အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 29, 2019
“အထက်မြတ်ဆုံးကံ” 🙏🙏🙏🙏🙏🙏 အရေးကြီး မှတ်ဖို့က ရှေးကပြုခဲ့တဲ့ အကုသိုလ်ကံတွေကို လွှမ်းမိုးချေဖျက်နိုင်စွမ်းရှိတဲ့ အလွန်အင်အားထက်တဲ့ ကုသိုလ်ကံတွေ အမှန်တကယ်ရှိပါတယ်။ အဲဒါကို သတိထားကြရမယ်။ မိမိလုပ်ခဲ့တဲ့ မကောင်းမှုကို ဘယ်ဘုရားမှ ပေါ့သွားအောင် လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူမှရတယ်။ လုပ်ယူရင်ရတယ်။ အဲဒီကံက ဘာလဲဆိုတော့ အချုပ်အားဖြင့် “အပ္ပနာဈာန်” ဆိုက်အောင် မြင့်မြတ်တဲ့ မေတ္တာဘာဝနာ၊ ဝင်လေထွက်လေ အာနာပါန ဘာဝနာတွေဟာ အထက်ဆုံးကံတွေလို့ မှတ်ကြ။ တဆင့်တက်ပြီး ဝိပဿနာမဂ် ကုသိုလ်ကံတွေဟာ လောကကြီးထဲမှာ နေချင်နေ၊ လောကထဲက ထွက်ချင်ထွက် အမြဲတမ်းစိတ်ချမ်းသာစေမယ့် အမြဲတမ်း လက်ကိုင်ထားရမယ့် အထက်မြတ်ဆုံးကံတွေ အထက်မြတ်ဆုံး လက်နက်ကြီးတွေပဲ။ (တောင်တန်းဆရာတော်ဘုရာကြီး၏ “ကမ္မနိယာ” တရားတော် စာမျက်နှာ-၈၂၊၈၃မှ)
via အလင်းရောင် ဓမ္မ https://ift.tt/2nwhfhS
Newer Post
Older Post
Home