အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 23, 2019
အရာအားလုံးဟာ ဒုက္ခပါ ▬▬▬▬▬▬▬▬▬ အားလုံးဟာ ဒုက္ခသစ္စာပဲ လို့ ဘုရားရှင်ဟောတယ် ကိုယ်ချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူ မနေရတာ ဒုက္ခသစ္စာ မချစ်မနှစ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ နေရတာလည်း ဒုက္ခသစ္စာ အလိုရှိတဲ့ ဝတ္ထုအာရုံကို မရလို့ ပင်ပမ်းရတာလည်း ဒုက္ခသစ္စာ . . . နော် ။ ဒါဆို ရုပ်ကို စွဲလန်းနေတဲ့ ခန္ဓာ , ဝေဒနာကို စွဲလန်းနေတဲ့ ခန္ဓာ။ သညာ , သင်္ခါရ , ဝိဉာဏ်တည်းဟူသော ( ခန္ဓာငါးပါး ) "ဥပါဒါနက္ခန္ဓာငါးပါး" တို့ကို ရခြင်းကြောင့် ပင်ပမ်းရတာလည်း ဒုက္ခသစ္စာ ဆိုတော့ ဒကာ, ဒကာမတွေ တစ်ကိုယ်လုံးမှာ သုခလေး ရှာကြည့်ပါဦး ။ ဆံချောင်းလေးကြားမှာ , လက်သည်းခွံကြားမှာ သုခ တွေ့ရဲ့လား ? ( မတွေ့ပါဘုရား ) ဟာ အရင်တုန်းက ခင်ဗျားတို့ပဲ "လူချမ်းသာကြီး" ဆိုပြီး ပြောလာလိုက်တာ ဒီလောက်ရှိရင် ဘယ်သူ့မှ အရေးစိုက်စရာ မလိုဘူး တသက်တာ ဘယ်တော့မှ မဆင်းရဲဘူး ဘာလေးကို မျက်စောင်းထိုးနေတယ် ? အထုပ်ကလေးကို ဟုတ်လား ? အထုပ်က ငယ်သေးတော့ ဒိထက်ကြီးအောင်လုပ် ဟုတ်လား ဘာအထုပ်လဲ ဆိုရင် ဥပါဒါန်ထုပ် = သမုဒယထုပ် ဟုတ်လား ? သမုဒယအထုပ် ကြီးလေလေ အဝီစိငရဲကို ရောက်လေလေ , ဘာက အဝီစိကို ပို့မှာလဲ ? အထုပ်ကို စွဲတဲ့စိတ်က ပို့မှာ ရှင်းရဲ့လား ။ ( တင်ပါ့ဘုရား ) ဒီစိတ်နဲ့ သေလို့ရှိရင် အဲဒီ ပစ္စည်းပေါ်မှာ တွယ်တာကပ်ငြိနေတဲ့ ဥပါဒါန် သမုဒယသစ္စာ က = ဒုတိယဘဝဆီ ပို့ပေးလိုက်တယ် ။ နှလုံး မသာယာသောစိတ် - ဒေါမနဿ စိတ် အဲဒီစိတ်နဲ့ သေရင် ငရဲပြည် ။ တရား မရှိသော ပုဂ္ဂိုလ်အတွက်ပါ ။ တစ်သက်လုံးမှာ လောဘ ဒေါသ မောဟဇောတွေနဲ့ ရှာဖွေစုစည်းပြီး နေလာခဲ့တာ ရသာရမယ်ဆိုရင် ဘနဖူးလည်း သိုက်တူးမှာပဲ တရားတာရော မတရားတာရော ရှာခဲ့တဲ့ ဥစ္စာပစ္စည်းတွေ လုပ်လာခဲ့တဲ့ ကံတရားတွေ , အကုသိုလ်ကံတွေက ဘယ်ကို ပို့လိုက်ပါလိမ့် ( မကောင်းသော ဘဝပါ ဘုရား ) အဲဒါလေး စဉ်းစားရတယ် ဟုတ်လား ကိုယ့်ဘဝလေးကို ချစ်တယ်ဆိုရင် သမ္မာအာဇီဝလုပ်ငန်းလေးနဲ့ သက်မွေးဝမ်းကြောင်းပြုပြီး ဉာဏ်ကလေးနဲ့ နေတတ်ပါစေ။ ဝိသမလောဘ လွန်ကဲလာရင် အဲဒီလောဘတွေက တစ်ကိုယ်လုံး ဥပါဒါန်ဖြစ် ( အစွဲ ) ကမ္မဘဝ ဖြစ်ပြီးတော့ တစ်နေ့လုံးမှာ ( သမုဒယသစ္စာအာရုံတွေနဲ့ သမုဒယဒုက္ခ ) သမုဒယဒုက္ခနဲ့ ရက် လ နစ်တွေ များလာလို့ရှိရင် အထုပ်ကြီး ဖြစ်လာတယ် ဟုတ်လား အကုသိုလ်အထုပ်တွေ စုဆောင်းတာများလာရင် ခန္ဓာကိုယ်ထဲ မဆန့်ဘဲ ပွင့်ထွက်လာတဲ့နေ့မှာ ဒကာ , ဒကာမတွေ အပါယ်လေးဘုံ ဟုတ်လား ? အဲဒါ ကိုယ့်ကိုယ်ကို ချစ်လို့လား ? မချစ်လို့လား ? ( မချစ်လို့ပါ ဘုရား ) ဒါကြောင့်မို့ ဒကာ, ဒကာမတို့ဟာ သမုဒယအကြောင်းရင်းခံလို့ ဒုက္ခသစ္စာ ဖြစ်နေရပြီ ။ နောက်တဖန် ခန္ဓာကိုယ်ထဲမှာ အရိယာမျိုးစေ့ ဝိပဿ နာဉာဏ်ပညာ ကျင့်ကြံအားထုတ်မှု မရှိသေးဘူး ဆိုရင် - ဝေဒနာပစ္စယာ တဏှာ တဏှာပစ္စယာ ဥပါဒါန် ဥပါဒါနပစ္စယာ ကမ္မဘဝ ဘာသစ္စာ ပြည့်စုံသွားတယ် သမုဒယသစ္စာပါဘုရား ဒီတော့ ဒုက္ခသစ္စာပေါ်မှာ သမုဒယသစ္စာ ထပ်ပြီးရင်း ထပ်တော့ သေလွန်လို့ရှိရင် ကမ္မဘဝ ပစ္စယာ ပြိတ္တာ အိမ်မြှောင် တောက်တဲ့ ဇီးကွက် နွား ဆိတ် ဝက် ကြက် စသည်ဖြင့် ဟုတ်လား , ရှင်းပြီနော်။ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ သြဝါဒ ဓမ္မ နှစ်သက်သူ။
via အလင်းရောင် ဓမ္မ https://ift.tt/2IkXykB
Newer Post
Older Post
Home