အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 7, 2019
သံဝေဂတရား အချိန်မရွေးသေနိုင်သည် ____________ သတ္တဝါများ မသိနိုင်ခြင်း { ၅ } မျိုး ____________ ဇီဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။ (၁)ငါသည် ဘယ်အသက်အရွယ်မှ သေရမလဲဆိုတာ မသိရပါ ။ (၂)ငါသည် ဘယ်အနာရောဂါနဲ့ သေရမလဲဆိုတာမသိရပါ ။ (၃)ငါသည် ဘယ်အချိန်မှာ သရမလဲဆိုတာ မသိရပါ ။ (၄)ငါသည် ဘယ်သုသာန်မှာ စွန့်ပစ်မီးရှို့ခံရမလဲဆိုတာမသိရပါ ။ (၅)ငါသည် သေပြီးရင်ဘယ်ဘဝရောက်မလဲဆိုတာ မသိရပါ ။ ဘယ်သက်ရွယ်မှာ၊ ဘယ်ရောဂါနှင့်၊ ဘယ်ခါကာလ၊ ဘယ်ဒေသ၌၊ သေရမည်မှာ၊တို့ သူ ငါ မှန်စွာမသိပါတကား။ ငါနှင့်ရွယ်တူ ၊ ငါအောက်လူ ၊ ကြီးသူသေကြ ၊ များလှပြီ။ ခဏမစဲ ၊ အိုစမြဲ ၊ ငါလည်းသေဘက် ၊ နီးခဲ့ပြီ ။ မသေသေးမှီ ၊ ပါရမီ ၊ ငါသည်ဖြည့်မှ ၊ သင့်တော့မည် ။ သေခြင်းတရားဟာ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီပါ။ နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်ဆိုတာလို မနက်ဖြန်ဆိုတာကပဲ့ဝေးအုံးမယ်၊ နောင်ဘဝဆိုတာက အနီးလေး၊ လျှပ်တပြက် အချိန်မရွှေး သေဆုံးပြီး နောက်ဘဝကူးသွားနိုင်တယ် ။ သေမင်းနဲ့က အချိန်းအချက်မရှိ၊ ဘယ်အချိန်လာခေါ်မယ်ဆိုတာလည်းမသိ၊ ရုတ်တရက်ကြီးလည်း သေမင်းက လာခေါ်နိုင်တယ် ။ သူလာခေါ်စဉ် ထလိုက်သွားရတဲ့အချိန် ကုသိုလ်ရိက္ခာတွေပါသွားမှ သင့်တော်မယ်။ ကုသိုလ်ရိက္ခာ ပါသွားမှလည်း ဘဝသံရာမှာ ကျင်လည်စဉ် အထက်တန်းကျကျ မျက်နာပန်းလှလှနေကြရမှာပါ...။ ကုသိုလ်ရိက္ခာတွေပါသွားရအာင် ခုလို ရှင်သန်နေစဉ် အချိန်းလေးမှာ ကောင်းမှု့ကုသိုလ်တွေ ရသမျှ စုဆောင်းထားဖို့ လိုအပ်တယ်။ အကြီးအကျယ် ကုသိုလ်ကောင်းမှုမလုပ်နိုင်တောင် လောဘ၊ဒေါသ၊မောဟ အတ္တမာန်မာနတွေ လျှော့၊ သတ္တဝါတွေအပေါ်မေတ္တာထားဆက်ဆံ၊ စိတ်ကောင်းလေး နေ့စဉ်မွေးပြီး နေမှပဲ့ သင်တော်မယ်လို့မိမိကိုယ်ကို ဆင်ခြင်သုံးသပ် နေမိပါတော့တယ်...။ အချိန်မရွေးသေဆုံးနိုင်သည် သတိလေးနဲ့နေကြပါ ။ မျိုးဆက်သစ်အရှင်(ဖိုလေးလုံး) သံေဝဂတရား အခ်ိန္မေ႐ြးေသနိုင္သည္ ____________ သတၱဝါမ်ား မသိနိုင္ျခင္း { ၅ } မ်ိဳး ____________ ဇီဝိတံ ဗ်ာဓိ ကာေလာ စ၊ ေဒဟနိေကၡပနံ ဂတိ။ (၁)ငါသည္ ဘယ္အသက္အ႐ြယ္မွ ေသရမလဲဆိုတာ မသိရပါ ။ (၂)ငါသည္ ဘယ္အနာေရာဂါနဲ႕ ေသရမလဲဆိုတာမသိရပါ ။ (၃)ငါသည္ ဘယ္အခ်ိန္မွာ သရမလဲဆိုတာ မသိရပါ ။ (၄)ငါသည္ ဘယ္သုသာန္မွာ စြန့္ပစ္မီးရွို႔ခံရမလဲဆိုတာမသိရပါ ။ (၅)ငါသည္ ေသၿပီးရင္ဘယ္ဘဝေရာက္မလဲဆိုတာ မသိရပါ ။ ဘယ္သက္႐ြယ္မွာ၊ ဘယ္ေရာဂါႏွင့္၊ ဘယ္ခါကာလ၊ ဘယ္ေဒသ၌၊ ေသရမည္မွာ၊တို႔ သူ ငါ မွန္စြာမသိပါတကား။ ငါႏွင့္႐ြယ္တူ ၊ ငါေအာက္လူ ၊ ႀကီးသူေသၾက ၊ မ်ားလွၿပီ။ ခဏမစဲ ၊ အိုစၿမဲ ၊ ငါလည္းေသဘက္ ၊ နီးခဲ့ၿပီ ။ မေသေသးမွီ ၊ ပါရမီ ၊ ငါသည္ျဖည့္မွ ၊ သင့္ေတာ့မည္ ။ ေသျခင္းတရားဟာ ေကြးေသာလက္မဆန့္မွီ ဆန့္ေသာလက္မေကြးမွီပါ။ ေန႕ျမင္ညေပ်ာက္၊ ညျမင္ေန႕ေပ်ာက္ဆိုတာလို မနက္ျဖန္ဆိုတာကပဲ့ေဝးအုံးမယ္၊ ေနာင္ဘဝဆိုတာက အနီးေလး၊ လွ်ပ္တျပက္ အခ်ိန္မေ႐ႊး ေသဆုံးၿပီး ေနာက္ဘဝကူးသြားနိုင္တယ္ ။ ေသမင္းနဲ႕က အခ်ိန္းအခ်က္မရွိ၊ ဘယ္အခ်ိန္လာေခၚမယ္ဆိုတာလည္းမသိ၊ ႐ုတ္တရက္ႀကီးလည္း ေသမင္းက လာေခၚနိုင္တယ္ ။ သူလာေခၚစဥ္ ထလိုက္သြားရတဲ့အခ်ိန္ ကုသိုလ္ရိကၡာေတြပါသြားမွ သင့္ေတာ္မယ္။ ကုသိုလ္ရိကၡာ ပါသြားမွလည္း ဘဝသံရာမွာ က်င္လည္စဥ္ အထက္တန္းက်က် မ်က္နာပန္းလွလွေနၾကရမွာပါ...။ ကုသိုလ္ရိကၡာေတြပါသြားရအာင္ ခုလို ရွင္သန္ေနစဥ္ အခ်ိန္းေလးမွာ ေကာင္းမႈ႕ကုသိုလ္ေတြ ရသမွ် စုေဆာင္းထားဖို႔ လိုအပ္တယ္။ အႀကီးအက်ယ္ ကုသိုလ္ေကာင္းမႈမလုပ္နိုင္ေတာင္ ေလာဘ၊ေဒါသ၊ေမာဟ အတၱမာန္မာနေတြ ေလွ်ာ့၊ သတၱဝါေတြအေပၚေမတၱာထားဆက္ဆံ၊ စိတ္ေကာင္းေလး ေန႕စဥ္ေမြးၿပီး ေနမွပဲ့ သင္ေတာ္မယ္လို႔မိမိကိုယ္ကို ဆင္ျခင္သုံးသပ္ ေနမိပါေတာ့တယ္...။ အခ်ိန္မေ႐ြးေသဆုံးနိုင္သည္ သတိေလးနဲ႕ေနၾကပါ ။ မ်ိဳးဆက္သစ္အရွင္(ဖိုေလးလုံး)
via အလင္းေရာင္ ဓမၼ https://ift.tt/2oV29Uh
Newer Post
Older Post
Home