Saturday, November 9, 2019

“ကထိန်စစ်စစ် ဖြစ်ရဲ့လား” ••••••••••••••••••••••• အရှင်ဘုရား .... ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့ ကထိန် ခင်းကောင်းပါသလား။ကထိန်ခင်းခဲ့ရင်ရော ကထိန် အထမြောက်ပါသလား။ (မသင်းမဒီ၊ ပြည်မြို့။) ဒကာမလေး မသင်းမဒီ ... “ကထိန်ခင်းတယ်”လို့ ပြောလိုက်ရင် ကထိန်ခင်းတဲ့အလုပ်ကို လူ၀တ်ကြောင် ဒကာ၊ဒကာမတွေက လုပ်ကြတယ်လို့ လူအများက ထင်နေကြပါတယ်။ တကယ်တော့ ကထိန်းခင်းတဲ့အလုပ်ဟာ လူ၀တ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ရဟန်းတော်တွေရဲ့ အလုပ်ပါ။ ရဟန်းတော်တွေကပဲ ကထိန်ခင်းကြတာပါ။ ဒါပေမယ့် ရဟန်းတော်တွေ ကထိန်ခင်းမယ့် သင်္ကန်းကို အများအားဖြင့် လူ၀တ်ကြောင် ဒကာ၊ဒကာမတွေကပဲ လှူဒါန်းကြပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းလှူဒါန်းတာကိုပဲ ကထိန်ခင်းတယ်လို့ တင်စားပြီးပြောကြရင်းက ကထိန်သင်္ကန်းလှူတဲ့သူတွေကို ကထိန်ခင်းတဲ့သူတွေလို့ ခေါ်ဝေါ်နေကြတာပါ။ အမှန်က လူ၀တ်ကြောင် ဒကာ၊ဒကာမတွေဟာ ကထိန်ခင်းတဲ့သူတွေ မဟုတ်ပါဘူး။ ကထိန်သင်္ကန်းလှူတဲ့သူတွေပါ။ ကထိန်သင်္ကန်းကို လူ၀တ်ကြောင် ဒကာ၊ဒကာမတွေပဲ လှူခွင့်ရှိတာ မဟုတ်ပါဘူး။ ●ရဟန်းသာမဏေတွေလည်း လှူခွင့်ရှိပါတယ်။ ●သီလရှင်တွေလည်း လှူခွင့်ရှိပါတယ်။ ●လူသားတွေတွင် လှူခွင့်ရှိတာ မဟုတ်ပါဘူး။ ●နတ်တွေလည်း လှူခွင့်ရှိပါတယ်။ ●ဗြဟ္မာတွေလည်း လှူခွင့်ရှိပါတယ်။ ●နဂါးဂဠုန်တွေလည်း လှူခွင့်ရှိပါတယ်။ ကျမ်းဂန်မှာ ကထိန်သင်္ကန်း လှူခွင့်ရှိသူကို “လူရယ်၊ နတ်ရယ်၊ သီတင်းသုံးဖေါ်(၅)ဦးရယ်”လို့ ပုဂ္ဂိုလ်(၇)မျိုး တိုက်ရိုက်ပြထားပါတယ်။ သီတင်းသုံးဖေါ်(၅)ဦးဆိုတာ “ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေနဲ့ သိက္ခမာန်”တို့ပါပဲ။ သိက္ခမာန်ဆိုတာ ဘိက္ခုနီမ(ရဟန်းမ) မ၀တ်မီ သိက္ခာပုဒ်(၆)ပါးကို (၂)နှစ်တိတိ ကျင့်ရတဲ့ “သာမဏေ တစ်မျိုး” ကို ခေါ်တာပါ။ ပဓာနနည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်(၇)မျိုးထဲမှာ နဂါး၊ ဂဠုန်စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း အကျုံး၀င်ပါတယ်။ အသိဉာဏ်ရှိသူ မည်သူမဆို ကထိန်သင်္ကန်း လှူခွင့်ရှိပါတယ်။ ရဟန်းတော်တွေကို ကထိန်သင်္ကန်း လှူခွင့်ရှိသူများစာရင်းမှာ တိုက်ရိုက်ပြထားတဲ့အတွက် ရဟန်းတော် ကိုယ်တိုင် လှူတဲ့သင်္ကန်းနဲ့ ကထိန် ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန် အထမြောက်ပါတယ်။ ဒါပေမဲ့ . . . ရဟန်းတော်ကိုယ်တိုင် “အလှူခံတဲ့ သင်္ကန်း” နဲ့တော့ ကထိန်မခင်းကောင်းပါဘူး။ ကထိန်ခင်းခဲ့ရင်လည်း ကထိန်အထ မမြောက်ပါဘူး။ ကထိန်တစ်ခု အထမြောက်ဖို့အတွက် ကထိန်သင်္ကန်း လှူတဲ့သူ ဘယ်သူလဲဆိုတဲ့အချက်က အဓိက မကျပါဘူး။ လှူတဲ့ ကထိန်သင်္ကန်း “ဘယ်လိုသင်္ကန်းလဲ”ဆိုတဲ့ အချက်က အဓိကကျပါတယ်။ ကထိန်တစ်ခု အထမြောက်ဖို့အတွက် ... လှူတဲ့ ကထိန်သင်္ကန်းဟာ…. ●(၁) မိုးကျသင်္ကန်းလည်း ဖြစ်ရပါမယ်။ ●(၂) မသိုးသင်္ကန်းလည်း ဖြစ်ရပါမယ်။ ●(၃) သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်။ သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ သင်္ကန်းတစ်ထည်တည်းကပဲ (၁) “မိုးကျ”ဖြစ်ခြင်း၊ (၂) “မသိုး”ဖြစ်ခြင်း၊ (၃) “သံဃိက”ဖြစ်ခြင်းဆိုတဲ့ အရည်အသွေး(၃)မျိုးနဲ့ ပြည့်စုံရမယ်လို့ ဆိုလိုတာပါ။ (၁)။ကထိန်သင်္ကန်းဟာ “မိုးကျ သင်္ကန်း” ဖြစ်ရပါမယ်။ မိုးရေမိုးပေါက်တွေဟာ ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ မပါဘဲ မိုးကောင်းကင်အပေါ်ကနေ အလိုအလျောက်ကျလာသလို၊ ကထိန်သင်္ကန်းဟာလည်း ကထိန်ခင်းကျောင်းတိုက်က ရဟန်းတော်တွေထဲက ဘယ်ရဟန်းတော်ရဲ့ တိုက်တွန်း လှုံ့ဆော်မှုမှ မပါဘဲ အလှူရှင်က သူ့သဒ္ဓါတရားနဲ့သူ အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။ ကိုယ် လုံး၀မတိုက်တွန်းဘဲ သူ့အလိုအလျောက် ရတဲ့သင်္ကန်း၊ ကိုယ်လုံး၀ အလှူမခံဘဲ သူ့အလိုအလျောက် လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက်ကျလာတဲ့ အရာ၀တ္ထုနဲ့တူလို့ မိုးကျသင်္ကန်း (မိုးပေါ်ကျသင်္ကန်း) လို့ ခေါ်ပါတယ်။ရဟန်းတော်တွေဟာ “မိခင်ရင်း၊ ဖခင်ရင်း” ဆီကတောင်မှ ကထိန်သင်္ကန်း အလှူမခံ ကောင်းပါဘူး။ ရဟန်းတော်ကိုယ်တိုင် မိခင်ရင်း၊ဖခင်ရင်းဆီက အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း ကထိန် အထမမြောက်ပါဘူး။ ရဟန်းတော်က မိဘကျေးဇူး အထူးဆပ်ချင်လို့ဆိုပြီး ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မိဘနှစ်ပါးရစေချင်တဲ့ စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝုိက်တဲ့နည်းနဲ့ဖြစ်ဖြစ် ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းပေမယ့် ကထိန်အထမမြောက်တော့တဲ့အတွက် မိဘကျေးဇူးလည်း အထူးဆပ်ရာမရောက်တော့ပါဘူး။ မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မရတော့ပါဘူး။ ကိုယ်ဝါဆို တဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက် အလှူမခံကောင်းဘူးလို့ပြောတာပါ။ တခြားကျောင်းတိုက်ရဲ့ ကထိန်အတွက်တော့ လှူဖို့ တိုက်တွန်းကောင်းပါတယ်။ တိုက်တွန်းလို့ရပါတယ်။ လိုအပ်ရင် တိုက်တွန်းရမှာပါပဲ။ ကထိန်သင်္ကန်း လှူခွင့်ရှိသူတွေထဲမှာ ရဟန်းတော်တွေလည်း ပါတဲ့အတွက် ရဟန်းတစ်ပါးပါးက ဦးစီးဦးဆောင်ပြုပြီး ၊ တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက် တစ်ခုခုမှာ ကထိန်သွားခင်းတာကတော့ ရပါတယ်။ ဒါပေမဲ့ ကထိန်ခင်းမယ့်ကျောင်းတိုက်က ရဟန်းတော်တွေ ကိုယ်တိုင်ကတော့ ကိုယ့်ကျောင်းကထိန်အတွက် ဘယ်သူ့ကိုမှ ကထိန်သင်္ကန်းလှူဖို့ မတိုက်တွန်းကောင်းပါဘူး။ “ဒီနှစ် ကထိန် ဘယ်ရက်လဲ”၊“ဒီနှစ်လည်း ဘုံကထိန်ပဲလား” “ဒီနှစ် ဉတ်သင်္ကန်း လှူဖို့ ပြောထားတဲ့သူမရှိသေးဘူး” “ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော် . . .” စသည် စသည်အားဖြင့် …ဘယ်လို အရိပ်နိမိတ်မျိုး ပြပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ်စကားမျိုး ပြောပြီးတော့ပဲဖြစ်ဖြစ်၊ ကထိန်ခံ ရဟန်းတော်တွေ ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံကောင်းပါဘူး။ ကထိန်ခင်းမယ့် ဒကာဒကာမတွေဘက်က ကထိန်နဲ့ပတ်သက်လို့ ဘာစကားမှမစ,ရသေးဘဲနဲ့ ကျောင်းတိုက်ရဟန်းတော်ထဲက တစ်ပါးပါးက ကထိန်အကြောင်းမစမိအောင် အထူးသတိပြုရပါမယ်။ ဒကာဒကာမတွေက ဘာမှမလျှောက်ရသေးဘဲနဲ့ “ဒီနှစ်ကထိန်ဘယ်ရက်လဲ” လို့ ကိုယ့်ဘက်ကစမမေးသင့်သလို၊ “ဒီနှစ်တော့ ဒီရက်မှာကထိန်ခင်းရင် အဆင်ပြေမယ်”ထင်တယ်လို့ ကိုယ်က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံး၀ မပြုလုပ်သင့်ပါဘူး။ ကထိန်သင်္ကန်းဟာ “ အတိဥက္ကဋ္ဌ = အလွန် မြင့်မြတ်တဲ့သင်္ကန်း” ဖြစ်ရမယ်တဲ့...။ “အလွန်မြင့်မြတ်တဲ့ သင်္ကန်း”ဆိုတာ တောင်းရမ်းမှု၊ တိုက်တွန်းမှုမပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းကို ပြောတာပါ။ တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်းဆိုတဲ့ အပြစ်လုံး၀ကင်းပြီး၊ အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို “မိုးကျသင်္ကန်း”လို့ ခေါ်ပါတယ်။ ကိုယ့်ကျောင်းကို ဘယ်နေ့၊ဘယ်ရက်မှာ ဘယ်သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝြကိုမသိဘဲ ကြိုတင် အသိပေးမထားဘဲ ၊လာလှူတဲ့သင်္ကန်း၊ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတဲ့ သင်္ကန်းဟာ “မိုးကျသင်္ကန်း” အစစ်ဆုံးပါပဲ။ “မတောင်းဘဲရမှ အတိဥက္ကဋ္ဌ (အလွန်မြင့်မြတ်တယ်)” ဆိုတာကိုကြည့်ပြီး ... ဘယ်ပစ္စည်း လာဘ်လာဘမဆို ၊ ဘယ်ရာထူးဋ္ဌာနန္တရမဆို ကိုယ်ကမတောင်းရဘဲ အလိုအလျောက်ရမှ ပိုတန်ဖိုးရှိတယ်။ ပိုသန့်ရှင်းစင်ကြယ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ “မရှာဘဲတွေ့မှအချစ်၊ မရှာဘဲရမှ ဘုန်းကံ”ဆိုတဲ့ သဘောပါပဲ။ (၂) ကထိန်သင်္ကန်းဟာ “မသိုးသင်္ကန်း”ဖြစ်ရပါမယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းကောင်း၊ ဟင်းကောင်း (မသိုးထမင်း၊ မသိုးဟင်း) ဆိုတာ ချက်ပြီး တစ်ရက်မှ မကူးသေးတဲ့၊ ဒီနေ့မှ ချက်ထားတဲ့ ထမင်းဟင်းဖြစ်ရသလို ကထိန်သင်္ကန်းဟာလည်း လှူပြီး တစ်ရက်မှ မကူးသေးတဲ့၊ ဒီနေ့ လှူထားတဲ့ သင်္ကန်းဖြစ်ရပါမယ်။ ချက်ပြီး တစ်ရက်ကျော်သွားတဲ့ ထမင်းဟင်း၊ နေ့ကူးသွားတဲ့ ထမင်းဟင်းကို တကယ်သိုးသိုး မသိုးသိုး ထမင်းသိုး၊ ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။ အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့ ချက်ချင်း သိုးမသွားသေးလည်း နာမည်ကတော့ “ထမင်းသိုး၊ ဟင်းသိုး” ပါပဲ။ လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊ နေ့ကူးသွားတဲ့ သင်္ကန်းကို “သင်္ကန်းသိုး”လို့ ခေါ်ပါတယ်။ အဲဒီလို သင်္ကန်းသိုးနဲ့ လုံး၀ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်ခင်းလည်း ကထိန် အထမမြောက်ပါဘူး။ (တစ်ရက်မက ကျော်သွားရင်တော့ အထူး ပြောစရာတောင် မလိုတော့ပါဘူး။) လှူပြီးတစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊ နေ့မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့သင်္ကန်းကို “မသိုးသင်္ကန်း”လို့ ခေါ်ပါတယ်။ မသိုးသင်္ကန်းနဲ့ခင်းမှ ကထိန်အထမြောက်ပါတယ်။ ရဟန်းတော်တွေဟာ ကထိန်သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ ကထိန်ခင်းရပါတယ်။ အလုပ်မအားလို့၊ အဆင်မပြေသေးလို့ ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်း အလှူခံပြီးတဲ့နေ့ရဲ့ နောက်တစ်နေ့ အရုဏ်မတက်ခင်မှာပဲ ကထိန်ခင်းခြင်းကိစ္စ ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။ ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်း ကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နောက်တစ်နေ့ အရုဏ်မတက်မချင်း ဘယ်အချိန်မှာမဆို ကထိန်ခင်းလို့ရပါတယ်။ ■“ကထိန်သင်္ကန်းဟာ နေ့မကူးတဲ့ မသိုးသင်္ကန်းဖြစ်ရမယ်” ဆိုတာကိုကြည့်ပြီး တချို့က ကထိန်ရက်မတိုင်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာ သွားမထားကောင်းဘူးလို့ ယူဆနေကြပါတယ်။ လမ်းခရီး ကြုံနေရင်တောင်မှ ကထိန်သင်္ကန်းကိုင်လျက်တန်းလန်းကြီးနဲ့ ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူးလို့တောင် ထင်နေကြပါတယ်။ မဟုတ်ပါဘူး။ ■ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ၊ ကထိန်ရက်မတိုင်ခင် ကျောင်းမှာ သွားထားလို့ရပါတယ်။ ■ဒါပေမယ့် ကထိန်သင်္ကန်းအဖြစ် နဲ့တော့ အပြီးလှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာ သွားထားရုံပဲ ထားပြီး မလှူသေးရင် သင်္ကန်းတွေကို သံဃာက မပိုင်သေးပါဘူး။အလှူရှင်တွေကပဲ ပိုင်ပါတယ်။ ■ကထိန်သင်္ကန်းအဖြစ်နဲ့ အပြီးအပိုင် နှုတ်မြွက်ပြီး လှူပစ်ခဲ့ရင် တကယ်ကထိန်ခင်းမယ့်ရက်အထိ စောင့်နေလို့မရတော့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်ခင်းလိုက်ရပါမယ်။ နေ့ကူးသွားရင် “သင်္ကန်သိုး” ဖြစ်သွားတဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။ အဲဒီကျောင်းတိုက် အဲဒီနှစ် အတွက် ပြီးပါပြီ။ ကထိန်ခင်းလို့ လုံး၀မရတော့ပါဘူး။ တနှစ်မှာတစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်ပဲ ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့ နောက်ထပ်လည်း ကထိန်သင်္ကန်း အလှူခံလို့မရတော့ပါဘူး။ တချို့က ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး ကထိန်မတိုင်ခင် ရက်ခပ်စောစောကတည်းက ကထိန်သင်္ကန်းကို ကြိုလှူထားချင်ကြပါတယ်။ အဲဒီလို ကြိုလှူထားလို့ မရပါဘူး။ သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း ကြိုအလှူခံထားလို့ လုံး၀မရပါဘူး။ ကြိုလှူထားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင် အဲဒီကထိန်ဟာ “ကထိန်အတု၊ ကထိန်အင်” ပဲ ဖြစ်ပါလိမ့်မယ်။ တချို့က အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်း လှူတဲ့ “ကျီးမနိုးကထိန်”က ပိုမြတ်တယ်လို့ ယူဆပြီး ၊အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါတယ်။ အရုဏ်မတက်ခင် ကထိန်သင်္ကန်းလှူလိုက်ရင် အရုဏ်မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။ အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင် သင်္ကန်းသိုးသွားလို့ ကထိန်အထမမြောက်ပါဘူး။ အရုဏ်တက်တာနဲ့ တစ်ပြိုင်နက် နောက်တစ်ရက် ကူးသွားပါပြီ၊ အရုဏ်အမီ ကထိန်ခင်းဖို့ အချိန်မလုံလောက်တဲ့အတွက် အဲဒီလို လှူတာမျိုး လုံး၀ ရှောင်ကြဉ်သင့်ပါတယ်။ (၃) ကထိန်သင်္ကန်းဟာ “သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။ ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့ အဲဒီရဟန်းတစ်ပါးတည်းကပဲ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ သံဃာအားလုံးကို လှူဒါန်းထားလို့ သံဃာအားလုံး ပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။ သံဃာအများပိုင်ဆိုင်တဲ့ “သံဃိကသင်္ကန်း” နဲ့ပဲ ကထိန်ခင်းခွင့်ရှိပါတယ်။မိမိကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးပါး၊ ဆရာတော် တစ်ပါးပါးကို ဒီဆရာတော်ကြီး ငါကြည်ညိုလို့ ကထိန်သင်္ကန်း လှူလိုက်ဦးမယ် ဆိုပြီးတော့ “ဆရာတော်ကို တပည့်တော် ကထိန်သင်္ကန်း လှူပါတယ်ဘုရား”၊ “ဘုန်းကြီးကို ကထိန်သင်္ကန်းလှူပါတယ် ဘုရား”လို့ မိမိကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိကအနေနဲ့ ကထိန်သင်္ကန်း လှူဒါန်းခွင့် မရှိပါဘူး။ တချို့က ကထိန်ရာသီမှာ လှူတဲ့ သင်္ကန်းမှန်သမျှ ကထိန်သင်္ကန်းပဲ ထင်ပြီး “အရှင်ဘုရားအတွက် ကထိန်သင်္ကန်းပါဘုရား”ဆိုပြီး လာလာလှူလေ့ရှိပါတယ်။ အဲဒီလို လှူလို့ လုံး၀မရပါဘူး။ ရဟန်းတစ်ပါးချင်းကို “ကထိန်သင်္ကန်း”ဆိုပြီး လုံး၀လှူလို့မရပါဘူး။ အဲဒီလို ရဟန်းတစ်ပါးပါးကို လှူတဲ့ သင်္ကန်းကိုလည်း ကထိန်ရာသီမှာ လှူပေမယ့် “ကထိန်သင်္ကန်း” လို့ မခေါ်ပါဘူး။ပုဂ္ဂိုလ်တစ်ပါးပါးကို လှူဒါန်းလိုက်တဲ့ အဲဒီ သင်္ကန်းနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ခင်းလည်းပဲ ကထိန်မအောင်မြင်ပါဘူး။ သံဃာကို လှူဒါန်းတဲ့ သင်္ကန်းနဲ့သာလျှင် ကထိန် ခင်းခွင့်ရှိပါတယ်။ကထိန် အောင်မြင်ထမြောက်နိုင်ပါတယ်။ “လှူဒါန်းနည်းက နှစ်မျိုး” ~~~~~~~~~~~~~~~ ကထိန်သင်္ကန်း “လှူဒါန်းနည်းက နှစ်မျိုး”ရှိပါတယ်။ (၁)။ကထိန်ခင်းမယ့်ကျောင်းမှာ သွားလှူတဲ့နည်း နဲ့ (၂)။ကိုယ့်အိမ်၊ ကိုယ်ဋ္ဌာန၊ တစ်နေရာရာမှာ ပင့်လှူတဲ့နည်းတို့ပါပဲ။ ကထိန်ခင်းမယ့်ကျောင်းမှာသွားလှူရင်တော့ “ဤကထိန်သင်္ကန်းကို သံဃာအား လှူပါ၏။”လို့ ဆိုပြီး လှူလိုက်ရုံနဲ့ လုံလောက်ပါတယ်။ သံဃာအား လှူတယ်ဆိုပေမယ့် ကထိန်ခင်းမယ့် ကျောင်းမှာရှိတဲ့ သံဃာနဲ့ပဲ သက်ဆိုင်ပါတယ်။ ●ကိုယ့်နေရာ၊ ကိုယ့်ဋ္ဌာနကို ပင့်ပြီးလှူမယ်ဆိုရင်တော့ “ဘယ်ကျောင်းတိုက်မှာ ကထိန်ခင်းဖို့အတွက် သံဃာအားလှူပါ၏” လို့ ကထိန်ခင်းမယ့် “ကျောင်းတိုက်နာမည်”ကို တရား၀င် ထည့်ဆိုပြီး လှူရပါတယ်။ ဒါမှ ကိုယ်ရည်စူးတဲ့ ကျောင်းတိုက် သံဃာက ကထိန်ခင်းခွင့် ရမှာပါ။ ကျောင်းတိုက်နာမည်ထည့်မဆိုဘဲ ၊ “သံဃာအားလှူပါ၏” လို့ ရိုးရိုးလေးဆိုပြီး လှူလိုက်ရင် အခမ်းအနားကို ကြွလာတဲ့ “ဆယ့်နှစ်တောင်ပတ်လည်အတွင်း”က ပင့်သံဃာအားလုံးနဲ့ သက်ဆိုင်သွားတဲ့အတွက် ရည်စူးရာကျောင်းတိုက်မှာ ကထိန်ခင်းခွင့် မရှိတော့ပါဘူး။ ●ရဟန်းတစ်ပါးတည်းကို ပင့်ပြီး “သံဃာအားလှူပါ၏”လို့ ဆိုလှူလိုက်ရင်လည်း အဲဒီရဟန်းက အဲဒီသင်္ကန်းကိုယူပြီး တခြားကျောင်းတိုက်တစ်ခုကို ၀င်လိုက်မိတာနဲ့ တစ်ပြိုင်နက်တည်း ၀င်မိတဲ့ ကျောင်းတိုက်သံဃာက အဲဒီသင်္ကန်းကို ပိုင်ဆိုင်သွားပြန်လို့ ရည်စူးရာ ကျောင်းတိုက်မှာ ကထိန်ခင်းမရတော့ပါဘူး။ ဒါကြောင့် ကိုယ့်နေရာ၊ ကိုယ်ဠာန ပင့်လှူသူတိုင်း ကထိန်ခင်းလိုတဲ့ “ကျောင်းတိုက်နာမည်”ကို တရား၀င် ထည့်ဆိုပြီးမှ လှူသင့်ပါတယ်။ ●ကထိန်ခင်းမယ့်ကျောင်းတိုက်မှာ သွားလှူတဲ့အခါ “သံဃာအား”လို့ ထည့်မဆိုပဲ “ဤကထိန်သင်္ကန်းကို လှူပါ၏” လို့ ရိုးရိုးပဲ ဆိုလိုက်ရင်လည်း အဲဒီကထိန်သင်္ကန်းဟာ ကျောင်းတိုက်မှာရှိတဲ့ သံဃာအားလုံး ပိုင်ဆိုင်တဲ့သင်္ကန်း (သံဃိကသင်္ကန်း) ဖြစ်သွားပါတယ်။ “သံဃာအား”လို့ ထည့်ဆိုလိုက်တော့လည်း ပိုပြည့်စုံသွားတာပေါ့။ ရဟန်းတစ်ပါးတည်း ဝါဆိုတဲ့ကျောင်းတိုက်မှာ “သံဃာအား လှူပါ၏”လို့ ရွတ်ဆိုလျှောက်ထားပြီး လှူတဲ့ကထိန်သင်္ကန်းဟာ “သံဃာအား”လို့ပါတဲ့အတွက် အရပ်လေးမျက်နှာမှာ ရှိရှိသမျှ သံဃာအားလုံးနဲ့ သက်ဆိုင်ပေမယ့် ကျောင်းတိုက်မှာ ဝါဆိုတဲ့ ရဟန်းတစ်ပါးကပဲ ပိုင်ဆိုင်ပါတယ်။ တစ်ပါးထက်ပိုများတဲ့ ရဟန်းတော်တွေ ဝါဆိုတဲ့ ကျောင်းတိုက်တွေမှာလည်း နည်းတူပါပဲ။ “သံဃာအား လှူပါ၏”ဆိုတဲ့ သင်္ကန်းမှန်သမျှ အရပ်လေးမျက်နှာ သံဃာ(စာတုဒ္ဒိသံဃာ)နဲ့ သက်ဆိုင်ရုံပဲ သက်ဆိုင်ပါတယ်။ ပိုင်တဲ့အခါမှာတော့ ကျောင်းတိုက်သံဃာ (အာရာမသံဃာ)ကပဲ ပိုင်ပါတယ်။ ကျောင်းတိုက်ပြင်ပက သံဃာဟာ ဆိုင်သာဆိုင် ၊ မပိုင်တဲ့သံဃာပါ။ ကိုယ်လှူတဲ့သင်္ကန်းကို သံဃာတော်တွေ ဘယ်လိုပဲဆိုင်ဆိုင်၊ဘယ်လိုပဲပိုင်ပိုင် ကိုယ်ကတော့ သံဃာအားလုံးကို ရည်မှန်းပြီး လှူဒါန်းရမှာပါပဲ။“အရပ်လေးမျက်နှာမှာ ရှိရှိသမျှ သံဃာအားလုံး ၊သာသနာတော်မှာ ရှိခဲ့ပြီး၊ ရှိနေဆဲ၊ ရှိလတ္တံ့ သံဃာအားလုံးကို လှူဒါန်းပါတယ်”လို့ အာရုံပြုပြီး “သံဃဿ ဒေမ = သံဃာအား လှူပါ၏”လို့ ရွတ်ဆိုလှူဒါန်းလိုက်ရင် ကိုယ်လှူလိုက်တဲ့သင်္ကန်းဟာ “တစ်သာသနာလုံး၊ တစ်လောကလုံးမှာရှိတဲ့ ပုထုဇဉ်သံဃာ၊ အရိယာသံဃာ သံဃာအားလုံးနဲ့ သက်ဆိုင်တဲ့ သံဃိကသင်္ကန်း” ဖြစ်သွားပါတယ်။ အများပိုင်သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။ တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ဒါပေမယ့် တကယ် ကထိန်ခင်းတဲ့ အချိန်မှာတော့ “အများပိုင် သံဃိကသင်္ကန်း”ကို “တစ်ပါးပိုင် ပုဂ္ဂလိက သင်္ကန်း” ဖြစ်အောင်ပြန်လုပ်လိုက်ရပါတယ်။ သံဃာက ကထိန်ခင်းလို့ မရပါဘူး။ ပုဂ္ဂိုလ်ကပဲ ကထိန်ခင်းလို့ ရပါတယ်။ သံဃာက ကထိန်သင်္ကန်းပေးရုံပဲ ပေးနိုင်ပါတယ်။ သိမ်ထဲမှာ သံဃာတော်တွေစုဝေးပြီး ကထိန်ခင်းထိုက်တဲ့ ရဟန်းတစ်ပါးကို ဉတ်ကမ္မဝါနဲ့ ကထိန်သင်္ကန်းပေးလိုက်ရပါတယ်။ ကထိန်သင်္ကန်းကို ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်သွားတဲ့ အဲဒီ ရဟန်းကမှ ကထိန်ခင်းရတာပါ။ ကထိန်သင်္ကန်းကို သိမ်ထဲမှာပဲ ပေးရပေမယ့် ကထိန်ကိုတော့ သိမ်ထဲမှာပဲဖြစ်ဖြစ်၊ သိမ်အပြင်မှာပဲဖြစ်ဖြစ် ခင်းလို့ရပါတယ်။ ရဟန်းတစ်ပါးခင်းတဲ့ ကထိန်ကို သံဃာက ၀မ်းမြောက်၀မ်းသာ အနုမောဒနာ ပြုလိုက်ရင် သံဃာကလည်း ကထိန်ခင်းပြီးသား ဖြစ်သွားတာပါပဲ။ ကထိန်ခင်းခြင်းဆိုတဲ့ ဝိနည်းကံဟာ သံဃာ့ကံမဟုတ်၊ ပုဂ္ဂလကံဆိုပေမယ့် သံဃာကပဲ ကထိန်သင်္ကန်းပေးရ၊ ကထိန်ခင်းပြီးရင်လည်း သံဃာအားလုံးက အနုမောဒနာပြုတဲ့ သံဃာမှာလည်း ကထိန်အာနိသင်ရတဲ့အတွက် သံဃာ့ကိစ္စ၊ သံဃာ့အလုပ်လို့ ဆိုနိုင်ပါတယ်။ “သံဃိကသင်္ကန်း”ကို “ပုဂ္ဂလိကသင်္ကန်း”အဖြစ် ကထိန်ခင်းမယ့် ရဟန်းကိုပေးတာက သံဃာတော်တွေရဲ့ အပိုင်းဖြစ်ပါတယ်။ ကထိန်အလှူရှင်တွေရဲ့အပိုင်းကတော့ “သံဃိက သင်္ကန်း”အဖြစ်ပဲ လှူဒါန်းရမှာပါ။ ကထိန်ခင်းတဲ့အချိန် ပုဂ္ဂလိကသင်္ကန်း လုပ်မယ့် အတူတူဆိုပြီး နဂိုကတည်းက ပုဂ္ဂလိကသင်္ကန်းအဖြစ် မလှူဒါန်းရပါဘူး။ လှူဒါန်းခဲ့ရင် ပုဂ္ဂလိကသင်္ကန်းကို သံဃာက ကထိန်ခင်းမယ့်ရဟန်းကို ပေးလို့ မရတော့တဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။ သံဃိကသင်္ကန်းကိုပဲ သံဃာက ကထိန်ခင်းမယ့် ရဟန်းကို ပေးလို့ရပါတယ်။ ►ဒါကြောင့် ကထိန်အလှူရှင်တွေအနေနဲ့ မိမိတို့ ကြည်ညိုတဲ့ ဆရာတော်တစ်ပါးပါး၊ ရဟန်းတစ်ပါးပါးကို ကထိန် သင်္ကန်း ရစေချင်တဲ့စိတ်လုံး၀မထားဘဲ ၊ “ဒီကထိန်သင်္ကန်းဟာ သံဃာ အားလုံးအတွက်”လို့ပဲ ရည်မှန်းပြီး သံဃာပိုင် သံဃိကစစ်စစ်ဖြစ်အောင် လှူဒါန်းကြရပါမယ်။ ►အနှစ်ချုပ်ပြီး ပြန်ပြောရရင် ... ကထိန်တစ်ခု အထမြောက်ဖို့အတွက် (သို့မဟုတ်) ကထိန် စစ်စစ်ဖြစ်ဖို့အတွက် ကထိန်သင်္ကန်းဟာ ... ■(၁) “မိုးကျသင်္ကန်း” ဖြစ်ရပါမယ်။ ရဟန်းတော်တွေ ကိုယ်တိုင် ဘယ်သူ့ဆီကမှ အလှူခံမထားတဲ့ သင်္ကန်း၊ ရဟန်းတော်တွေဘက်က ဘာအရိပ်နိမိတ်မှ မပြရ၊ ဘာပရိယာယ်စကားမှ မပြောရဘဲနဲ့ အလှူရှင်တွေဘက်က အလိုအလျောက် လာလှူထားတဲ့သင်္ကန်းနဲ့ ကထိန်ခင်းမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။ ရဟန်းတော်တွေဘက်က စ, ပြောလို့ လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။ ■(၂) “မသိုးသင်္ကန်း” ဖြစ်ရပါမယ်။ ဒီနေ့လှူတဲ့ သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းမှ ကထိန်စစ်ဖြစ်ပါတယ်။ မနေ့ကလှူတဲ့သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းရင် ဒီနေ့လှူတဲ့ သင်္ကန်းနဲ့ မနက်ဖြန်မှ ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။ ■(၃) “သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။ သံဃာအားလုံးကို ရည်မှန်းပြီး သံဃာပိုင်အဖြစ်နဲ့ လှူဒါန်းတဲ့ သံဃိကသင်္ကန်းနဲ့ ကထိန်ခင်းမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။ ကိုယ်ကြည်ညိုတဲ့ ဆရာတော်ကို ရည်မှန်းပြီး ကိုယ်ကြည်ညိုတဲ့ဆရာတော်ပဲ ရစေချင်တဲ့စိတ်နဲ့ လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။ ■နောက်တစ်ချက် ဖြည့်စွက်ရမယ်ဆိုရင်တော့ ကထိန်သင်္ကန်းဟာ “ကိုယ်ပိုင်သင်္ကန်း” ဖြစ်ရပါမယ်။ ခေတ္တခဏ ငှားယူလာတဲ့ သင်္ကန်း (“အငှား”သင်္ကန်း)နဲ့ ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။ အမှန်တကယ် ပိုင်ဆိုင်တဲ့ သင်္ကန်း(ကိုယ်ပိုင်သင်္ကန်း)နဲ့ ကထိန်သင်္ကန်း လှူတဲ့အခါမျိုးမှာ ကထိန်ခင်းတဲ့အခိုက်ကလေး ခေတ္တခဏငှားတဲ့ သဘောမျိုးမဖြစ်အောင် အထူးသတိပြုရပါမယ်။ ကထိန်ခင်းခွင့်ရှိတဲ့ ကာလကတော့ “သီတင်းကျွတ် လပြည့်ကျော်(၁)ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လ(၂၉-ရက်)” ဖြစ်ပါတယ်။ ဒီတစ်လအတွင်းမှာပဲ ကထိန်သင်္ကန်းလှူခွင့်ရှိပါတယ်။ ဒီတစ်လအတွင်းမှာ ခင်းမှလည်း “ကထိန်စစ်စစ်” ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃာက သိမ်ထဲမှာ သင်္ကန်းပေးတဲ့ကံပြုရတဲ့အတွက် ကထိန်ကံအောင်မြင်ဖို့ အနည်းဆုံး သံဃာ(၅)ပါး ရှိရပါတယ်။ကထိန်သင်္ကန်းပေးတဲ့ ကံပြုတဲ့ သံဃာက (၄)ပါး၊ ကထိန်သင်္ကန်းခံယူသူက (၁)ပါး၊ စုစုပေါင်း(၅)ပါး အနည်းဆုံးရှိမှ ကထိန်ကံ အောင်မြင်ပါတယ်။ သင်္ကန်းပေးဖို့အတွက်သာ သံဃာလိုတာပါ။ သင်္ကန်းပေးပြီးလို့ ကထိန်ခင်းတဲ့အခါမှာတော့ သံဃာ မလိုပါဘူး။ တစ်ပါးတည်းဝါဆိုတဲ့ကျောင်းမှာ တစ်ပါးတည်း ကထိန်ခင်းလည်း ရပါတယ်။ အနုမောဒနာပြုရမယ့် ရဟန်းတစ်ပါး ခေါ်ထားပြီး၊ နှစ်ပါးကထိန်ခင်းလည်း ရပါတယ်။ သင်္ကန်းပေးတဲ့ သံဃာတွေစုံနေတုန်းမို့ သံဃာနဲ့ ကထိန်ခင်းလိုက်လည်း ရတာပါပဲ။ ရဟန်းတစ်ပါးခင်းတဲ့ကထိန်ကို ဝါဆိုတူ ကျောင်းတိုက်အတွင်းက ရဟန်းတော်တွေပဲ အနုမောဒနာ ပြုစရာလိုပါတယ်။ ကိုရင်သာမဏေတွေကတော့ အနုမောဒနာ ပြုစရာမလိုပါဘူး။ ဒါပေမယ့် တစ်ကျောင်းတိုက်တည်း အတူ ဝါဆိုကြတဲ့ သီတင်းသုံးဖေါ် ဘ၀တူအချင်းချင်းဖြစ်တဲ့အတွက် ကထိန်အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)တွေကို ကိုရင်တွေကိုလည်း အညီအမျှ ခွဲဝေပေးရပါမယ်။ ကိုရင်တွေလည်း အာနိသင်သင်္ကန်း(ကထိန်ရံသင်္ကန်း) ရပိုင်ခွင့်ရှိပါတယ်။ တချို့က ကျောင်းဥပစာပရိဝုဏ်အရံအတားတူတဲ့ ကျောင်းတိုက်တစ်တိုက်တည်းမှာ နှစ်ကျောင်း၊ သုံးကျောင်း စသည်ခွဲပြီး သီခြားစီ ဝါဆိုတတ်ကြပါတယ်။ ကျောင်းတိုက်ကြီးတစ်ခုတည်းမှာ ဘယ်နှကျောင်းပဲ ခွဲဝါဆိုဆို ကထိန်ခင်းရင်တော့ တစ်ကျောင်းတိုက်လုံးပေါင်းပြီး၊ ကထိန်တစ်ခုတည်းပဲ ခင်းရပါမယ်။ ဒါမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။ ကထိန်ခင်းပြီးတဲ့ ကျောင်းတိုက်မှာ နောက်ထပ် လာလှူတဲ့ သံဃိကသင်္ကန်းတွေကို ကထိန်အာနိသင် မရတဲ့ တခြားရဟန်းတော်လည်း ဝေစု ရစေချင်တယ်ဆိုရင် ခင်းပြီးသားကထိန်ကို နုတ်လိုက်ရပါတယ်။ “ကထိန်နုတ်တယ်”ဆိုတာ ကထိန်ခင်းခြင်းအမှု၊ ကထိန်ကံကို ရုပ်သိမ်းလိုက်တာပါပဲ။ ကထိန်နုတ်ပြီးမှ နောက်ထပ်ကထိန်တစ်ခု ထပ်ခင်းလို့ မရတော့ပါဘူး။ ထပ်ခင်းရင်လည်း ကထိန်စစ်စစ် မဖြစ်တော့ပါဘူး။ ကထိန်နုတ်လိုက်တဲ့အတွက် ကထိန်အာနိသင်တွေလည်း ပျက်ပြယ်သွားပါတယ်။ ကထိန်အာနိသင်ရပြီးသား ရဟန်းတော်တွေလည်း ကထိန်အာနိသင် လုံး၀မရတော့ပါဘူး။ သံဃိကလာဘ်လာဘဖြစ်တဲ့ သင်္ကန်းတွေကို သံဃာအားလုံး ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကထိန်နုတ်တာပါ။ ကထိန်သာ မနုတ်ရင် သံဃိကသင်္ကန်းတွေကို ၀ါကျိုးဝါပြတ်သူ၊ ဒုတိယဝါဆိုသူ၊ တခြားကျောင်းတိုက်ကနေ နောက်ထပ်ရောက်လာသူတွေ မရနိုင်ပါဘူး။ ရခွင့် မရှိပါဘူး။ ကထိန်နုတ်လိုက်တဲ့အတွက် သံဃာအားလုံး ရခွင့်ရှိသွားပါတယ်။ #Credit. -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】 -【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ “ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု” နှာ ၅၅- ၈၀မှ- ကောက်နှုတ် ပူဇော်မျှဝေပါသည်။】 Posted by https://ift.tt/1tab2NY အပ်ပမာဒနေ သမ်ပာဒထေ။ ။ ပြန်လည်မျှဝေပါသည်. ဦးသိန်း “ကထိနျစဈစဈ ဖွဈရဲ့လား” ••••••••••••••••••••••• အရှငျဘုရား .... ရဟနျးတောျကိုယျတိုငျ လှူတဲ့ သငျ်ကနျး နဲ့ ကထိနျ ခငျးကောငျးပါသလား။ကထိနျခငျးခဲ့ရငျရော ကထိနျ အထမွောကျပါသလား။ (မသငျးမဒီ၊ ပွညျမွို့။) ဒကာမလေး မသငျးမဒီ ... “ကထိနျခငျးတယျ”လို့ ပွောလိုကျရငျ ကထိနျခငျးတဲ့အလုပျကို လူ၀တျကွောငျ ဒကာ၊ဒကာမတှကေ လုပျကွတယျလို့ လူအမြားက ထငျနကွေပါတယျ။ တကယျတော့ ကထိနျးခငျးတဲ့အလုပျဟာ လူ၀တျကွောငျ ဒကာဒကာမတှရေဲ့ အလုပျမဟုတျပါဘူး။ ရဟနျးတောျတှရေဲ့ အလုပျပါ။ ရဟနျးတောျတှကေပဲ ကထိနျခငျးကွတာပါ။ ဒါပမေယျ့ ရဟနျးတောျတှေ ကထိနျခငျးမယျ့ သငျ်ကနျးကို အမြားအားဖွငျ့ လူ၀တျကွောငျ ဒကာ၊ဒကာမတှကေပဲ လှူဒါနျးကွပါတယျ။ ကထိနျခငျးမယျ့ သငျ်ကနျးလှူဒါနျးတာကိုပဲ ကထိနျခငျးတယျလို့ တငျစားပွီးပွောကွရငျးက ကထိနျသငျ်ကနျးလှူတဲ့သူတှကေို ကထိနျခငျးတဲ့သူတှလေို့ ခေါျဝေါျနကွေတာပါ။ အမှနျက လူ၀တျကွောငျ ဒကာ၊ဒကာမတှဟော ကထိနျခငျးတဲ့သူတှေ မဟုတျပါဘူး။ ကထိနျသငျ်ကနျးလှူတဲ့သူတှပေါ။ ကထိနျသငျ်ကနျးကို လူ၀တျကွောငျ ဒကာ၊ဒကာမတှပေဲ လှူခှငျ့ရှိတာ မဟုတျပါဘူး။ ●ရဟနျးသာမဏတှေလေညျး လှူခှငျ့ရှိပါတယျ။ ●သီလရှငျတှလေညျး လှူခှငျ့ရှိပါတယျ။ ●လူသားတှတှေငျ လှူခှငျ့ရှိတာ မဟုတျပါဘူး။ ●နတျတှလေညျး လှူခှငျ့ရှိပါတယျ။ ●ဗွဟ်မာတှလေညျး လှူခှငျ့ရှိပါတယျ။ ●နဂါးဂဠုနျတှလေညျး လှူခှငျ့ရှိပါတယျ။ ကမြျးဂနျမှာ ကထိနျသငျ်ကနျး လှူခှငျ့ရှိသူကို “လူရယျ၊ နတျရယျ၊ သီတငျးသုံးဖေါျ(၅)ဦးရယျ”လို့ ပုဂ်ဂိုလျ(၇)မြိုး တိုကျရိုကျပွထားပါတယျ။ သီတငျးသုံးဖေါျ(၅)ဦးဆိုတာ “ရဟနျး၊ ရဟနျးမ၊ သာမဏေ၊ သာမဏနေဲ့ သိက်ခမာနျ”တို့ပါပဲ။ သိက်ခမာနျဆိုတာ ဘိက်ခုနီမ(ရဟနျးမ) မ၀တျမီ သိက်ခာပုဒျ(၆)ပါးကို (၂)နှဈတိတိ ကငြျ့ရတဲ့ “သာမဏေ တဈမြိုး” ကို ခေါျတာပါ။ ပဓာနနညျးအားဖွငျ့ တိုကျရိုကျပွထားတဲ့ ပုဂ်ဂိုလျ(၇)မြိုးထဲမှာ နဂါး၊ ဂဠုနျစတဲ့ တိုကျရိုကျပွမထားတဲ့ တခွားပုဂ်ဂိုလျတှလေညျး အကြုံး၀ငျပါတယျ။ အသိဉာဏျရှိသူ မညျသူမဆို ကထိနျသငျ်ကနျး လှူခှငျ့ရှိပါတယျ။ ရဟနျးတောျတှကေို ကထိနျသငျ်ကနျး လှူခှငျ့ရှိသူမြားစာရငျးမှာ တိုကျရိုကျပွထားတဲ့အတှကျ ရဟနျးတောျ ကိုယျတိုငျ လှူတဲ့သငျ်ကနျးနဲ့ ကထိနျ ခငျးကောငျးပါတယျ။ ကထိနျခငျးခဲ့ရငျလညျး ကထိနျ အထမွောကျပါတယျ။ ဒါပမေဲ့ . . . ရဟနျးတောျကိုယျတိုငျ “အလှူခံတဲ့ သငျ်ကနျး” နဲ့တော့ ကထိနျမခငျးကောငျးပါဘူး။ ကထိနျခငျးခဲ့ရငျလညျး ကထိနျအထ မမွောကျပါဘူး။ ကထိနျတဈခု အထမွောကျဖို့အတှကျ ကထိနျသငျ်ကနျး လှူတဲ့သူ ဘယျသူလဲဆိုတဲ့အခကြျက အဓိက မကပြါဘူး။ လှူတဲ့ ကထိနျသငျ်ကနျး “ဘယျလိုသငျ်ကနျးလဲ”ဆိုတဲ့ အခကြျက အဓိကကပြါတယျ။ ကထိနျတဈခု အထမွောကျဖို့အတှကျ ... လှူတဲ့ ကထိနျသငျ်ကနျးဟာ…. ●(၁) မိုးကသြငျ်ကနျးလညျး ဖွဈရပါမယျ။ ●(၂) မသိုးသငျ်ကနျးလညျး ဖွဈရပါမယျ။ ●(၃) သံဃိကသငျ်ကနျးလညျး ဖွဈရပါမယျ။ သငျ်ကနျးသုံးထညျ ဖွဈရမယျလို့ဆိုလိုတာ မဟုတျပါဘူး။ သငျ်ကနျးတဈထညျတညျးကပဲ (၁) “မိုးကြ”ဖွဈခွငျး၊ (၂) “မသိုး”ဖွဈခွငျး၊ (၃) “သံဃိက”ဖွဈခွငျးဆိုတဲ့ အရညျအသှေး(၃)မြိုးနဲ့ ပွညျ့စုံရမယျလို့ ဆိုလိုတာပါ။ (၁)။ကထိနျသငျ်ကနျးဟာ “မိုးကြ သငျ်ကနျး” ဖွဈရပါမယျ။ မိုးရမေိုးပေါကျတှဟော ဘယျသူ့ရဲ့ တိုကျတှနျးလှုံ့ဆောျမှုမှ မပါဘဲ မိုးကောငျးကငျအပေါျကနေ အလိုအလြောကျကလြာသလို၊ ကထိနျသငျ်ကနျးဟာလညျး ကထိနျခငျးကြောငျးတိုကျက ရဟနျးတောျတှထေဲက ဘယျရဟနျးတောျရဲ့ တိုကျတှနျး လှုံ့ဆောျမှုမှ မပါဘဲ အလှူရှငျက သူ့သဒ်ဓါတရားနဲ့သူ အလိုအလြောကျ လာလှူတဲ့ သငျ်ကနျး ဖွဈရပါမယျ။ ကိုယျ လုံး၀မတိုကျတှနျးဘဲ သူ့အလိုအလြောကျ ရတဲ့သငျ်ကနျး၊ ကိုယျလုံး၀ အလှူမခံဘဲ သူ့အလိုအလြောကျ လာလှူတဲ့ သငျ်ကနျးကို မိုးပေါျက ရုတျတရကျကလြာတဲ့ အရာ၀တ်ထုနဲ့တူလို့ မိုးကသြငျ်ကနျး (မိုးပေါျကသြငျ်ကနျး) လို့ ခေါျပါတယျ။ရဟနျးတောျတှဟော “မိခငျရငျး၊ ဖခငျရငျး” ဆီကတောငျမှ ကထိနျသငျ်ကနျး အလှူမခံ ကောငျးပါဘူး။ ရဟနျးတောျကိုယျတိုငျ မိခငျရငျး၊ဖခငျရငျးဆီက အလှူခံလို့ ရလာတဲ့ သငျ်ကနျးနဲ့ ကထိနျခငျးရငျလညျး ကထိနျ အထမမွောကျပါဘူး။ ရဟနျးတောျက မိဘကြေးဇူး အထူးဆပျခငြျလို့ဆိုပွီး ထူးခွားတဲ့ ကထိနျအလှူကုသိုလျကွီး မိဘနှဈပါးရစခေငြျတဲ့ စိတျနဲ့ မိဘကို ကထိနျ အကွောငျးတှေ ပွောပွပွီး တိုကျရိုကျနညျးနဲ့ဖွဈဖွဈ၊ သှယျဝိုကျတဲ့နညျးနဲ့ဖွဈဖွဈ ကထိနျသငျ်ကနျး အလှူခိုငျးတယျဆိုရငျ အဲဒီသငျ်ကနျးနဲ့ ကထိနျခငျးပမေယျ့ ကထိနျအထမမွောကျတော့တဲ့အတှကျ မိဘကြေးဇူးလညျး အထူးဆပျရာမရောကျတော့ပါဘူး။ မိဘနှဈပါးလညျး ထူးခွားတဲ့ ကထိနျအလှူကုသိုလျကွီး မရတော့ပါဘူး။ ကိုယျဝါဆို တဲ့ ကြောငျးတိုကျရဲ့ ကထိနျအတှကျ အလှူမခံကောငျးဘူးလို့ပွောတာပါ။ တခွားကြောငျးတိုကျရဲ့ ကထိနျအတှကျတော့ လှူဖို့ တိုကျတှနျးကောငျးပါတယျ။ တိုကျတှနျးလို့ရပါတယျ။ လိုအပျရငျ တိုကျတှနျးရမှာပါပဲ။ ကထိနျသငျ်ကနျး လှူခှငျ့ရှိသူတှထေဲမှာ ရဟနျးတောျတှလေညျး ပါတဲ့အတှကျ ရဟနျးတဈပါးပါးက ဦးစီးဦးဆောငျပွုပွီး ၊ တပညျ့ဒကာ ဒကာမတှနေဲ့ တခွားကြောငျးတိုကျ တဈခုခုမှာ ကထိနျသှားခငျးတာကတော့ ရပါတယျ။ ဒါပမေဲ့ ကထိနျခငျးမယျ့ကြောငျးတိုကျက ရဟနျးတောျတှေ ကိုယျတိုငျကတော့ ကိုယျ့ကြောငျးကထိနျအတှကျ ဘယျသူ့ကိုမှ ကထိနျသငျ်ကနျးလှူဖို့ မတိုကျတှနျးကောငျးပါဘူး။ “ဒီနှဈ ကထိနျ ဘယျရကျလဲ”၊“ဒီနှဈလညျး ဘုံကထိနျပဲလား” “ဒီနှဈ ဉတျသငျ်ကနျး လှူဖို့ ပွောထားတဲ့သူမရှိသေးဘူး” “ကထိနျရာသီတော့ ရောကျလာပွနျပွီနောျ . . .” စသညျ စသညျအားဖွငျ့ …ဘယျလို အရိပျနိမိတျမြိုး ပွပွီးတော့ပဲဖွဈဖွဈ၊ ဘယျလိုပရိယာယျစကားမြိုး ပွောပွီးတော့ပဲဖွဈဖွဈ၊ ကထိနျခံ ရဟနျးတောျတှေ ကိုယျတိုငျ ကထိနျ သငျ်ကနျး အလှူမခံကောငျးပါဘူး။ ကထိနျခငျးမယျ့ ဒကာဒကာမတှဘေကျက ကထိနျနဲ့ပတျသကျလို့ ဘာစကားမှမစ,ရသေးဘဲနဲ့ ကြောငျးတိုကျရဟနျးတောျထဲက တဈပါးပါးက ကထိနျအကွောငျးမစမိအောငျ အထူးသတိပွုရပါမယျ။ ဒကာဒကာမတှကေ ဘာမှမလြှောကျရသေးဘဲနဲ့ “ဒီနှဈကထိနျဘယျရကျလဲ” လို့ ကိုယျ့ဘကျကစမမေးသငျ့သလို၊ “ဒီနှဈတော့ ဒီရကျမှာကထိနျခငျးရငျ အဆငျပွမေယျ”ထငျတယျလို့ ကိုယျက စပွီး ကထိနျရကျ သတျမှတျပေးမြိုးလညျး လုံး၀ မပွုလုပျသငျ့ပါဘူး။ ကထိနျသငျ်ကနျးဟာ “ အတိဥက်ကဋ်ဌ = အလှနျ မွငျ့မွတျတဲ့သငျ်ကနျး” ဖွဈရမယျတဲ့...။ “အလှနျမွငျ့မွတျတဲ့ သငျ်ကနျး”ဆိုတာ တောငျးရမျးမှု၊ တိုကျတှနျးမှုမပါဘဲ အလိုအလြောကျရတဲ့သငျ်ကနျးကို ပွောတာပါ။ တောငျးရမျးခွငျး၊ တိုကျတှနျးခွငျးဆိုတဲ့ အပွဈလုံး၀ကငျးပွီး၊ အလှနျ့အလှနျ သနျ့ရှငျးစငျကွယျတဲ့ သငျ်ကနျးကို “မိုးကသြငျ်ကနျး”လို့ ခေါျပါတယျ။ ကိုယျ့ကြောငျးကို ဘယျနေ့၊ဘယျရကျမှာ ဘယျသူ ကထိနျလာခငျးမယျဆိုတာ လုံးဝွကိုမသိဘဲ ကွိုတငျ အသိပေးမထားဘဲ ၊လာလှူတဲ့သငျ်ကနျး၊ မမြှောျလငျ့ဘဲ ရုတျတရကျ ရောကျလာတဲ့ သငျ်ကနျးဟာ “မိုးကသြငျ်ကနျး” အစဈဆုံးပါပဲ။ “မတောငျးဘဲရမှ အတိဥက်ကဋ်ဌ (အလှနျမွငျ့မွတျတယျ)” ဆိုတာကိုကွညျ့ပွီး ... ဘယျပစ်စညျး လာဘျလာဘမဆို ၊ ဘယျရာထူးဋ်ဌာနန်တရမဆို ကိုယျကမတောငျးရဘဲ အလိုအလြောကျရမှ ပိုတနျဖိုးရှိတယျ။ ပိုသနျ့ရှငျးစငျကွယျတယျလို့ ကောကျခကြျခနြိုငျပါတယျ။ “မရှာဘဲတှေ့မှအခစြျ၊ မရှာဘဲရမှ ဘုနျးကံ”ဆိုတဲ့ သဘောပါပဲ။ (၂) ကထိနျသငျ်ကနျးဟာ “မသိုးသငျ်ကနျး”ဖွဈရပါမယျ။ သနျ့ရှငျးလတျဆတျတဲ့ ထမငျးကောငျး၊ ဟငျးကောငျး (မသိုးထမငျး၊ မသိုးဟငျး) ဆိုတာ ခကြျပွီး တဈရကျမှ မကူးသေးတဲ့၊ ဒီနေ့မှ ခကြျထားတဲ့ ထမငျးဟငျးဖွဈရသလို ကထိနျသငျ်ကနျးဟာလညျး လှူပွီး တဈရကျမှ မကူးသေးတဲ့၊ ဒီနေ့ လှူထားတဲ့ သငျ်ကနျးဖွဈရပါမယျ။ ခကြျပွီး တဈရကျကြောျသှားတဲ့ ထမငျးဟငျး၊ နေ့ကူးသှားတဲ့ ထမငျးဟငျးကို တကယျသိုးသိုး မသိုးသိုး ထမငျးသိုး၊ ဟငျးသိုးလို့ပဲ ခေါျပါတယျ။ အအေးခနျးထဲ၊ ရခေဲ သတေ်တာထဲ ထညျ့ထားလို့ ခကြျခငြျး သိုးမသှားသေးလညျး နာမညျကတော့ “ထမငျးသိုး၊ ဟငျးသိုး” ပါပဲ။ လှူပွီး တဈရကျကြောျသှားတဲ့ သငျ်ကနျး၊ နေ့ကူးသှားတဲ့ သငျ်ကနျးကို “သငျ်ကနျးသိုး”လို့ ခေါျပါတယျ။ အဲဒီလို သငျ်ကနျးသိုးနဲ့ လုံး၀ ကထိနျခငျးလို့ မရပါဘူး။ ကထိနျခငျးလညျး ကထိနျ အထမမွောကျပါဘူး။ (တဈရကျမက ကြောျသှားရငျတော့ အထူး ပွောစရာတောငျ မလိုတော့ပါဘူး။) လှူပွီးတဈရကျမှ မကြောျသေးတဲ့ သငျ်ကနျး၊ နေ့မကူးသေးတဲ့ သငျ်ကနျး၊ ဒီနေ့မှ လာလှူတဲ့သငျ်ကနျးကို “မသိုးသငျ်ကနျး”လို့ ခေါျပါတယျ။ မသိုးသငျ်ကနျးနဲ့ခငျးမှ ကထိနျအထမွောကျပါတယျ။ ရဟနျးတောျတှဟော ကထိနျသငျ်ကနျး ဒီနေ့ရရငျ ဒီနေ့ပဲ ကထိနျခငျးရပါတယျ။ အလုပျမအားလို့၊ အဆငျမပွသေေးလို့ ဆိုပွီး နောကျနေ့မှ ကထိနျခငျးလို့ မရပါဘူး။ ကထိနျသငျ်ကနျး အလှူခံပွီးတဲ့နေ့ရဲ့ နောကျတဈနေ့ အရုဏျမတကျခငျမှာပဲ ကထိနျခငျးခွငျးကိစ်စ ပွီးစီးအောငျ ဆောငျရှကျရပါတယျ။ ကထိနျသငျ်ကနျး အလှူခံပွီးတာနဲ့ ခကြျခငြျး ကထိနျခငျးရမယျလို့ ဆိုလိုတာ မဟုတျပါဘူး။ နောကျတဈနေ့ အရုဏျမတကျမခငြျး ဘယျအခြိနျမှာမဆို ကထိနျခငျးလို့ရပါတယျ။ ■“ကထိနျသငျ်ကနျးဟာ နေ့မကူးတဲ့ မသိုးသငျ်ကနျးဖွဈရမယျ” ဆိုတာကိုကွညျ့ပွီး တခြို့က ကထိနျရကျမတိုငျခငျ ကထိနျသငျ်ကနျးကို ကြောငျးမှာ သှားမထားကောငျးဘူးလို့ ယူဆနကွေပါတယျ။ လမျးခရီး ကွုံနရေငျတောငျမှ ကထိနျသငျ်ကနျးကိုငျလကြျတနျးလနျးကွီးနဲ့ ကြောငျးတိုကျထဲကနေ ဖွတျမသှားကောငျးဘူးလို့တောငျ ထငျနကွေပါတယျ။ မဟုတျပါဘူး။ ■ကထိနျ သငျ်ကနျးကိုရော၊ ကထိနျရံ သငျ်ကနျးတှကေိုရော ၊ ကထိနျရကျမတိုငျခငျ ကြောငျးမှာ သှားထားလို့ရပါတယျ။ ■ဒါပမေယျ့ ကထိနျသငျ်ကနျးအဖွဈ နဲ့တော့ အပွီးလှူမပဈခဲ့ရပါဘူး။ ခတေ်တခဏ အပျရုံပဲ အပျနှံထားခဲ့ရမှာပါ။ ကြောငျးမှာ သှားထားရုံပဲ ထားပွီး မလှူသေးရငျ သငျ်ကနျးတှကေို သံဃာက မပိုငျသေးပါဘူး။အလှူရှငျတှကေပဲ ပိုငျပါတယျ။ ■ကထိနျသငျ်ကနျးအဖွဈနဲ့ အပွီးအပိုငျ နှုတျမွှကျပွီး လှူပဈခဲ့ရငျ တကယျကထိနျခငျးမယျ့ရကျအထိ စောငျ့နလေို့မရတော့ပါဘူး။ အဲဒီနေ့မှာပဲ ခကြျခငြျး ကထိနျခငျးလိုကျရပါမယျ။ နေ့ကူးသှားရငျ “သငျ်ကနျသိုး” ဖွဈသှားတဲ့အတှကျ ကထိနျခငျးလို့ မရတော့ပါဘူး။ အဲဒီကြောငျးတိုကျ အဲဒီနှဈ အတှကျ ပွီးပါပွီ။ ကထိနျခငျးလို့ လုံး၀မရတော့ပါဘူး။ တနှဈမှာတဈလ၊ တဈလမှာ တဈရကျ၊ တဈရကျမှာ တဈကွိမျပဲ ကထိနျသငျ်ကနျး လှူခှငျ့ရှိတာဆိုတော့ နောကျထပျလညျး ကထိနျသငျ်ကနျး အလှူခံလို့မရတော့ပါဘူး။ တခြို့က ကထိနျရကျမှာ မအားလို့၊ မလာနိုငျလို့ဆိုပွီး ကထိနျမတိုငျခငျ ရကျခပျစောစောကတညျးက ကထိနျသငျ်ကနျးကို ကွိုလှူထားခငြျကွပါတယျ။ အဲဒီလို ကွိုလှူထားလို့ မရပါဘူး။ သကျဆိုငျရာ ကြောငျးတိုကျ သံဃာကလညျး ကွိုအလှူခံထားလို့ လုံး၀မရပါဘူး။ ကွိုလှူထားတဲ့ သငျ်ကနျးနဲ့ ကထိနျခငျးရငျ အဲဒီကထိနျဟာ “ကထိနျအတု၊ ကထိနျအငျ” ပဲ ဖွဈပါလိမျ့မယျ။ တခြို့က အရုဏျမတကျခငျ (ကြီးမနိုးခငျ) ကထိနျသငျ်ကနျး လှူတဲ့ “ကြီးမနိုးကထိနျ”က ပိုမွတျတယျလို့ ယူဆပွီး ၊အရုဏျမတကျခငျ (ကြီးမနိုးခငျ) ကထိနျသငျ်ကနျး လှူဒါနျးတတျကွပါတယျ။ အရုဏျမတကျခငျ ကထိနျသငျ်ကနျးလှူလိုကျရငျ အရုဏျမတကျခငျဘဲ ကထိနျခငျးရပါတယျ။ အရုဏျတကျပွီးသှားမှ ကထိနျခငျးရငျ သငျ်ကနျးသိုးသှားလို့ ကထိနျအထမမွောကျပါဘူး။ အရုဏျတကျတာနဲ့ တဈပွိုငျနကျ နောကျတဈရကျ ကူးသှားပါပွီ၊ အရုဏျအမီ ကထိနျခငျးဖို့ အခြိနျမလုံလောကျတဲ့အတှကျ အဲဒီလို လှူတာမြိုး လုံး၀ ရှောငျကွဉျသငျ့ပါတယျ။ (၃) ကထိနျသငျ်ကနျးဟာ “သံဃိကသငျ်ကနျး” ဖွဈရပါမယျ။ ရဟနျးတဈပါးပါးကို လှူဒါနျးထားလို့ အဲဒီရဟနျးတဈပါးတညျးကပဲ ပိုငျဆိုငျတဲ့ ပုဂ်ဂလိကသငျ်ကနျးနဲ့ ကထိနျခငျးလို့ မရပါဘူး။ သံဃာအားလုံးကို လှူဒါနျးထားလို့ သံဃာအားလုံး ပိုငျဆိုငျတဲ့ သံဃိကသငျ်ကနျးနဲ့ပဲ ကထိနျခငျးလို့ရပါတယျ။ သံဃာအမြားပိုငျဆိုငျတဲ့ “သံဃိကသငျ်ကနျး” နဲ့ပဲ ကထိနျခငျးခှငျ့ရှိပါတယျ။မိမိကွညျညိုတဲ့ ဘုနျးကွီးတဈပါးပါး၊ ဆရာတောျ တဈပါးပါးကို ဒီဆရာတောျကွီး ငါကွညျညိုလို့ ကထိနျသငျ်ကနျး လှူလိုကျဦးမယျ ဆိုပွီးတော့ “ဆရာတောျကို တပညျ့တောျ ကထိနျသငျ်ကနျး လှူပါတယျဘုရား”၊ “ဘုနျးကွီးကို ကထိနျသငျ်ကနျးလှူပါတယျ ဘုရား”လို့ မိမိကွညျညိုတဲ့ ရဟနျးတောျ တဈပါးပါးကို ပုဂ်ဂလိကအနနေဲ့ ကထိနျသငျ်ကနျး လှူဒါနျးခှငျ့ မရှိပါဘူး။ တခြို့က ကထိနျရာသီမှာ လှူတဲ့ သငျ်ကနျးမှနျသမြှ ကထိနျသငျ်ကနျးပဲ ထငျပွီး “အရှငျဘုရားအတှကျ ကထိနျသငျ်ကနျးပါဘုရား”ဆိုပွီး လာလာလှူလေ့ရှိပါတယျ။ အဲဒီလို လှူလို့ လုံး၀မရပါဘူး။ ရဟနျးတဈပါးခငြျးကို “ကထိနျသငျ်ကနျး”ဆိုပွီး လုံး၀လှူလို့မရပါဘူး။ အဲဒီလို ရဟနျးတဈပါးပါးကို လှူတဲ့ သငျ်ကနျးကိုလညျး ကထိနျရာသီမှာ လှူပမေယျ့ “ကထိနျသငျ်ကနျး” လို့ မခေါျပါဘူး။ပုဂ်ဂိုလျတဈပါးပါးကို လှူဒါနျးလိုကျတဲ့ အဲဒီ သငျ်ကနျးနဲ့လညျး ကထိနျခငျးလို့ မရပါဘူး။ ခငျးလညျးပဲ ကထိနျမအောငျမွငျပါဘူး။ သံဃာကို လှူဒါနျးတဲ့ သငျ်ကနျးနဲ့သာလြှငျ ကထိနျ ခငျးခှငျ့ရှိပါတယျ။ကထိနျ အောငျမွငျထမွောကျနိုငျပါတယျ။ “လှူဒါနျးနညျးက နှဈမြိုး” ~~~~~~~~~~~~~~~ ကထိနျသငျ်ကနျး “လှူဒါနျးနညျးက နှဈမြိုး”ရှိပါတယျ။ (၁)။ကထိနျခငျးမယျ့ကြောငျးမှာ သှားလှူတဲ့နညျး နဲ့ (၂)။ကိုယျ့အိမျ၊ ကိုယျဋ်ဌာန၊ တဈနရောရာမှာ ပငျ့လှူတဲ့နညျးတို့ပါပဲ။ ကထိနျခငျးမယျ့ကြောငျးမှာသှားလှူရငျတော့ “ဤကထိနျသငျ်ကနျးကို သံဃာအား လှူပါ၏။”လို့ ဆိုပွီး လှူလိုကျရုံနဲ့ လုံလောကျပါတယျ။ သံဃာအား လှူတယျဆိုပမေယျ့ ကထိနျခငျးမယျ့ ကြောငျးမှာရှိတဲ့ သံဃာနဲ့ပဲ သကျဆိုငျပါတယျ။ ●ကိုယျ့နရော၊ ကိုယျ့ဋ်ဌာနကို ပငျ့ပွီးလှူမယျဆိုရငျတော့ “ဘယျကြောငျးတိုကျမှာ ကထိနျခငျးဖို့အတှကျ သံဃာအားလှူပါ၏” လို့ ကထိနျခငျးမယျ့ “ကြောငျးတိုကျနာမညျ”ကို တရား၀ငျ ထညျ့ဆိုပွီး လှူရပါတယျ။ ဒါမှ ကိုယျရညျစူးတဲ့ ကြောငျးတိုကျ သံဃာက ကထိနျခငျးခှငျ့ ရမှာပါ။ ကြောငျးတိုကျနာမညျထညျ့မဆိုဘဲ ၊ “သံဃာအားလှူပါ၏” လို့ ရိုးရိုးလေးဆိုပွီး လှူလိုကျရငျ အခမျးအနားကို ကွှလာတဲ့ “ဆယျ့နှဈတောငျပတျလညျအတှငျး”က ပငျ့သံဃာအားလုံးနဲ့ သကျဆိုငျသှားတဲ့အတှကျ ရညျစူးရာကြောငျးတိုကျမှာ ကထိနျခငျးခှငျ့ မရှိတော့ပါဘူး။ ●ရဟနျးတဈပါးတညျးကို ပငျ့ပွီး “သံဃာအားလှူပါ၏”လို့ ဆိုလှူလိုကျရငျလညျး အဲဒီရဟနျးက အဲဒီသငျ်ကနျးကိုယူပွီး တခွားကြောငျးတိုကျတဈခုကို ၀ငျလိုကျမိတာနဲ့ တဈပွိုငျနကျတညျး ၀ငျမိတဲ့ ကြောငျးတိုကျသံဃာက အဲဒီသငျ်ကနျးကို ပိုငျဆိုငျသှားပွနျလို့ ရညျစူးရာ ကြောငျးတိုကျမှာ ကထိနျခငျးမရတော့ပါဘူး။ ဒါကွောငျ့ ကိုယျ့နရော၊ ကိုယျဠာန ပငျ့လှူသူတိုငျး ကထိနျခငျးလိုတဲ့ “ကြောငျးတိုကျနာမညျ”ကို တရား၀ငျ ထညျ့ဆိုပွီးမှ လှူသငျ့ပါတယျ။ ●ကထိနျခငျးမယျ့ကြောငျးတိုကျမှာ သှားလှူတဲ့အခါ “သံဃာအား”လို့ ထညျ့မဆိုပဲ “ဤကထိနျသငျ်ကနျးကို လှူပါ၏” လို့ ရိုးရိုးပဲ ဆိုလိုကျရငျလညျး အဲဒီကထိနျသငျ်ကနျးဟာ ကြောငျးတိုကျမှာရှိတဲ့ သံဃာအားလုံး ပိုငျဆိုငျတဲ့သငျ်ကနျး (သံဃိကသငျ်ကနျး) ဖွဈသှားပါတယျ။ “သံဃာအား”လို့ ထညျ့ဆိုလိုကျတော့လညျး ပိုပွညျ့စုံသှားတာပေါ့။ ရဟနျးတဈပါးတညျး ဝါဆိုတဲ့ကြောငျးတိုကျမှာ “သံဃာအား လှူပါ၏”လို့ ရှတျဆိုလြှောကျထားပွီး လှူတဲ့ကထိနျသငျ်ကနျးဟာ “သံဃာအား”လို့ပါတဲ့အတှကျ အရပျလေးမကြျနှာမှာ ရှိရှိသမြှ သံဃာအားလုံးနဲ့ သကျဆိုငျပမေယျ့ ကြောငျးတိုကျမှာ ဝါဆိုတဲ့ ရဟနျးတဈပါးကပဲ ပိုငျဆိုငျပါတယျ။ တဈပါးထကျပိုမြားတဲ့ ရဟနျးတောျတှေ ဝါဆိုတဲ့ ကြောငျးတိုကျတှမှောလညျး နညျးတူပါပဲ။ “သံဃာအား လှူပါ၏”ဆိုတဲ့ သငျ်ကနျးမှနျသမြှ အရပျလေးမကြျနှာ သံဃာ(စာတုဒ်ဒိသံဃာ)နဲ့ သကျဆိုငျရုံပဲ သကျဆိုငျပါတယျ။ ပိုငျတဲ့အခါမှာတော့ ကြောငျးတိုကျသံဃာ (အာရာမသံဃာ)ကပဲ ပိုငျပါတယျ။ ကြောငျးတိုကျပွငျပက သံဃာဟာ ဆိုငျသာဆိုငျ ၊ မပိုငျတဲ့သံဃာပါ။ ကိုယျလှူတဲ့သငျ်ကနျးကို သံဃာတောျတှေ ဘယျလိုပဲဆိုငျဆိုငျ၊ဘယျလိုပဲပိုငျပိုငျ ကိုယျကတော့ သံဃာအားလုံးကို ရညျမှနျးပွီး လှူဒါနျးရမှာပါပဲ။“အရပျလေးမကြျနှာမှာ ရှိရှိသမြှ သံဃာအားလုံး ၊သာသနာတောျမှာ ရှိခဲ့ပွီး၊ ရှိနဆေဲ၊ ရှိလတ်တံ့ သံဃာအားလုံးကို လှူဒါနျးပါတယျ”လို့ အာရုံပွုပွီး “သံဃူ ဒမေ = သံဃာအား လှူပါ၏”လို့ ရှတျဆိုလှူဒါနျးလိုကျရငျ ကိုယျလှူလိုကျတဲ့သငျ်ကနျးဟာ “တဈသာသနာလုံး၊ တဈလောကလုံးမှာရှိတဲ့ ပုထုဇဉျသံဃာ၊ အရိယာသံဃာ သံဃာအားလုံးနဲ့ သကျဆိုငျတဲ့ သံဃိကသငျ်ကနျး” ဖွဈသှားပါတယျ။ အမြားပိုငျသံဃိကသငျ်ကနျးနဲ့ပဲ ကထိနျခငျးလို့ရပါတယျ။ တဈပါးပိုငျ ပုဂ်ဂလိကသငျ်ကနျးနဲ့ ကထိနျခငျးလို့ မရပါဘူး။ ဒါပမေယျ့ တကယျ ကထိနျခငျးတဲ့ အခြိနျမှာတော့ “အမြားပိုငျ သံဃိကသငျ်ကနျး”ကို “တဈပါးပိုငျ ပုဂ်ဂလိက သငျ်ကနျး” ဖွဈအောငျပွနျလုပျလိုကျရပါတယျ။ သံဃာက ကထိနျခငျးလို့ မရပါဘူး။ ပုဂ်ဂိုလျကပဲ ကထိနျခငျးလို့ ရပါတယျ။ သံဃာက ကထိနျသငျ်ကနျးပေးရုံပဲ ပေးနိုငျပါတယျ။ သိမျထဲမှာ သံဃာတောျတှစေုဝေးပွီး ကထိနျခငျးထိုကျတဲ့ ရဟနျးတဈပါးကို ဉတျကမ်မဝါနဲ့ ကထိနျသငျ်ကနျးပေးလိုကျရပါတယျ။ ကထိနျသငျ်ကနျးကို ပုဂ်ဂလိကအဖွဈ ပိုငျဆိုငျသှားတဲ့ အဲဒီ ရဟနျးကမှ ကထိနျခငျးရတာပါ။ ကထိနျသငျ်ကနျးကို သိမျထဲမှာပဲ ပေးရပမေယျ့ ကထိနျကိုတော့ သိမျထဲမှာပဲဖွဈဖွဈ၊ သိမျအပွငျမှာပဲဖွဈဖွဈ ခငျးလို့ရပါတယျ။ ရဟနျးတဈပါးခငျးတဲ့ ကထိနျကို သံဃာက ၀မျးမွောကျ၀မျးသာ အနုမောဒနာ ပွုလိုကျရငျ သံဃာကလညျး ကထိနျခငျးပွီးသား ဖွဈသှားတာပါပဲ။ ကထိနျခငျးခွငျးဆိုတဲ့ ဝိနညျးကံဟာ သံဃာ့ကံမဟုတျ၊ ပုဂ်ဂလကံဆိုပမေယျ့ သံဃာကပဲ ကထိနျသငျ်ကနျးပေးရ၊ ကထိနျခငျးပွီးရငျလညျး သံဃာအားလုံးက အနုမောဒနာပွုတဲ့ သံဃာမှာလညျး ကထိနျအာနိသငျရတဲ့အတှကျ သံဃာ့ကိစ်စ၊ သံဃာ့အလုပျလို့ ဆိုနိုငျပါတယျ။ “သံဃိကသငျ်ကနျး”ကို “ပုဂ်ဂလိကသငျ်ကနျး”အဖွဈ ကထိနျခငျးမယျ့ ရဟနျးကိုပေးတာက သံဃာတောျတှရေဲ့ အပိုငျးဖွဈပါတယျ။ ကထိနျအလှူရှငျတှရေဲ့အပိုငျးကတော့ “သံဃိက သငျ်ကနျး”အဖွဈပဲ လှူဒါနျးရမှာပါ။ ကထိနျခငျးတဲ့အခြိနျ ပုဂ်ဂလိကသငျ်ကနျး လုပျမယျ့ အတူတူဆိုပွီး နဂိုကတညျးက ပုဂ်ဂလိကသငျ်ကနျးအဖွဈ မလှူဒါနျးရပါဘူး။ လှူဒါနျးခဲ့ရငျ ပုဂ်ဂလိကသငျ်ကနျးကို သံဃာက ကထိနျခငျးမယျ့ရဟနျးကို ပေးလို့ မရတော့တဲ့အတှကျ ကထိနျခငျးလို့ မရတော့ပါဘူး။ သံဃိကသငျ်ကနျးကိုပဲ သံဃာက ကထိနျခငျးမယျ့ ရဟနျးကို ပေးလို့ရပါတယျ။ ►ဒါကွောငျ့ ကထိနျအလှူရှငျတှအေနနေဲ့ မိမိတို့ ကွညျညိုတဲ့ ဆရာတောျတဈပါးပါး၊ ရဟနျးတဈပါးပါးကို ကထိနျ သငျ်ကနျး ရစခေငြျတဲ့စိတျလုံး၀မထားဘဲ ၊ “ဒီကထိနျသငျ်ကနျးဟာ သံဃာ အားလုံးအတှကျ”လို့ပဲ ရညျမှနျးပွီး သံဃာပိုငျ သံဃိကစဈစဈဖွဈအောငျ လှူဒါနျးကွရပါမယျ။ ►အနှဈခြုပျပွီး ပွနျပွောရရငျ ... ကထိနျတဈခု အထမွောကျဖို့အတှကျ (သို့မဟုတျ) ကထိနျ စဈစဈဖွဈဖို့အတှကျ ကထိနျသငျ်ကနျးဟာ ... ■(၁) “မိုးကသြငျ်ကနျး” ဖွဈရပါမယျ။ ရဟနျးတောျတှေ ကိုယျတိုငျ ဘယျသူ့ဆီကမှ အလှူခံမထားတဲ့ သငျ်ကနျး၊ ရဟနျးတောျတှဘေကျက ဘာအရိပျနိမိတျမှ မပွရ၊ ဘာပရိယာယျစကားမှ မပွောရဘဲနဲ့ အလှူရှငျတှဘေကျက အလိုအလြောကျ လာလှူထားတဲ့သငျ်ကနျးနဲ့ ကထိနျခငျးမှ ကထိနျစဈစဈဖွဈပါတယျ။ ရဟနျးတောျတှဘေကျက စ, ပွောလို့ လှူတဲ့သငျ်ကနျးနဲ့ ကထိနျခငျးရငျ ကထိနျစဈစဈ မဖွဈပါဘူး။ ■(၂) “မသိုးသငျ်ကနျး” ဖွဈရပါမယျ။ ဒီနေ့လှူတဲ့ သငျ်ကနျးနဲ့ ဒီနေ့ ကထိနျခငျးမှ ကထိနျစဈဖွဈပါတယျ။ မနေ့ကလှူတဲ့သငျ်ကနျးနဲ့ ဒီနေ့ ကထိနျခငျးရငျ ဒီနေ့လှူတဲ့ သငျ်ကနျးနဲ့ မနကျဖွနျမှ ကထိနျခငျးရငျ ကထိနျစဈစဈ မဖွဈပါဘူး။ ■(၃) “သံဃိကသငျ်ကနျး” ဖွဈရပါမယျ။ သံဃာအားလုံးကို ရညျမှနျးပွီး သံဃာပိုငျအဖွဈနဲ့ လှူဒါနျးတဲ့ သံဃိကသငျ်ကနျးနဲ့ ကထိနျခငျးမှ ကထိနျစဈစဈဖွဈပါတယျ။ ကိုယျကွညျညိုတဲ့ ဆရာတောျကို ရညျမှနျးပွီး ကိုယျကွညျညိုတဲ့ဆရာတောျပဲ ရစခေငြျတဲ့စိတျနဲ့ လှူတဲ့သငျ်ကနျးနဲ့ ကထိနျခငျးရငျ ကထိနျစဈစဈ မဖွဈပါဘူး။ ■နောကျတဈခကြျ ဖွညျ့စှကျရမယျဆိုရငျတော့ ကထိနျသငျ်ကနျးဟာ “ကိုယျပိုငျသငျ်ကနျး” ဖွဈရပါမယျ။ ခတေ်တခဏ ငှားယူလာတဲ့ သငျ်ကနျး (“အငှား”သငျ်ကနျး)နဲ့ ကထိနျခငျးရငျ ကထိနျစဈစဈ မဖွဈပါဘူး။ အမှနျတကယျ ပိုငျဆိုငျတဲ့ သငျ်ကနျး(ကိုယျပိုငျသငျ်ကနျး)နဲ့ ကထိနျသငျ်ကနျး လှူတဲ့အခါမြိုးမှာ ကထိနျခငျးတဲ့အခိုကျကလေး ခတေ်တခဏငှားတဲ့ သဘောမြိုးမဖွဈအောငျ အထူးသတိပွုရပါမယျ။ ကထိနျခငျးခှငျ့ရှိတဲ့ ကာလကတော့ “သီတငျးကြှတျ လပွညျ့ကြောျ(၁)ရကျကနေ တနျဆောငျမုနျးလပွညျ့နေ့ အထိ တဈလ(၂၉-ရကျ)” ဖွဈပါတယျ။ ဒီတဈလအတှငျးမှာပဲ ကထိနျသငျ်ကနျးလှူခှငျ့ရှိပါတယျ။ ဒီတဈလအတှငျးမှာ ခငျးမှလညျး “ကထိနျစဈစဈ” ဖွဈပါတယျ။ ကထိနျခငျးဖို့အတှကျ သံဃာက သိမျထဲမှာ သငျ်ကနျးပေးတဲ့ကံပွုရတဲ့အတှကျ ကထိနျကံအောငျမွငျဖို့ အနညျးဆုံး သံဃာ(၅)ပါး ရှိရပါတယျ။ကထိနျသငျ်ကနျးပေးတဲ့ ကံပွုတဲ့ သံဃာက (၄)ပါး၊ ကထိနျသငျ်ကနျးခံယူသူက (၁)ပါး၊ စုစုပေါငျး(၅)ပါး အနညျးဆုံးရှိမှ ကထိနျကံ အောငျမွငျပါတယျ။ သငျ်ကနျးပေးဖို့အတှကျသာ သံဃာလိုတာပါ။ သငျ်ကနျးပေးပွီးလို့ ကထိနျခငျးတဲ့အခါမှာတော့ သံဃာ မလိုပါဘူး။ တဈပါးတညျးဝါဆိုတဲ့ကြောငျးမှာ တဈပါးတညျး ကထိနျခငျးလညျး ရပါတယျ။ အနုမောဒနာပွုရမယျ့ ရဟနျးတဈပါး ခေါျထားပွီး၊ နှဈပါးကထိနျခငျးလညျး ရပါတယျ။ သငျ်ကနျးပေးတဲ့ သံဃာတှစေုံနတေုနျးမို့ သံဃာနဲ့ ကထိနျခငျးလိုကျလညျး ရတာပါပဲ။ ရဟနျးတဈပါးခငျးတဲ့ကထိနျကို ဝါဆိုတူ ကြောငျးတိုကျအတှငျးက ရဟနျးတောျတှပေဲ အနုမောဒနာ ပွုစရာလိုပါတယျ။ ကိုရငျသာမဏတှေကေတော့ အနုမောဒနာ ပွုစရာမလိုပါဘူး။ ဒါပမေယျ့ တဈကြောငျးတိုကျတညျး အတူ ဝါဆိုကွတဲ့ သီတငျးသုံးဖေါျ ဘ၀တူအခငြျးခငြျးဖွဈတဲ့အတှကျ ကထိနျအာနိသငျသငျ်ကနျး (ကထိနျရံသငျ်ကနျး)တှကေို ကိုရငျတှကေိုလညျး အညီအမြှ ခှဲဝပေေးရပါမယျ။ ကိုရငျတှလေညျး အာနိသငျသငျ်ကနျး(ကထိနျရံသငျ်ကနျး) ရပိုငျခှငျ့ရှိပါတယျ။ တခြို့က ကြောငျးဥပစာပရိဝုဏျအရံအတားတူတဲ့ ကြောငျးတိုကျတဈတိုကျတညျးမှာ နှဈကြောငျး၊ သုံးကြောငျး စသညျခှဲပွီး သီခွားစီ ဝါဆိုတတျကွပါတယျ။ ကြောငျးတိုကျကွီးတဈခုတညျးမှာ ဘယျနှကြောငျးပဲ ခှဲဝါဆိုဆို ကထိနျခငျးရငျတော့ တဈကြောငျးတိုကျလုံးပေါငျးပွီး၊ ကထိနျတဈခုတညျးပဲ ခငျးရပါမယျ။ ဒါမှ ကထိနျစဈစဈဖွဈပါတယျ။ ကထိနျခငျးပွီးတဲ့ ကြောငျးတိုကျမှာ နောကျထပျ လာလှူတဲ့ သံဃိကသငျ်ကနျးတှကေို ကထိနျအာနိသငျ မရတဲ့ တခွားရဟနျးတောျလညျး ဝစေု ရစခေငြျတယျဆိုရငျ ခငျးပွီးသားကထိနျကို နုတျလိုကျရပါတယျ။ “ကထိနျနုတျတယျ”ဆိုတာ ကထိနျခငျးခွငျးအမှု၊ ကထိနျကံကို ရုပျသိမျးလိုကျတာပါပဲ။ ကထိနျနုတျပွီးမှ နောကျထပျကထိနျတဈခု ထပျခငျးလို့ မရတော့ပါဘူး။ ထပျခငျးရငျလညျး ကထိနျစဈစဈ မဖွဈတော့ပါဘူး။ ကထိနျနုတျလိုကျတဲ့အတှကျ ကထိနျအာနိသငျတှလေညျး ပကြျပွယျသှားပါတယျ။ ကထိနျအာနိသငျရပွီးသား ရဟနျးတောျတှလေညျး ကထိနျအာနိသငျ လုံး၀မရတော့ပါဘူး။ သံဃိကလာဘျလာဘဖွဈတဲ့ သငျ်ကနျးတှကေို သံဃာအားလုံး ရစခေငြျတဲ့ ရညျရှယျခကြျနဲ့ ကထိနျနုတျတာပါ။ ကထိနျသာ မနုတျရငျ သံဃိကသငျ်ကနျးတှကေို ဝါကြိုးဝါပွတျသူ၊ ဒုတိယဝါဆိုသူ၊ တခွားကြောငျးတိုကျကနေ နောကျထပျရောကျလာသူတှေ မရနိုငျပါဘူး။ ရခှငျ့ မရှိပါဘူး။ ကထိနျနုတျလိုကျတဲ့အတှကျ သံဃာအားလုံး ရခှငျ့ရှိသှားပါတယျ။ #Credit. -【စာရိုကျပူဇောျသူ - Admin Team of Young Buddhist's Association】 -【ဆရာတောျအရှငျဆန်ဒာဓိက(ရှှပေါရမီတောရ)၏ “ဂုဏျရှိနျပေါငျးစုတဲ့ ဘုံကထိနျကောငျးမှု” နှာ ၅၅- ၈၀မှ- ကောကျနှုတျ ပူဇောျမြှဝပေါသညျ။】 Posted by https://ift.tt/1tab2NY အပျပမာဒနေ သမျပာဒထေ။ ။ ပွနျလညျမြှဝပေါသညျ. ဦးသိနျး


via အလင်းရောင် ဓမ္မ https://ift.tt/2NVaobb