အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, November 6, 2019
မိဘကျေးဇူး အကျေဆပ်နည်း 🙏🙏🙏🙏🙏🙏🙏🙏 မိဘကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရား အဆုံးအမကို ပြောကြပြီဆိုရင် " မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် မဆပ်နိုင်ဘူး" လို့ လူအများ ပြောလေ့ရှိကြတယ်။ အမှန်က " ကျေအောင် မဆပ်နိုင်ဘူး "လို့ ဟောထားတာ မဟုတ်ပါဘူး။ -ကျေအောင် ဆပ်ဖို့ မလွယ်ဘူး။ -လွယ်လွယ်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး။ -သာမန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိင်ဘူး။ -အထူးဆပ်မှ ကျေးဇူးကျေနိုင်တယ် . . လို့ ဆိုလိုပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဟောကြားချက်မူရင်းကို နားထောင်ကြည့်ပါ။ ချစ်သား, ချစ်သမီးတို့ . . . ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး။ ကျေအောင် ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရား ပြောချင်တယ်။ ပုဂ္ဂိုလ် နှစ်ယောက် ဆိုတာ မွေးမိခင်နဲ့ မွေးဖခင် အရင်းအချာကို ပြောတာပါ။ ချစ်သား, ချစ်သမီးတို့ . . . "အမေကို လက်ယာပခုံးမှာတင် , အဖေကို လက်ဝဲ ပခုံးမှာ တင်ပြီး ရာသက်ပန် လုပ်ကျွေး ပြုစုတယ်။ မိဘနှစ်ပါးကို . . . -မွှေးပျံ့နေအောင် နံ့သာမျိုးစုံနဲ့ လိမ်းကျံပေးတယ်။ -အညောင်းပြေအောင် ခြေလက်တွေကို ဆုပ်နှယ်ပေးတယ်။ -အေးတဲ့အခါ ရေနွေး , ပူတဲ့အခါ ရေအေးနဲ့ရေချိုး သန့်စင်ပေးတယ်။ -ပုခုံးထက်မှာ ကျင်ကြီးကျင်ငယ် စွန့်စေတယ်။ အဲလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူး အကျေဆပ်ပြီးသား မဖြစ်သေးဘူး။ ချစ်သား, ချစ်သမီးတို့ . . . စကားအကုန်ပြောရမယ်ဆိုရင် စင်္ကြဝတေးမင်း ရာထူးမှာ ထားပြီး ကျေးဇူးဆပ်ဦးတော့ မိဘကျေးဇူးကို ကျေအောင် ဆပ်ရာ မရောက်သေးဘူး။ ချစ်သား , ချစ်သမီးတို့ . . . ဒီလောက်ကျေးဇူးဆပ်ရဲ့သားနဲ့ ဘာလို့ ကျေးဇူး မကျေနိုင်ရတာလဲ ? ဆိုရင် . . မိဘတွေဟာ သားသမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြလို့ပဲ။ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက် စောင့်ရှောက်ကြလို့။ နို့ချိုတိုက်ကျွေး မွေးမြူကြလို့။ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာပြသလို့ပါပဲ။ ချစ်သား , ချစ်သမီးတို့ . . . . မိဘကျေးဇူး အကျေဆပ်နိုင်တဲ နည်းလမ်းတွေကို ငါဘုရား ညွှန်ပြပါရစေ။ -သဒ္ဓါတရား မရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်။ -သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင်။ -မပေးရက် , မလှူရက် နမြောဝန်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်။ -ပညာဉာဏ် မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် .. . . ကောင်းစွာ နာယူ ဆောက်တည်စေမယ်။ လေးလေးနက်နက် သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင် မိဘကျေးဇူးကို အကျေ ဆပ်ပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ ဘုရားဟော မူရင်း ပါပဲ။ -------------------------------------------------- မိဘကျေးဇူးဆပ်တဲ့နေရာမှာ လောကနည်းနဲ့ ဆပ်ခြင်း။ ဓမ္မနည်းနဲ့ ဆပ်ခြင်းလို့ နှစ်မျိုး ရှိပါတယ်။ မိဘအတွက် အစားအသောက် , အဝတ်အထည် , နေအိမ်တိုက်တာ , ကားရထား စတဲ့ လူမှု အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးတာကို လောကနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။ စိတ်ထားမတတ်တဲ့မိဘ စိတ်ထားတတ်အောင် , ကုသိုလ် နည်းပါးတဲ့ မိဘ ကုသိုလ် တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။ တကယ်တော့လည်း ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ . . . သူက မိဘဖြစ်လိုက် , ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့ ဘယ်သူ့ကျေးဇူးကို ဘယ်သူက ကျေအောင် ဆပ်ပြီးပြီ ဆိုတာ ပုထုဇဉ်လောကမှာ လုံးဝ မရှိနိုင်ဘူး။ ဒါကြောင့် ကျေးဇူးကျေတာ , မကျေတာကို အဓိက မထားဘဲ " ကျေးဇူးဆပ်နေဖို့ အဓိက" လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ မိဘကို အမြဲ ကျေးဇူး ဆပ်နေဖို့ပဲ အရေးကြီးပါတယ်။ မိဘကို ရုပ်ပိုင်းဆိုင်ရာရော , စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်း , သမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်းခြင်း လက်ဆောင်တွေ " ဝင်လာမစဲ တသဲသဲ " ဆိုသလို အလုံးအရင်းနဲ့ ဝင်လာမှာကတော့ သေချာပေါက်ပါပဲ . . .။ ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) {ပဋ္ဌာန်းပူဇော်ကြသူများ} . . https://ift.tt/30yjhw5 https://ift.tt/2vV1p2i ════════════════ မိဘကြေးဇူး အကြဆေပျနညျး ════════════════ . . မိဘကြေးဇူးဆပျခွငျးနဲ့ ပတျသကျတဲ့ ဘုရား အဆုံးအမကို ပွောကွပွီဆိုရငျ " မိဘကြေးဇူးကို ဘယျလိုမှ ကြအေောငျ မဆပျနိုငျဘူး" လို့ လူအမြား ပွောလေ့ရှိကွတယျ။ အမှနျက " ကြအေောငျ မဆပျနိုငျဘူး "လို့ ဟောထားတာ မဟုတျပါဘူး။ -ကြအေောငျ ဆပျဖို့ မလှယျဘူး။ -လှယျလှယျဆပျရုံနဲ့ ကြေးဇူးမကြနေိုငျဘူး။ -သာမနျဆပျရုံနဲ့ ကြေးဇူးမကြနေိငျဘူး။ -အထူးဆပျမှ ကြေးဇူးကြနေိုငျတယျ . . လို့ ဆိုလိုပါတယျ။ မွတျစှာဘုရားရှငျရဲ့ ဟောကွားခကြျမူရငျးကို နားထောငျကွည့ျပါ။ ခစြျသား, ခစြျသမီးတို့ . . . ပုဂ်ဂိုလျနှဈယောကျရဲ့ ကြေးဇူးကို အလှယျတကူ ဆပျရုံနဲ့ မကြနေိုငျဘူး။ ကြအေောငျ ဆပျဖို့ မလှယျဘူးလို့ ငါဘုရား ပွောခငြျတယျ။ ပုဂ်ဂိုလျ နှဈယောကျ ဆိုတာ မှေးမိခငျနဲ့ မှေးဖခငျ အရငျးအခြာကို ပွောတာပါ။ ခစြျသား, ခစြျသမီးတို့ . . . "အမကေို လကျယာပခုံးမှာတငျ , အဖကေို လကျဝဲ ပခုံးမှာ တငျပွီး ရာသကျပနျ လုပျကြှေး ပွုစုတယျ။ မိဘနှဈပါးကို . . . -မှှေးပြံ့နအေောငျ နံ့သာမြိုးစုံနဲ့ လိမျးကြံပေးတယျ။ -အညောငျးပွအေောငျ ခွလေကျတှကေို ဆုပျနှယျပေးတယျ။ -အေးတဲ့အခါ ရနှေေး , ပူတဲ့အခါ ရအေေးနဲ့ရခြေိုး သနျ့စငျပေးတယျ။ -ပုခုံးထကျမှာ ကငြျကွီးကငြျငယျ စှနျ့စတေယျ။ အဲလောကျ ပွုစုလုပျကြှေးပမေယ့ျ မိဘကြေးဇူး အကြဆေပျပွီးသား မဖွဈသေးဘူး။ ခစြျသား, ခစြျသမီးတို့ . . . စကားအကုနျပွောရမယျဆိုရငျ စငျ်ကွဝတေးမငျး ရာထူးမှာ ထားပွီး ကြေးဇူးဆပျဦးတော့ မိဘကြေးဇူးကို ကြအေောငျ ဆပျရာ မရောကျသေးဘူး။ ခစြျသား , ခစြျသမီးတို့ . . . ဒီလောကျကြေးဇူးဆပျရဲ့သားနဲ့ ဘာလို့ ကြေးဇူး မကြနေိုငျရတာလဲ ? ဆိုရငျ . . မိဘတှဟော သားသမီးတှအေပေါျ သိပျကို ကြေးဇူးမြားကွလို့ပဲ။ သားသမီးတှကေို ကွီးပွငျးရှယျရောကျ လူလားမွောကျအောငျ ဂရုတစိုကျ စောင့ျရှောကျကွလို့။ နို့ခြိုတိုကျကြှေး မှေးမွူကွလို့။ ဒီလောကကွီးရဲ့ အာရုံကောငျးဆိုး အမြိုးမြိုးကို သိမွငျအောငျ သခြောပွသလို့ပါပဲ။ ခစြျသား , ခစြျသမီးတို့ . . . . မိဘကြေးဇူး အကြဆေပျနိုငျတဲ နညျးလမျးတှကေို ငါဘုရား ညှှနျပွပါရစေ။ -သဒ်ဓါတရား မရှိတဲ့မိဘကို သဒ်ဓါတရားနဲ့ ပွည့ျစုံအောငျ။ -သီလမရှိတဲ့ မိဘကို သီလနဲ့ ပွည့ျစုံအောငျ။ -မပေးရကျ , မလှူရကျ နမွောဝနျတိုတဲ့မိဘကို စှနျ့ကွဲပေးကမျး လှူဒါနျးခွငျးနဲ့ ပွည့ျစုံအောငျ။ -ပညာဉာဏျ မရှိတဲ့ မိဘကို ပညာဉာဏျနဲ့ ပွည့ျစုံအောငျ .. . . ကောငျးစှာ နာယူ ဆောကျတညျစမေယျ။ လေးလေးနကျနကျ သကျဝငျစမေယျ။ ခိုငျခိုငျခံ့ခံ့ တညျတံ့မွဲမွံစမေယျ ဆိုရငျ မိဘကြေးဇူးကို အကြေ ဆပျပွီးသား ဖွဈသှားပါတယျ။ ဒါဟာ ဘုရားဟော မူရငျး ပါပဲ။ -------------------------------------------------- မိဘကြေးဇူးဆပျတဲ့နရောမှာ လောကနညျးနဲ့ ဆပျခွငျး။ ဓမ်မနညျးနဲ့ ဆပျခွငျးလို့ နှဈမြိုး ရှိပါတယျ။ မိဘအတှကျ အစားအသောကျ , အဝတျအထညျ , နအေိမျတိုကျတာ , ကားရထား စတဲ့ လူမှု အသုံးအဆောငျ ပစ်စညျးတှေ ပွည့ျစုံအောငျ စီမံဖနျတီးပေးတာကို လောကနညျးနဲ့ ကြေးဇူး ဆပျတယျလို့ ခေါျပါတယျ။ စိတျထားမတတျတဲ့မိဘ စိတျထားတတျအောငျ , ကုသိုလျ နညျးပါးတဲ့ မိဘ ကုသိုလျ တိုးပှားအောငျ ကူညီပံ့ပိုးပေးတာကို ဓမ်မနညျးနဲ့ ကြေးဇူး ဆပျတယျလို့ ခေါျပါတယျ။ တကယျတော့လညျး ရှညျလြားလှနျးလှတဲ့ အစမထငျ သံသရာမှာ . . . သူက မိဘဖွဈလိုကျ , ကိုယျက မိဘဖွဈလိုကျနဲ့ အပွနျပွနျ အလှနျလှနျ ကငြျလညျနကွေရတာမို့ ဘယျသူ့ကြေးဇူးကို ဘယျသူက ကြအေောငျ ဆပျပွီးပွီ ဆိုတာ ပုထုဇဉျလောကမှာ လုံးဝ မရှိနိုငျဘူး။ ဒါကွောင့ျ ကြေးဇူးကြတော , မကြတောကို အဓိက မထားဘဲ " ကြေးဇူးဆပျနဖေို့ အဓိက" လို့ နှလုံးသှငျးပွီး လောကနညျးနဲ့ရော ဓမ်မနညျးနဲ့ပါ မိဘကို အမွဲ ကြေးဇူး ဆပျနဖေို့ပဲ အရေးကွီးပါတယျ။ မိဘကို ရုပျပိုငျးဆိုငျရာရော , စိတျပိုငျးဆိုငျရာပါ အဆင့ျအတနျးမွင့ျအောငျ ကြေးဇူးဆပျနတေဲ့ သားကောငျး , သမီးကောငျးရဲ့ ထံမှောကျကို ကံကောငျးခွငျး လကျဆောငျတှေ " ဝငျလာမစဲ တသဲသဲ " ဆိုသလို အလုံးအရငျးနဲ့ ဝငျလာမှာကတော့ သခြောပေါကျပါပဲ . . .။ ဆရာတောျ အရှငျဆန်ဒာဓိက ( ရှှပေါရမီတောရ ) {ပဋ်ဌာနျးပူဇောျကွသူမြား} . . https://ift.tt/30yjhw5 https://ift.tt/2vV1p2i
via အလင်းရောင် ဓမ္မ https://ift.tt/2JRNRuY
Newer Post
Older Post
Home