အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 23, 2019
ငါ့မှာ ရိက္ခာတွေ ရှိပြီလား <><><><><><><><> တစ်နေ့မဟုတ် တစ်နေ့ အရွယ်ရလာတာနဲ့ တစ်ပြိုင်နက် ဘုန်းကြီးတို့ ဘဝဟာ သစ်ရွက်ဝါ ဖြစ်လာကြပြီ … ကြွေမယ် … မကြာခင် … လေပြည်ကလေး မတို့လိုက်နဲ့ တို့လိုက်တာနဲ့ ❝ ဘုတ်ကနဲ ❞ ဆို ကြွေကြတော့မှာ … အဲဒီလို ရင့်ရော်လာတဲ့ အရွက်ဖြစ်လာတဲ့ အပြင် သေမင်း တမန်တွေကလည်း အိမ်တံခါး လာခေါက်နေပြီ … ဘယ်ကနေ ခေါက်လဲ - 🔹ခေါင်းကိုလည်း ခေါက်တာပဲ 🔹ပါးစပ်ကိုလည်း လာခေါက်တာပဲ အဲဒီလို ခေါက်လိုက်တာနဲ့ သွားတစ်ချောင်း ပြုတ်ထွက်သွားတယ် … ခေါင်းတစ်ချက်ခေါက်လိုက်ရင် ဆံပင်တွေ ဖြူသွားတယ် … အဲ့ဒီလို သေမင်းရဲ့တမန်တွေကလည်း တံခါး လာခေါက်နေကြပြီ … သေဖို့ လမ်းဆုံလမ်းဝ ရောက်နေကြပြီ … အဲ့ဒီအချိန်မှာ ရိက္ခာရှိပြီလား ကိုယ့်မှာ စဉ်းစားရမှာ … ကုသိုလ်ဆိုတဲ့ ရိက္ခာတွေ ကိုယ့်မှာ ရှိပြီလား ? ပါပြီလား ? … အေး … မရှိသေးဘူး မပါသေးဘူး ဆိုရင် ရှိအောင်လုပ် ပါအောင်လုပ် နော် … ရိက္ခာဆိုတာ အရေးကြီးတယ် … ကိုယ့်ကိုကိုယ် ပြန်စဉ်းစားကြ.. ❝ ငါ့မှာ ရိက္ခာတွေ ရှိပြီလား ❞ လို့ … #ပါချုပ်_ဆရာတော်_ဘုရား 📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌 Credit , Original Uploader
via အလင်းရောင် ဓမ္မ https://ift.tt/34XZ31P
Newer Post
Older Post
Home