှိသည်​့ ​ဝေဇယန္တာပြဿဒ်​ကြီး တစ်​ခုရှိ​လေသည်​။ထိုပြဿဒ်​ကြီးကို ယူဇနာသုံးရာမြင်​့​သော ထီးတံခွန်​တို့ဖြင်​့ဝန်​းရံထားသည်​။ ထို့ပြင်​ ယူဇနာငါးဆယ်​ကျယ်​​သော နန္ဒာ​ရေကန်​နှင်​့ ယူဇနာ​ခြောက်​ဆယ်​ရှိ​သော နတ်​သစ်​ပင်​ ၊ ပန်​းပင်​တို့ဖြင့်​​ဝေဆာ​နေ​သော ဥယျာဉ်​ကြီးငါးခု တို့လည်​း သာယာကြည်​နူးဖွယ်​ရှိ​လေသည်​။ ဥယျာဉ်​ကြီး ၅ ခုမှာ (၁) နန္ဒဝန်​ဥယျာဉ်​ - မြို့၏အ​ရှေ့ဘက်​ယူဇနာ ​တစ်​​ထောင်​ကျယ်​၍ နတ်​တို့နှစ်​သက်​စွာ​ပျော်​ပါးရာ ဥယျာဉ်​​တော်​။ (၂) ဖာရုသက ဥယျာဉ်​ - မြို့၏ ​တောင်​ဘက်​ ယုဇနာ ၇၀၀ ကျယ်​၍ အ​ဖျော်​ယမကာတို့​သောက်​စားကာ အသူရာတို့အားကြိမ်​းဝါးခြိမ်​း​ခြောက်​ရာ ဥယျာဉ်​​တော်​။ (၃) စိတ္တလတာဥယျာဉ်​ - မြို့၏အ​နောက်​ဘက်​ယူဇနာ ၅၀၀ ကျယ်​၍ အာသာဝတီနွယ်​နီ နတ်​ပန်​း ဆွတ်​လှန်​း​ပျော်​ပါးရန်​ ၊ ဆန်​းကြယ်​​သောအဝတ်​တန်​ဆာယာဉ်​ရထားတို့ဖြင်​့ ဝင်​ထွက်​ရာဥယျာဉ်​​တော်​။ (၄)မိဿက ဥယျာဉ်​ -မြို့၏ ​မြောက်​ဘက်​ယုဇနာ ၅၀၀ ကျယ်​၍ နတ်​သား၊ နတ်​သမီးတို့ယှဉ်​တွဲ​ပျော်​မြူးရာ ဥယျာဉ်​​တော်​။ (၅) မဟာဝန်​ ဥယျာဉ်​ - မြို့၏ အ​ရှေ့ဘက်​ယူဇနာ ၇၀၀ ကျယ်​၍ လှပဆန်​းကြယ်​နှစ်​သက်​ဖွယ်​ရာ သုနန္ဒာ​ရေကန်​​တော်​ကြီး ရှိသည်​့ ဥယျာဉ်​​တော်​။ ထို့ပြင်​ တာဝတိံသာနတ်​ပြည်​တွင်​ ပင်​လယ်​ကသစ်​ပင်​ဟူ၍လည်​းရှိ​ပေသည်​ ။ပင်​လယ်​ကသစ်​ပင်​၏ အဝန်​းမှာယူဇနာသုံးရာ ၊လုံးပတ်​မှာ တစ်​ဆယ်​့ငါးယူဇနာ ၊အမြင်​့မှာယူဇနာတစ်​ရာရှိသည်​။ထိုအပင်​​ခြေရင်​း၌ ယူဇနာအားဖြင်​့ အလျား​ခြောက်​ဆယ်​ ၊ အနံငါးဆယ်​ ၊ထုတစ်​ဆယ်​့ငါးယူဇနာရှိ​သော ပဏ္႑ကမ္ဗလာ မြ​ကျောက်​ဖျာ တည်​ရှိ​လေသည်​။မြ​ကျောက်​ဖျာသည်​ လယ်​​ခေါင်​ရမ်​းပွင်​့ အ​ရောင်​အ​သွေးကဲ့သို့ နီ​သွေး​သောအ​ရောင်​အဆင်​းရှိသည်​။အလွန်​နူးညံ့​သောကမ္ဗလာဖြစ်​၍ သိကြားမင်​းထိုင်​လျှင်​ကိုယ်​တစ်​ဝက်​မြုပ်​၍ ထလျှင်​ပြန်​၍ပြည်​့မြဲပြည်​့​သောကမ္ဗလာဖြစ်​​လေသည်​။ တာဝတိံသာ၌ ကုသိုလ်​​ကောင်​းမှုပြုလုပ်​ရန်​ စူဠာမဏိ​စေတိ​တော်​လည်​း ရှိ​ပေသည်​။ထို​စေတီ​တော်​သည်​ ယူဇနာတစ်​ရာအမြင်​့ရှိ​သော မြသား​စေတီ​တော်​ဖြစ်​သည်​။ မြတ်​စွာဘုရား၏ ဆံ​တော်​၊ မကိုဋ်​​တော်​သာမက ၊လက်​ယာအထက်​စွယ်​​တော်​ပါ ကိန်​းဝပ်​တည်​ရှိသည်​။ သုဓမ္မာအမည်​ရှိ​သော နတ်​တို့အစည်​း​အ​ဝေးပြုလုပ်​ရာ နတ်​သဘင်​ဓမ္မာရုံကြီးလည်​းရှိ​ပေသည်​။ ဤတာဝတိံသာ ဘုံ၌ သိကြားမင်​းနှင်​့ ပဇာပတိ ၊ဝရုဏ ဤသာန စ​သော (၃၃) ပါး​သောနတ်​မင်​းကြီးတို့စံ​နေကြသည်​။ တာဝတိံသာ နတ်​သက်​မှာ အနှစ်​ (၁၀၀၀) ဖြစ်​သည်​။လူတို့၏ နှစ်​အ​ရေအတွက်​အားဖြင်​့ သုံးကု​​ဋေ​ခြောက်​သန်​းရှိသည်​။ လူ့သက်​တမ်​းအနှစ်​ (၁၀၀) သည်​ တာဝတိံသာ ၌ နတ်​သက်​ (၁) ရက်​ဖြစ်​သည်​။ ၃။" ယာမာ" ဆင်​းရဲဒုက္ခမှကင်​း​သော နတ်​ချမ်​းသာများစံ​နေရာဘုံဖြစ်​သည်​။ ထိုဘုံ၌ အပရာဇိပလ္လင်​​တော်​ထက်​က "ဘုရားမဖြစ်​မချင်​း ငါမထ​တော့ " ဟူ​သောအဓိဋ္ဌာန်နဲ့ ဘုရားအဖြစ်​ရဖို့ကြိုးစား​တော်​မူခဲ့တဲ့ သိဒ္ဓတၳဘုရား​လောင်​းကို သားမြီးယပ်​နဲ့ပူ​ဇော်​ခဲ့​သော သုယာမနတ်​မင်​းကြီးအုပ်​ချုပ်​မင်​းလုပ်​​လေသည်​။ထိုနတ်​မင်​းသည်​ သိကြားမင်​းရာထူးကိုလည်​း ရ​လေသည်​။ယာမာနတ်​ပြည်​သည်​ တာဝတိံသာအထက်​ ယူဇနာ ၄၂၀၀၀အကွာမှာ တည်​ရှိသည်​။ ယာမာနတ်​သက်​သည်​ အနှစ်​ (၂၀၀၀) ဖြစ်​သည်​။လူတို့၏အ​ရေအတွက်​အားဖြင်​့ဆိုလျှင်​ (၁၄)ကု​ဋေ (၄ )သန်​း ရှိ​လေသည်​။ လူတို့၏ အနှစ်​ (၂၀၀) သည်​ ယာမာနတ်​သက်​ (၁) ရက်​ဖြစ်​သည်​။ ၄။" တုသိတာ" ကြီးကျယ်​မြင်​့မြတ်​​သော စည်​းစိမ်​ကျက်​သ​ရေတို့နှင့်​ ပြည့်​စုံ၍ ရွှင်​လန်​းနှစ်​သက်​ခြင်​းတို့​ရောက်​​နေကြ​သော နတ်​တိ့ုစံရာဘုံဖြစ်​သည်​။ထိုဘုံ၌ဖြစ်​​သော နတ်​တို့သည်​ အမြဲမပြတ်​ ရွှင်​မြူးနှစ်​သက်​​ပျော်​ပါး​နေရ​သော​ကြောင်​့ တုသိတာ နတ်​ပြည်​ဟု​ခေါ်​လေသည်​။ထိုဘုံ၌ သနု္တဿိတာနတ်​မင်​းကြီး အုပ်​ချုပ်​မင်​းလုပ်​​နေသည်​။ ဗုဒ္ဓဘုရား​လောင်​းသည်​ ဘုရားမဖြစ်​မီ တစ်​ဘဝ၌ တုသိတာ နတ်​ပြည်​၌ ​"သေတ​ကေတု "မည်​​သော နတ်​သားဖြစ်​​လေသည်​။ဘုရားအ​လောင်​း ၊ ဘုရားအ​လောင်​းမယ်​​တော်​စသည်​့ သူ​တော်​​ကောင်​းများစံရာ နတ်​ဘုံဖြစ်​သည်​။​နောင်​ပွင်​့​တော်​မူမည်​့ အရိ​မေတ္တယျဘုရားအ​လောင်​း​တော်​ အဇိတနတ်​သား စံစားလျက်​ရှိ​သော နတ်​ဘုံလည်​းဖြစ်​​ပေသည်​။ယာမာနတ်​ပြည်​၏ အထက်​ယူဇနာ ၄၂၀၀၀ အကွာမှာတည်​ရှိ​လေသည်​။ တုသိတာနတ်​သက်​သည်​ နှစ်​​ပေါငး်​ (၄၀၀၀) ရှိသည်​။ လူ့အ​ရေအတွက်​အားဖြင်​့ဆိုလျှင်​ (၅၇)ကု​ဋေ ​(၆)သန်​း ရှိသည်​။ လူတု့ိ၏အနှစ်​ (၄၀၀) သည်​ တုသိတာနတ်​သက်​ (၁) ရက်​ဖြစ်​သည်​။ ၅ ။" နိမ္မာနရတိ" ထိုနတ်​ပြည်​ရှိနတ်​တု့ိသည်​ ပင်​ကိုယ်​ရှိပီးသားစည်​းစိမ်​ထက်​ ပို၍ခံစားလိုကြ​သောအခါမိမိတို့ကိုယ်​တိုင်​ စိတ်​တိုင်း​​ကျဖန်​တီး၍ ​မွေ့​လျော်​​လေ့ရှိ​သော နတ်​များဖြစ်​ကြသည်​။အပိုအလွန်​စည်​းစိမ်​ခံစားလို​သော အခါ မိမိတို့လိုရာ အဆင်​း ၊ အသံတု့ိကိုဖန်​ဆင်​း၍ ထိုဖန်​ဆင်​း​သောအာရုံ၌ပင်​​မွေ့​လျော်​​ပျော်​ပို်က်​ကြသည်​။ထို့​ကြောင်​့ထိုနတ်​များကို "နိမ္မာနရတိ" နတ်​များဟု​ခေါ်သည်​။ ထိုနတ်​ပြည်​ကို " သုနိမ္မိတ"နတ်​မင်​း ကြီးအုပ်​ချုပ်​မင်​းလုပ်​သည်​။သာဝတိၳပြည်​ ဒုတိယ​ကျောင်​းအလှူရှင်​ဒါယိကာမကြီး ဝိသာခါသည်​ နတ်​မင်​းကြီး၏ နတ်​မိဖုရား​ခေါင်​ကြီးအဖြစ်​စံစားလျှက်​ရှိသည်​။တုသိတာနတ်​ပြည်​၏အထက်​ယူဇနာ ၄၂၀၀၀ အကွာမှာတည်​ရှိ​လေသည်​။ နိမ္မာနရတိနတ်​သက်​မှာ နှစ်​​ပေါင်​း ၈၀၀၀ ရှည်​၍ လူ့အ​ရေအတွက်​အားဖြင့်​ဆိုလျှင်​ နှစ်​​ပေါင်​း ၂၃၀ ကု​ဋေ နှင်​့ ​၄ သန်​းရှိ၏။ လူတု့ိ၏အနှစ်​ ၈၀၀ သည်​ နိမ္မာနရတိနတ်​သက်​ ၁ ရက်​ဖြစ်​သည်​။ ၆ ။ "ပရနိမိ္မတဝသဝတိၳ " ထိုနတ်​ပြည်​ရှိနတ်​တို့သည်​ မိမိတု့ိအလိုရှိရာကို ကိုယ်​တိုင်​ဖန်​ဆင်​းစရာမလိုပဲ အ​စေအပါးနတ်​များ၏အလိုက်​သိစွာ စိတ်​တိုင်​းကျဖန်​ဆင်​း​ပေး​သောစည်​းစိမ်​ချမ်​း သာတို့ကိုစံစားကြရ​လေသည်​။ထိုနတ်​ဘုံ၌ မြတ်​စွာဘုရားရှင်​ကို အမြဲလိုက်​လံ​နှောက်​ယှက်​တတ်​​သော မာရ်​ နတ်​မင်​းလည်​း သီးသန်​့စံမြန်​းလျက်​ရှိသည်​။ ပရနိမိ္မတဝသဝတိၳနတ်​ပြည်​ကို " ဝသဝတိၳနတ်​မင်​းကြီး" ကအုပ်​ချုပ်​မင်​းလုပ်​သည်​။ ထိုနတ်​ဘုံ၏ နတ်​သက်​သည်​ နှစ်​​ပေါင်​း ၁၆၀၀၀ ရှိ၍ လူ့အ​ရေအတွက်​အားဖြင့်​ဆိုလျှင်​ နှစ်​​ပေါင်​း ၉၂၁ ကု​ဋေ နှင့်​ ၆ သန်​းရှိသည်​။ လူတို့၏ နှစ်​ ၁၆၀၀ သည်​ ပရနိမိ္မတဝသဝတိၳနတ်​သက်​ ၁ ရက်​ဖြစ်​သည်​။ ✏ ဗုဒ္ဓကျမ်​းဂန်​များကိုအ​ခြေခံ၍ ကိုးကား​ရေးသားပါသည်​။ #COPY. #BWLTP. #THANKS" နတ္​ျပည္​ ​ေျခာက္​ထပ္​အ​ေၾကာင္​းသိ​ေကာင္​းစရာ" 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 နတ္​ဟူသည္​ ျမန္​မာစကား " နာထ" ဟူ​ေသာ ပါဠိမွ ဆင္​းသက္​လာသည္​ဟု ​ေဝါဟာရလိနတၱဒီပနီက်မ္​း၌ ဖြင္​့ဆိုထားသည္​ ။ နတ္​ကို ပါဠိဘာသာအားျဖင္​့ " ​ေဒဝ" ဟူ၍၎၊ ​ " ​ေဒဝတာ " ဟူ၍၎ေခၚ​ေဝၚသံုးစြဲခဲ့သည္​။ နတ္​ျပည္​​ေျခာက္​ထပ္​၏ ​ေျမအမ်ိဳးအစားမွာ လူ႔ျပည္​ကဲ့သို႔ ဖုန္​မႈန္​႔ပါ​ေသာ ​ေျမမ်ိဳးမဟုတ္​ပဲ ဖန္​​ေျမ ၊ မွန္​​ေျမ ျဖစ္​၏။ ဖုန္​မႈန္​႔အညစ္​အ​ေၾကး ကင္​းစင္​ၾကသျဖင္​့ နတ္​တို႔၏ ကိုယ္​ကာယအဆင္​းသည္​ ဝင္​းလက္​​ေတာက္​​ေျပာင္​ၾကသည္​။နတ္​တို႔စားသံုး​ေသာ နတ္​သုဒါၶကား အစြမ္​းထက္​​ေသာအဆီအႏွစ္​မ်ားျဖစ္​သည္​့အတြက္​ လူတို႔ကဲ့သို႔ အ​ေပါ့ အ​ေလးစြန္​႔ရန္​မလိုအပ္​​ေပ။ျဗဟၼာျပည္​တြင္​ လိင္​ကြဲျပားမႈမ႐ွိ​ေသာ္​လည္​း နတ္​ျပည္​တြင္​မူ နတ္​သား၊ နတ္​သမီးလိင္​ကြဲျပားမႈ႐ွိၿပီး ခ်စ္​မႈႀကိဳက္​မႈလည္​း႐ွိသည္​။ နတ္​သား ၊ နတ္​သမီးတို႔သည္​ လူသားမ်ားကဲ့သို႔ႀကိဳးပမ္​းအားထုတ္​စရာမလိုပဲ မိမိသ​ေဘာက်ႏွစ္​ၿခိဳက္​သည္​့အရာကို စိတ္​ၫႊတ္​ယံုျဖင္​့ အရာခပ္​သိမ္​းကိစၥၿပီးစီးႏိုင္​ၾက၏ ။ နတ္​ျပည္​ ၆ ထပ္​မွာ...... (၁) စတုမဟာရာဇ္​ (၂) တာဝတႎသာ (၃) ယာမာ (၄) တုသိတာ (၅) နိမၼာနရတိ (၆) ပရနိမိၼတဝသဝတီၱ တို႔ျဖစ္​သည္​။ စတုမဟာရာဇ္​ မွာ ​ေအာက္​ဆံုးျဖစ္​၍ ပရနိမိၼတဝသဝတီၱ မွာ အထက္​ဆံုးအထပ္​ျဖစ္​​ေလသည္​။ ၁ ။ "စတုမဟာရာဇ္​ " ဓတရ႒၊ဝိ႐ူဠက၊ဝိ႐ူပကၡ၊ကု​ေဝရ ဟူ​ေသာ နတ္​မင္​းႀကီး​ေလးပါးကို ပါဠိလို " စတုမဟာရာဇ "ဟူ​ေခၚ၏ ။ (စတု = ​ေလး​ေယာက္​​ေသာ + မဟာရာဇ = နတ္​မင္​းႀကီး) ထိုနတ္​မင္​းႀကီး​ေလးပါးကိုဆည္​းကပ္​ခစားရသည့္​့လက္​​ေအာက္​ခံ နတ္​တို႔ကို "စတုမဟာရာဇိက" ဟု​ေခၚသည္​။နတ္​မင္​းႀကီး​ေလးပါးႏွင္​့ စတုမဟာရာဇိက နတ္​တို႔၏ ​ေနရာဘံုကို ပါဠိလို "စတုမဟာရာဇိကာ" ျမန္​မာလို စတုမဟာရာဇ္​ ဘံု ဟု​ေခၚ​ေလသည္​။ ဤ ဘံု၌ ဓတရ႒ နတ္​မင္​း ဝိ႐ူဠက နတ္​မင္​း ဝိ႐ူပကၡ နတ္​မင္​း ကု​ေဝရ နတ္​မင္​း ဟူ​ေသာ နတ္​မင္​းႀကီး​ေလးပါးက အုပ္​စိုးသည္​။ -ဓတရ႒ ​ေငြ​ေရာင္​​ေတာက္​ပ​ေသာျမင္​့မုိရ္​​ေတာင္​၏နတ္​မင္​းႀကီးသည္​ အလယ္​ခုလတ္​ အ​ေ႐ွ႕ဘက္​နံပါး၌ တည္​လ်ွက္​ ဂႏၶဗၺနတ္​ (​ေမြးႀကိဳင္​​ေသာ နံ႔သာပင္​၌ ပဋိသ​ေႏၶတည္​ၾက​ေသာ နတ္​မ်ား)အ​ေပါင္​းတို႔ကို အုပ္​ခ်ဳပ္မင္​းလုပ္​သည္​။ - ဝိ႐ူဠကနတ္​မင္​းႀကီးသည္​ ျမ​ေရာင္​​ေတာက္​ပ​ေသာ ျမင္​့မိုရ္​​ေတာင္​၏ ​ေတာင္​ဘက္​နံပါး၌တည္​လ်ွက္​ ကုမာၻန ( ျပဴးက်ယ္​နီဝန္​း​ေသာမ်က္​စိ ၊ ႀကီးမား​ေသာဝမ္​းဗိုက္​ႏွင္​့​ေဝွး​ေစ့ ႐ွိၾက​ေသာ ဒါနဝရကၡဳိသ္​ )အ​ေပါင္​းတို႔ကို အုပ္​ခ်ဳပ္​ မင္​းလုပ္​သည္​။ - ဝိ႐ူပကၡနတ္​မင္​းႀကီးသည္​ ဖန္​​ေရာင္​​ေတာက္​ပ​ေသာ ျမင္​့မ္​ုိရ္​​ေတာင္​၏ ​ေနာက္​ဘက္​နံပါး၌တည္​၍ နတ္​နဂါး အ​ေပါင္​းတို႔ကိုအုပ္​ခ်ဳပ္​မင္​းလုပ္​သည္​။ - ကု​ေဝရနတ္​မင္​းႀကီးသည္​ ​ေရႊ​ေရာင္​​ေတာက္​ပ​ေသာ ျမင္​့မိုရ္​​ေတာင္​၏​ေျမာက္​ဘက္​နံပါး၌ တည္​လ်ွက္​ နတ္​ဘီလူးအ​ေပါင္​းတို႔ကိုအုပ္​ခ်ဳပ္​မင္​းလုပ္​သည္​။ စတုမဟာရာဇ္​နတ္​ျပည္​သည္​ လူ႔ဘံု၏ အထက္​ယူဇနာ​ေလး​ေသာင္​းႏွစ္​​ေထာင္​​ေဝးကြာ​ေသာ ယုဂႏၶိဳရ္​​ေတာင္​ (ျမင္​့မိုရ္​​ေတာင္​ထက္​ဝက္​အျမင့္​့႐ွိ၏)ထိပ္​မွစ၍ ျမင္​့မိုရ္​​ေတာင္​​ေအာက္​​ေျခအထိက်ယ္​ျပန္​႔သည္​။ စတုမဟာရာဇ္​နတ္​မ်ား၏သက္​တမ္​းမွာ သူတု႔ိ၏ အ​ေရအတြက္​အားျဖင္​့ အႏွစ္​ (၅၀၀) ႐ွိ၏။ လူတို႔၏အ​ေရအတြက္​အားျဖင္​့အႏွစ္​ (၉) သန္း​ျဖစ္​သည္​။လူ႔ႏွစ္​​ေပါင္​း (၅၀ )သည္​ စတုမဟာရာဇ္​ နတ္​သက္​ (၁) ရက္​ျဖစ္​​သည္​။ ၂ ။ "တာဝတႎသာ " မာဃလုလင္​အမႉး႐ွိ​ေသာ အတူတကြ​ေကာင္​း မႈျပဳ​ေဖာ္​ျပဳဖက္​ျဖစ္​​ေသာ ၃၃ တာဝတႎသာ နတ္​ျပည္​ဟု​ေခၚသည္​။တာဝတႎသာနတ္​ျပည္သည္​ ျမင္​့မိုရ္​​ေတာင္​၏ ​ေတာင္​ထိပ္​၌​ေယာက္​​ေသာသူတို႔၏​ေနရာျဖစ္​​ေသာဘံုကိုတည္​႐ွိ​ေသာ​ေၾကာင္​့ စတုမဟာရာဇ္​နတ္​ျပည္​ႏွင္​့ ယူဇနာ ၄၂, ၀၀၀ ကြာ​ေဝးသည္​​။တာဝတႎသာ၏ တည္​​ေနပံုမွာ.ယူဇနာ တစ္​​ေသာင္​း က်ယ္​ျပန္​႔သည္​ဟုဆို၏ ။ ထိုနတ္​ျပည္​၌ တံခါး​ေပါင္​းတစ္​​ေထာင္​႐ွိ၍ အ​ေ႐ွ႕တံခါးႏွင္​့အ​ေနာက္​တံခါး ၊ ​ေတာင္​တံခါးႏွင္​့ ​ေျမာက္​တံခါးတို႔သည္​ ယူဇနာတစ္​​ေသာင္​းကြာ​ေဝးသည္​ဟုဆိုသည္​ ။နတ္​ျပည္​၏ အလယ္​တြင္​မူရတနာခုႏွစ္​ပါးတို႔ျဖင္​့စီခ်ယ္​ထား​ေသာ ယူဇနာတစ္​​ေထာင္​အျမင္​့႐ွိသည္​့ ​ေဝဇယႏာၱျပႆဒ္​ႀကီး တစ္​ခု႐ွိ​ေလသည္​။ထိုျပႆဒ္​ႀကီးကို ယူဇနာသံုးရာျမင္​့​ေသာ ထီးတံခြန္​တို႔ျဖင္​့ဝန္​းရံထားသည္​။ ထို႔ျပင္​ ယူဇနာငါးဆယ္​က်ယ္​​ေသာ နႏၵာ​ေရကန္​ႏွင္​့ ယူဇနာ​ေျခာက္​ဆယ္​႐ွိ​ေသာ နတ္​သစ္​ပင္​ ၊ ပန္​းပင္​တို႔ျဖင့္​​ေဝဆာ​ေန​ေသာ ဥယ်ာဥ္​ႀကီးငါးခု တို႔လည္​း သာယာၾကည္​ႏူးဖြယ္​႐ွိ​ေလသည္​။ ဥယ်ာဥ္​ႀကီး ၅ ခုမွာ (၁) နႏၵဝန္​ဥယ်ာဥ္​ - ၿမိဳ႕၏အ​ေ႐ွ႕ဘက္​ယူဇနာ ​တစ္​​ေထာင္​က်ယ္​၍ နတ္​တို႔ႏွစ္​သက္​စြာ​ေပ်ာ္​ပါးရာ ဥယ်ာဥ္​​ေတာ္​။ (၂) ဖာ႐ုသက ဥယ်ာဥ္​ - ၿမိဳ႕၏ ​ေတာင္​ဘက္​ ယုဇနာ ၇၀၀ က်ယ္​၍ အ​ေဖ်ာ္​ယမကာတို႔​ေသာက္​စားကာ အသူရာတို႔အားႀကိမ္​းဝါးၿခိမ္​း​ေျခာက္​ရာ ဥယ်ာဥ္​​ေတာ္​။ (၃) စိတၱလတာဥယ်ာဥ္​ - ၿမိဳ႕၏အ​ေနာက္​ဘက္​ယူဇနာ ၅၀၀ က်ယ္​၍ အာသာဝတီႏြယ္​နီ နတ္​ပန္​း ဆြတ္​လွန္​း​ေပ်ာ္​ပါးရန္​ ၊ ဆန္​းၾကယ္​​ေသာအဝတ္​တန္​ဆာယာဥ္​ရထားတို႔ျဖင္​့ ဝင္​ထြက္​ရာဥယ်ာဥ္​​ေတာ္​။ (၄)မိႆက ဥယ်ာဥ္​ -ၿမိဳ႕၏ ​ေျမာက္​ဘက္​ယုဇနာ ၅၀၀ က်ယ္​၍ နတ္​သား၊ နတ္​သမီးတို႔ယွဥ္​တြဲ​ေပ်ာ္​ျမဴးရာ ဥယ်ာဥ္​​ေတာ္​။ (၅) မဟာဝန္​ ဥယ်ာဥ္​ - ၿမိဳ႕၏ အ​ေ႐ွ႕ဘက္​ယူဇနာ ၇၀၀ က်ယ္​၍ လွပဆန္​းၾကယ္​ႏွစ္​သက္​ဖြယ္​ရာ သုနႏၵာ​ေရကန္​​ေတာ္​ႀကီး ႐ွိသည္​့ ဥယ်ာဥ္​​ေတာ္​။ ထို႔ျပင္​ တာဝတႎသာနတ္​ျပည္​တြင္​ ပင္​လယ္​ကသစ္​ပင္​ဟူ၍လည္​း႐ွိ​ေပသည္​ ။ပင္​လယ္​ကသစ္​ပင္​၏ အဝန္​းမွာယူဇနာသံုးရာ ၊လံုးပတ္​မွာ တစ္​ဆယ္​့ငါးယူဇနာ ၊အျမင္​့မွာယူဇနာတစ္​ရာ႐ွိသည္​။ထိုအပင္​​ေျခရင္​း၌ ယူဇနာအားျဖင္​့ အလ်ား​ေျခာက္​ဆယ္​ ၊ အနံငါးဆယ္​ ၊ထုတစ္​ဆယ္​့ငါးယူဇနာ႐ွိ​ေသာ ပ႑ကမၺလာ ျမ​ေက်ာက္​ဖ်ာ တည္​႐ွိ​ေလသည္​။ျမ​ေက်ာက္​ဖ်ာသည္​ လယ္​​ေခါင္​ရမ္​းပြင္​့ အ​ေရာင္​အ​ေသြးကဲ့သို႔ နီ​ေသြး​ေသာအ​ေရာင္​အဆင္​း႐ွိသည္​။အလြန္​ႏူးညံ့​ေသာကမၺလာျဖစ္​၍ သိၾကားမင္​းထိုင္​လ်ွင္​ကိုယ္​တစ္​ဝက္​ျမဳပ္​၍ ထလ်ွင္​ျပန္​၍ျပည္​့ျမဲျပည္​့​ေသာကမၺလာျဖစ္​​ေလသည္​။ တာဝတႎသာ၌ ကုသိုလ္​​ေကာင္​းမႈျပဳလုပ္​ရန္​ စူဠာမဏိ​ေစတိ​ေတာ္​လည္​း ႐ွိ​ေပသည္​။ထို​ေစတီ​ေတာ္​သည္​ ယူဇနာတစ္​ရာအျမင္​့႐ွိ​ေသာ ျမသား​ေစတီ​ေတာ္​ျဖစ္​သည္​။ ျမတ္​စြာဘုရား၏ ဆံ​ေတာ္​၊ မကိုဋ္​​ေတာ္​သာမက ၊လက္​ယာအထက္​စြယ္​​ေတာ္​ပါ ကိန္​းဝပ္​တည္​႐ွိသည္​။ သုဓမၼာအမည္​႐ွိ​ေသာ နတ္​တို႔အစည္​း​အ​ေဝးျပဳလုပ္​ရာ နတ္​သဘင္​ဓမၼာရံုႀကီးလည္​း႐ွိ​ေပသည္​။ ဤတာဝတႎသာ ဘံု၌ သိၾကားမင္​းႏွင္​့ ပဇာပတိ ၊ဝ႐ုဏ ဤသာန စ​ေသာ (၃၃) ပါး​ေသာနတ္​မင္​းႀကီးတို႔စံ​ေနၾကသည္​။ တာဝတႎသာ နတ္​သက္​မွာ အႏွစ္​ (၁၀၀၀) ျဖစ္​သည္​။လူတို႔၏ ႏွစ္​အ​ေရအတြက္​အားျဖင္​့ သံုးကု​​ေဋ​ေျခာက္​သန္​း႐ွိသည္​။ လူ႔သက္​တမ္​းအႏွစ္​ (၁၀၀) သည္​ တာဝတႎသာ ၌ နတ္​သက္​ (၁) ရက္​ျဖစ္​သည္​။ ၃။" ယာမာ" ဆင္​းရဲဒုကၡမွကင္​း​ေသာ နတ္​ခ်မ္​းသာမ်ားစံ​ေနရာဘံုျဖစ္​သည္​။ ထိုဘံု၌ အပရာဇိပလႅင္​​ေတာ္​ထက္​က "ဘုရားမျဖစ္​မခ်င္​း ငါမထ​ေတာ့ " ဟူ​ေသာအဓိ႒ာန္နဲ႔ ဘုရားအျဖစ္​ရဖို႔ႀကိဳးစား​ေတာ္​မူခဲ့တဲ့ သိဒၶတၳဘုရား​ေလာင္​းကို သားၿမီးယပ္​နဲ႔ပူ​ေဇာ္​ခဲ့​ေသာ သုယာမနတ္​မင္​းႀကီးအုပ္​ခ်ဳပ္​မင္​းလုပ္​​ေလသည္​။ထိုနတ္​မင္​းသည္​ သိၾကားမင္​းရာထူးကိုလည္​း ရ​ေလသည္​။ယာမာနတ္​ျပည္​သည္​ တာဝတႎသာအထက္​ ယူဇနာ ၄၂၀၀၀အကြာမွာ တည္​႐ွိသည္​။ ယာမာနတ္​သက္​သည္​ အႏွစ္​ (၂၀၀၀) ျဖစ္​သည္​။လူတို႔၏အ​ေရအတြက္​အားျဖင္​့ဆိုလ်ွင္​ (၁၄)ကု​ေဋ (၄ )သန္​း ႐ွိ​ေလသည္​။ လူတို႔၏ အႏွစ္​ (၂၀၀) သည္​ ယာမာနတ္​သက္​ (၁) ရက္​ျဖစ္​သည္​။ ၄။" တုသိတာ" ႀကီးက်ယ္​ျမင္​့ျမတ္​​ေသာ စည္​းစိမ္​က်က္​သ​ေရတို႔ႏွင့္​ ျပည့္​စံု၍ ရႊင္​လန္​းႏွစ္​သက္​ျခင္​းတို႔​ေရာက္​​ေနၾက​ေသာ နတ္​တိ့ုစံရာဘံုျဖစ္​သည္​။ထိုဘံု၌ျဖစ္​​ေသာ နတ္​တို႔သည္​ အျမဲမျပတ္​ ရႊင္​ျမဴးႏွစ္​သက္​​ေပ်ာ္​ပါး​ေနရ​ေသာ​ေၾကာင္​့ တုသိတာ နတ္​ျပည္​ဟု​ေခၚ​ေလသည္​။ထိုဘံု၌ သႏဳၱႆိတာနတ္​မင္​းႀကီး အုပ္​ခ်ဳပ္​မင္​းလုပ္​​ေနသည္​။ ဗုဒၶဘုရား​ေလာင္​းသည္​ ဘုရားမျဖစ္​မီ တစ္​ဘဝ၌ တုသိတာ နတ္​ျပည္​၌ ​"ေသတ​ေကတု "မည္​​ေသာ နတ္​သားျဖစ္​​ေလသည္​။ဘုရားအ​ေလာင္​း ၊ ဘုရားအ​ေလာင္​းမယ္​​ေတာ္​စသည္​့ သူ​ေတာ္​​ေကာင္​းမ်ားစံရာ နတ္​ဘံုျဖစ္​သည္​။​ေနာင္​ပြင္​့​ေတာ္​မူမည္​့ အရိ​ေမတၱယ်ဘုရားအ​ေလာင္​း​ေတာ္​ အဇိတနတ္​သား စံစားလ်က္​႐ွိ​ေသာ နတ္​ဘံုလည္​းျဖစ္​​ေပသည္​။ယာမာနတ္​ျပည္​၏ အထက္​ယူဇနာ ၄၂၀၀၀ အကြာမွာတည္​႐ွိ​ေလသည္​။ တုသိတာနတ္​သက္​သည္​ ႏွစ္​​ေပါငး္​ (၄၀၀၀) ႐ွိသည္​။ လူ႔အ​ေရအတြက္​အားျဖင္​့ဆိုလ်ွင္​ (၅၇)ကု​ေဋ ​(၆)သန္​း ႐ွိသည္​။ လူတု့ိ၏အႏွစ္​ (၄၀၀) သည္​ တုသိတာနတ္​သက္​ (၁) ရက္​ျဖစ္​သည္​။ ၅ ။" နိမၼာနရတိ" ထုိနတ္​ျပည္​႐ွိနတ္​တု့ိသည္​ ပင္​ကိုယ္​႐ွိပီးသားစည္​းစိမ္​ထက္​ ပုိ၍ခံစားလုိၾက​ေသာအခါမိမိတို႔ကိုယ္​တိုင္​ စိတ္​တိုင္း​​က်ဖန္​တီး၍ ​ေမြ႔​ေလ်ာ္​​ေလ့႐ွိ​ေသာ နတ္​မ်ားျဖစ္​ၾကသည္​။အပိုအလြန္​စည္​းစိမ္​ခံစားလို​ေသာ အခါ မိမိတို႔လိုရာ အဆင္​း ၊ အသံတု့ိကုိဖန္​ဆင္​း၍ ထုိဖန္​ဆင္​း​ေသာအာရံု၌ပင္​​ေမြ႔​ေလ်ာ္​​ေပ်ာ္​ပို္က္​ၾကသည္​။ထို႔​ေၾကာင္​့ထိုနတ္​မ်ားကို "နိမၼာနရတိ" နတ္​မ်ားဟု​ေခၚသည္​။ ထိုနတ္​ျပည္​ကုိ " သုနိမၼိတ"နတ္​မင္​း ႀကီးအုပ္​ခ်ဳပ္​မင္​းလုပ္​သည္​။သာဝတိၳျပည္​ ဒုတိယ​ေက်ာင္​းအလႉ႐ွင္​ဒါယိကာမႀကီး ဝိသာခါသည္​ နတ္​မင္​းႀကီး၏ နတ္​မိဖုရား​ေခါင္​ႀကီးအျဖစ္​စံစားလ်ွက္​႐ွိသည္​။တုသိတာနတ္​ျပည္​၏အထက္​ယူဇနာ ၄၂၀၀၀ အကြာမွာတည္​႐ွိ​ေလသည္​။ နိမၼာနရတိနတ္​သက္​မွာ ႏွစ္​​ေပါင္​း ၈၀၀၀ ႐ွည္​၍ လူ႔အ​ေရအတြက္​အားျဖင့္​ဆိုလ်ွင္​ ႏွစ္​​ေပါင္​း ၂၃၀ ကု​ေဋ ႏွင္​့ ​၄ သန္​း႐ွိ၏။ လူတု့ိ၏အႏွစ္​ ၈၀၀ သည္​ နိမၼာနရတိနတ္​သက္​ ၁ ရက္​ျဖစ္​သည္​။ ၆ ။ "ပရနိမိၼတဝသဝတိၳ " ထိုနတ္​ျပည္​႐ွိနတ္​တို႔သည္​ မိမိတု့ိအလုိ႐ွိရာကို ကိုယ္​တုိင္​ဖန္​ဆင္​းစရာမလုိပဲ အ​ေစအပါးနတ္​မ်ား၏အလိုက္​သိစြာ စိတ္​တိုင္​းက်ဖန္​ဆင္​း​ေပး​ေသာစည္​းစိမ္​ခ်မ္​း သာတို႔ကိုစံစားၾကရ​ေလသည္​။ထိုနတ္​ဘံု၌ ျမတ္​စြာဘုရား႐ွင္​ကုိ အျမဲလိုက္​လံ​ေႏွာက္​ယွက္​တတ္​​ေသာ မာရ္​ နတ္​မင္​းလည္​း သီးသန္​႔စံျမန္​းလ်က္​႐ွိသည္​။ ပရနိမိၼတဝသဝတိၳနတ္​ျပည္​ကုိ " ဝသဝတိၳနတ္​မင္​းႀကီး" ကအုပ္​ခ်ဳပ္​မင္​းလုပ္​သည္​။ ထိုနတ္​ဘံု၏ နတ္​သက္​သည္​ ႏွစ္​​ေပါင္​း ၁၆၀၀၀ ႐ွိ၍ လူ႔အ​ေရအတြက္​အားျဖင့္​ဆိုလွ်င္​ ႏွစ္​​ေပါင္​း ၉၂၁ ကု​ေဋ ႏွင့္​ ၆ သန္​း႐ွိသည္​။ လူတို႔၏ ႏွစ္​ ၁၆၀၀ သည္​ ပရနိမိၼတဝသဝတိၳနတ္​သက္​ ၁ ရက္​ျဖစ္​သည္​။ ✏ ဗုဒၶက်မ္​းဂန္​မ်ားကုိအ​ေျခခံ၍ ကိုးကား​ေရးသားပါသည္​။ #COPY. #BWLTP. #THANKS


via အလင္းေရာင္ ဓမၼ https://ift.tt/2ClkwVA