အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 16, 2019
ရလိုစိတ်နဲ့ မျှော်လင့်မိတဲ့နေ့ကစပြီး သင် စိတ်ဆင်းရဲရတော့မယ်။ မနာလိုစိတ်နဲ့ တိုက်ခိုက်မိတဲ့နေ့ကစပြီး သင် ရှုံးနိမ့်ရတော့မယ်။ အားငယ်စိတ်နဲ့ ချောင်ကပ်ငိုမိတဲ့ နေ့ကစပြီး သင် လဲကျရတော့မယ်။ လက်မလွှတ်နိုင်စိတ်နဲ့ သီးခံမိတဲ့ နေ့ကစပြီး သင် တန်ဖိုးချခံရတော့မယ်။ အပျော်လွန်စိတ်နဲ့ မတွေးခေါ်မိတဲ့ နေ့ကစပြီး သင် ဘဝပျက်ရတော့မယ်။ အတ္တစိတ်နဲ့ မိုက်မဲမိတဲ့ နေ့ကစပြီး သင် နောင်တရရတော့မယ်။ မစာနာစိတ်နဲ့ နှုတ်လွန် လက်လွန်မိတဲ့ နေ့ကစပြီး သင် ဝဋ်ခံရတော့မယ်။ ကိုယ့်စိတ် ကိုယ်ပြင် ကိုယ့်အသိ ကိုယ်မြင် ကိုယ့်အတွေး ကိုယ်ဂရုစိုက်ပါလေ..... #မနောသီရိ #အတွေးနဲ့အမြင်စာစုလေးများ
via အလင်းရောင် ဓမ္မ https://ift.tt/30j71z5
🙏• လူ့ဘဝရောက်တုန်း… • သာသနာနဲ့ ကြုံတုန်း… • နည်းပေးမယ့် ဆရာသမားတွေ ရှိတုန်း… • အရွယ်နဲ့ ကျန်းမာရေးကောင်းတုန်း… • ဒီအချိန်မှာ တို့…ပရမတ်ကို မြင်သိဖို့လိုတယ်… 🙏• တို့ ပရမတ်ကို မြင်သိရင် တို့လူသိ။ • အဲဒါမှ လူ…… • တို့လူ့ဘဝရောက်တုန်းသာ • ဒီအမြင်…ဒီအသိကို သိနိုင်တာ။ 🙏• တို့ …ပရမတ်ရဲ့ သဘောသဘာဝမှာတင် • အာရုံခံစားလို့ရှိရင်... • ကိလေသာတွေ ဝင်စရာမရှိဘူး။ • ပညတ်အပေါ်မှာ ကိလေသာဝင်တာ။ 🙏မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး🙏 ……………………………………………………… ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။ Credit to original uploader.
via အလင်းရောင် ဓမ္မ https://ift.tt/2I97DkO
#သေခါနီးဘာကိုနှလုံးသွင်းမလဲ ? ❤❤❤❤❤❤❤❤❤❤❤ 💙ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။💙 💚သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး💚 💙အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။💙 ♥️♥️ဝိပဿနာကိုသာ အားကိုးပါ။♥️♥️ 💔မသေခင် အမြဲနှလုံးသွင်းနေတာက လောဘ-ဒေါသ - မောဟ။ လောဘနှင့်သေ ➳ ပြိတ္တာ၊ ဒေါသနှင့်သေ ➳ ငရဲ၊ မောဟနှင့်သေ ➳ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး.... ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့.... ရှင်းရှင်းလေးပါ။ လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း 💔အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။ 💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔 💙အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် 💙ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းတော့ဖြစ်ပါလိမ့်မယ်။ 💛အလောဘ၊ အဒေါသ၊ အမောဟ သုံးပါးနဲ့ သေရင် (ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) သာလျှင် 💛တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။ ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။ ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေ သူတွေပါ။ 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 💙ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။ 💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙 ♥️♥️♥️(၁) ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကို နာရ၍သော်လည်းကောင်း၊ ♥️♥️♥️(၂) သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကို နာရ၍သော်လည်းကောင်း၊ ဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် ♥️♥️♥️(၃) အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ ❣️သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရား❣️ ❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️ ကိုနားဖူးမှသာ ရပါမယ်။ 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 💜(ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊)ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။ 💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜 ဒီမှာက ဒီလိုမဟုတ်ဘူး....... 💛ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် 💛တဏှာနိရောဓော 💛ဒိဋ္ဌိနိရောဓော 💛အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား ......... 💥သောတာပန်၊💥 သကဒါဂါမ်၊ 💥အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း ........ နောင်ဘဝမှာ 💥အရိယာဖြစ်နိုင်ပါတယ်။ ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤ မှီငြမ်း ❆ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ....... ဆရာတော်ဘုရားကြီး၏ ဥပနိဿယခံယူလျှက် Yarzar #Credit-Yar Zar acc #Copy KTW 🌹သဘောပါနိုင်ကြပါစေ!🌹 #Photo ဇနိတာရာမရိပ်သာယောဂီများ .
via အလင်းရောင် ဓမ္မ https://ift.tt/2QcNX60

🏵 မိုးကုတ်ဆရာတော်ကြီး၏ အဆုံးအမများ 🏵 ⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍ ၁။ သပိတ်သွတ်ခံရရင် အရှက်ခွဲခံရတာပဲ *********************************** ခင်ဗျားတို့သေလို့ သပိတ်သွတ်တယ်ဆိုတာ ဂတိမမြဲသေးလို့ လုပ်ကြရတာ။ မတော်တဆ အပါယ်များ ရောက်နေမှာလားဆိုပြီး လုပ်ကြရတာ။ အဲဒီတော့ သူတော့မသေချာဘူး သပိတ်လေး သွတ်အုံးမှဆိုတာ တကယ်တော့ "အရှက်ခွဲခံရတာပဲ"။ ဒါကြောင့် သေမှ အရှက်ခွဲမခံရအောင် အပါယ်လေးပါး ပိတ်ထားနိုင်အောင် တရားအားထုတ်ကြ။ ငါသေရင် သပိတ်မသွတ်နဲ့လို့ ရဲရဲတင်းတင်းမှာနိုင်အောင် ကြိုးစားကြ။ ၂။ ဝေဒနာနှင့် တဏှာကြားမှာ ဘုရားပွင့် *********************************** ဘုရားဖြစ်တယ်ဆိုတာ သစ္စာသိလို့ ဘုရားဖြစ်တာ။ ပဋိစ္စသမုပ္ပါဒ်နဲ့ပြောရင် ဝေဒနာ နိရောဓါ တဏှာ နိရောဓေါ ဖြစ်လို့ ဘုရားဖြစ်တာ။ အဲဒီတော့ သူ့သန္တန်ဝေဒနာက တဏှာမကူးတော့လို့ ဝေဒနာနဲ့ တဏှာရဲ့အကြားမှာ ဘုရားပွင့်တာပါ။ ဗုဒ္ဓဂယာမှာပွင့်တယ်ဆိုတာ သဏ္ဍာန်တော်ဘုရား။ ဒါက ဥာဏ်ဘုရား။ ခင်ဗျားတို့လည်း အရိယာဖြစ်ချင်ကြတယ်ဆိုရင် "ဝေဒနာက တဏှာကို မကူးစေနဲ့"။ ၃။ အပင်းစာ ဆို့နေကြတာ ********************************* ခင်ဗျားတို့ ထမင်းစားတဲ့အခါ တဏှာ ဥပါဒါန် ကံမြောက်အောင် စားကြတာ။ ဒိဋ္ဌိအုပ်ချူပ်တဲ့ကံကြောင့် အပါယ်လေးပါးကို ရောက်သွားလိမ့်မယ်။ ထမင်းစားတဲ့အခါ ဝိပဿ နာမပါဘဲ စားနေကြရင် (အပါယ်ရောက်ကြောင်း) ဖြစ်တဲ့ အပင်းစာဆို့နေကြတာနဲ့ အတူတူပဲလို့သာ မှတ်ကြ။ ၄။ သေချင်းဆိုးသေမဲ့လမ်းကျတော့ သွက်လိုက်တာ ************************************* ကိလေသာဖြင့် တို့များအချိန်ကုန်နေပုံကို ဆရာတော်ဘုရားကြီး မိန့်တာက - "ခင်ဗျားတို့ ဝိပဿ နာရူ့ရမှာတော့ ပျင်းစရာကောင်းလိုက်တာ။ အစားအသောက် ကောင်းတွေစား၊ ဓါတ်ရှင်(ရုပ်ရှင်)တွေပဲ ကြည့်ပြီး လမ်းသလားချင်နေကြတာပဲ သိတယ်။ အေး အဲဒါပြောတာပေါ့။ "သေချင်းဆိုးနဲ့သေမဲ့ လမ်းကသွက်တယ်" ဆိုတာ အဲဒါပြောတာပဲ။ ၅၊ တိရစ္ဆာန်ရုံထဲက မျောက်တွေလို ******************************** ပုထုဇဉ်သဘာဝ တဏှာခိုင်းစေသမျှ ကျင်လည်လုပ်ဆောင်နေကြရတဲ့ တို့များဘဝကို ဆရာတော်ဘုရားကြီး မိန့်တော်မူတာက - "ဘုန်းကြီးက ခင်ဗျားတို့ကို မလုပ်ဘဲနဲ့ ချမ်းသာတဲ့ နည်းပေးမယ်။ ခင်ဗျားတို့ မလုပ်ပဲမနေနိုင်ပါဘူး။ လုပ်ကြမှာပဲ။ ဘာနဲ့တူလည်းဆိုတော့ "တိရစ္ဆာန်ရုံထဲက မျောက်တွေလိုပဲ"တဲ့။ ၆။ ရှေ့နေ ကိုတဏှာ ****************************** အလှူ ဒါနပြုကြတဲ့နေရာမှာ သစ္စာဥာဏ်မပါပဲ ဘဝသမ္ပတ္တိကို တောင့်တ လှူ ကြတဲ့ ဝဋ်ဒါနနဲ့ပတ်သက်ပြီး မိန့်တော်မူတာက - ခင်ဗျားတို့က ဒုက္ခသစ္စာဆိုတဲ့ ဘုံဘဝတွေကို တောင်းတပြီး ငွေကုန်ကြေးကျခံပြီး လှူ ကြတာဟာ ထောင်ကျနေတဲ့လူက ငွေထိုးပြီး ထောင်ပြောင်းခိုင်းတာနဲ့တူတယ်။ ထောင်ကလွတ်ပါစေဆိုတာမပါဘူး။ တကယ်တန်း ဆုတောင်းအာရုံပြုတော့ ဒုက္ခသစ္စာကိုကြိုက်နေတဲ့ တဏှာက ရှေ့ကလာပြီး တရားခွင်မှာ ကိုယ့်ကိုသတ်မဲ့လူကို ရှေ့နေငှားမိသလို- ခင်ဗျားတို့ကို သေအောင်လုပ်မဲ့ "တဏှာကို ရှေ့နေငှားကြတယ်"ဟူ၏။ ၇။ မျောက် အနာရသလို ************************************ ပုထုဇဉ်များ ဒုက္ခသစ္စာတွေ တစ်ခုပြီးတစ်ခုရအောင် အဝိဇ္ဇာအုပ်ချူပ်သော ကံများပြုလုပ်ကြပုံကို မိန့်တော်မူတာက ဒီလိုပါ - "ခင်ဗျားတို့ဟာ မျောက်အနာရတာနဲ့ သိပ်တူတယ်။ မျောက်အနာရရင် အနာကိုပျောက်အောင်မကုဘူး။ အနာကြီး သထက်ကြီးအောင် ကုတ်ဖဲ့နေကြတာ။ ခင်ဗျားတို့လဲ အခုခန္ဓာနာကို ပျောက်အောင်မကုပဲ အနာကြီးပွားရေးပဲ လုပ်နေကြတာ ဟူသတဲ့။ ၈။ ခင်ဗျားတို့မို့ တောင်းရဲတယ် *********************************** မင်းတို့ လူ့ချမ်းသာ နတ်ချမ်းသာ အကြိမ်ကြိမ် ခံစားစံစားရပါလို၏ ဆိုတာက အိုနာသေဘေးတွေ အကြိမ်ကြိမ် ရပါလို၏။ ဒုက္ခမျို စုံလည်း အကြိမ်ကြိမ် တွေ့ရပါလို၏။ နိဗ္ဗာန်ချမ်းသာကိုလည်း ဘယ်တော့မှ မရောက်ရပါလို၏ ဆိုတဲ့ အဓိပ္ပါယ်ရောက်သွားတယ်။ ဒါကို "ခင်ဗျားတို့မို့ တောင်းရဲတယ်"လို့ မိန့်တော်မူပါ၏။ ၉။ တဏှာက အငတ်ထားတာ ********************************* တစ်ခါတလေ ခင်ဗျားတို့ကို တဏှာက သူခိုင်းချင်တာခိုင်းပြီး အငတ်များထားလိုက်သေးတယ်။ ခင်ဗျားတို့ကလည်း ဒါကိုမရိပ်မိတဲ့အပြင် ဈေးရောင်းကောင်းတဲ့နေ့များဆိုရင် ဒီနေ့ မောရကျိုးနပ်တယ်လို့များ ပြောလိုက်သေးတယ်။ မှတ်ထား တဏှာက နွားရှင်နဲ့တူတယ်။ နွားရှင်က နွားကို မနားတမ်းခိုင်းစေပြီး မလုပ်နိုင်တဲ့ တစ်နေ့နွားသတ်ရုံပို့လိုက်တယ်။ ခင်ဗျားတို့ကိုလည်း တဏှာက အမောဆိုက်အောင် ခိုင်းပြီး သေတော့ "အပါယ်လေးပါးကို ပို့လိမ့်မယ်"တဲ့။ ၁၀။ လူ့အောက်ကျမှာတော့ ကြောက်တယ် ************************************ ခင်ဗျားတို့က လူ့အောက်ကျမှာတော့ကြောက်တယ်။ အပါယ်ကျမှာတော့ မကြောက်ကြဘူး။ အပါယ်ဘေးဆိုတာ လူ့အောက်ကျတာထက် အဆများစွာသာ၍ ဆိုးပါတယ်။ ဒီနေရာမှာ တေဝိဇ္ဇရဟန္တာအရှင်မြတ် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးကဝိ ပြောတာ သတိရပါ၏။ "အပါးလည်ရင် အပါယ်လားလိမ့်မယ်" ဆိုတာကိုပေါ့။ ၁၁။ အသေကို အရှင်နဲ့ကြည့်တာ ဝိပဿ နာ ********************************** ဝိပဿဿ နာဆိုတာ ကိုယ့်အသေကိုကြည့်ရတာ။ စိတ်တစ်ခုနဲ့ အသက်ရှင်တာဆိုတော့ စိတ်တစ်ခု ပျက်သွားတာနဲ့ သေသွားပြီ။ အဲဒါကို နောက်ဥာဏ်ကမြင်အောင် ကြည့်ပေးရမယ်။ ရှု့စိတ်အရူ့ခံကဖြစ်ပြီးပျက်သွားတော့ အသေ။ နောက်ကသိတဲ့ ဥာဏ်ကအရှင်။ အသေကို အရှင်နဲ့ရူ့။ ရှေ့စိတ်ပေါ်ပြီး မရှိတော့တာကို နောက်ဥာဏ်က သိအောင်လုပ်ပါတဲ့။ © မှတ်ချက် - ဆရာတော်ဘုရားကြီး၏ အာပေါ်အတိုင်းသာ ရေးတင်ပါသည်။ စာအုပ်အမည်မှာ "မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထူးထူးရှားရှားဩဝါဒများ"ဆိုသည့် ကိုနိုင်လင်းဟန်(ဓမ္မအလင်း)၏ စုစည်းတင်ပြထားသော စာအုပ်လေးဖြစ်ပါတယ်။ ဗုဒ္ဓဂယာရှိဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆွမ်းစားသွားတော့ ဒကာမတစ်ယောက် လှူလိုက်တဲ့ စာအုပ်ပါ။ အရှင်နန္ဒမာလာ Credit:# Min Mogok 📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚 ဖတ်မှတ်ပြီး ဓမ္မတရားတော်၊ ဓမ္မစာပေများကို ကုသိုလ်ပွားနိုင်ရန်အတွက် ထပ်ဆင့်၍ မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ Credit မူရင်းရေးသားပူဇော်သူ ဓမ္မဒါန🙏 Moe Sandar
via အလင်းရောင် ဓမ္မ https://ift.tt/31miteC

#နတ်ပြည်ရောက်ကြောင်း_အကျင့်ကောင်း🙏 •••••••••••••••••••••••••••••••• ပါချုပ်ဆရာတော်ဘုရားကြီး ပြောပြတဲ့ နတ်ပြည်ရောက်သွားကြတဲ့ လူသုံးယောက် အကြောင်းလေး အကျဉ်းချုပ် မျှဝေပါရစေ... ကုသိုလ်၊ ကောင်းမှူပြုလို နတ်ပြည်ရောက်ကြတဲ့ ထဲမယ် ဒီလူသုံးယောက်ကတော့ နဲနဲထူးဆန်းတဲ့ဘဲ့ ပြောရမလား... တစ်ယောက်သောအမျိုးသားက ထူးထူးခြားခြား ဘာကုသိုလ်တွေလုပ်သလဲဆိုတော့ သူကို သူများက ဘယ်လိုဘဲ့ပြောပြော ဘယ်လိုဘဲ့ ဆဲဆဲ ဘယ်တော့မှ #စိတ်မဆိုးဘူးတဲ့ ဗျာ အမြဲတမ်း သူဟာ သီးခံတယ် တဲ့ သူဟာ အချိန်တန်တော့လည်း ဘဝဆိုတာ နောက်ဆုံး သေခြင်းတရားနဲ့ဘဲ့ အဆုံးသတ်ကြရတာဘဲ့ပေါ့ သေတော့ သူဟာ #နတ်ပြည်ရောက် သွားပါတယ်တဲ့ဗျာ... နောက်တစ်ယောက်ကတော့တဲ့ သူများတွေ ဘာဘဲ့ လာတောင်း လာတောင်း သူမှာရှိတာ ဘာဘဲ့ဖြစ်ဖြစ် နဲနဲဘဲ့ ဖြစ်စေ အမြဲတမ်း ပေးတယ်တဲ့ဗျာ #ဒါန ပေါ့ သူများတွေလာတောင်းရင် သူဟာ ဘယ်တော့မှ မငြင်းဘူးတဲ့ဗျာ (ဥပမာ) ပန်းသီးတစ်လုံး ရှိရင် တခြမ်းပေးလိုက်တဲ့ ပုံစံမျိုးပေါ့ဗျာ ဒီလူဟာလည်း လူသက်တန်ပြည့်တော့ သေရပြန်တာဘဲ့ပေါ့ သေတော့ သူလည်း #နတ်ပြည် ရောက်သွားတယ်တဲ့ဗျာ.... နော်တစ်ယောက်ကတော့ သူလည်း ထူးထူးခြားခြားဘဲ့ ဗျာ သူဘဝတစ်သက်တာမှာ သူဟာ ဘယ်တော့မှ မလိမ်ဘူးတဲ့ဗျာ #မုသာဝါဒ ကံ ရှောင်ကြင်တာပေါ့ဗျာ သူဟာဘယ်တော့မှ မလိမ်ဘူး စကားပြောရင် အမြဲတမ်း မှန်မှန်ကန်ကန်ဘဲ့ ပြောတယ်တဲ့ဗျာ #ဝစီသစ္စာ ခေါ်မှာပေါ့ သူလည်းသေတော့ #နတ်ပြည် တန်ရောက်တာဘဲ့တဲ့ဗျာ... သူတော်ကောင်းအပေါင်းတို့ခင်ဗျား ဒီအကြောင်းအရာ လေးကိုဖတ်ရှူပြီး နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ရင်တောင် အပါယ်ဆင်းရဲ မကျဖို့တော့ အရေးပါလှပါသည် ဒါကြောင့် နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်းကို ကျင့်ကြံအားထုပ်နိုင်ကြပါစေ... #ညီညီခိုင်_ခေတ္တလူပြည်
via အလင်းရောင် ဓမ္မ https://ift.tt/2Lv8NsG

Sunday, September 15, 2019
တစ်လအတွင်း ကံကောင်းလာစေရန် ❝ နည်းလမ်း (၅)သွယ် ❞ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ၁။မိမိဝင်ငွေ မည်မျှပင် နည်းပါးပါစေ (၁၀)ပုံ (၂)ပုံကို လှူပါ။ ရရှိလာသော ဝင်ငွေမှ ဖယ်ထား၍ မြတ်စွာဘုရားကို ဖယောင်းတိုင် တစ်ထုတ်ဖြစ်စေ၊ ပန်းတစ်စည်းဖြစ်စေ လှူပါ။ မိဘများ သက်ရှိထင်ရှားရှိလျင် မိဘများကိုလည်း လှူပါ။ ၂။ ဘာသာရေးအတွက် အချိန်ပေးပါ။ မည်မျှပင် အလုပ်ရူပ်သည် ဖြစ်စေ တစ်နေ့လျင် (၁)နာရီမျှလောက် ဘုရားရှိခိုး ပုတီးစိပ်ခြင်း ပြုလုပ်ပါ။ ၃။ တိရစ္ဆာန်လေးများကို အစားကျွေးပါ။ မိမိတွင် အကျိုးထူးစေရန် မရည်ရွယ်ဘဲ… ကြင်နာသနားစိတ်ဖြင့် ခို၊ ကျီး၊ ခွေး၊ ငါး၊ ကြောင် အစရှိသည့် တိရစ္ဆာန်လေးများကို အစာကျွေးပါ။ ၄။ မည်မျှပင် အလုပ်မအားသည်ဖြစ်စေ ပုံမှန် ဓိဌာန်တစ်ခု ဝင်ပါ။ ဥပမာ တစ်ရက်လျင် သရဏဂုံကို အခေါက်ရေ တစ်ထောင် ရွတ်ဖတ်ပူဇော်ခြင်း စသည်ဖြင့် ဓိဌာန်ဝင်ပါ။ မိမိအလိုချင်ဆုံး ဆုတစ်ခု တောင်းပါ။ ၅။ အားလပ်ရက်များတွင် ဘုရားရင်ပြင်တော်ကို တံမြက်စည်းလှည်းပါ။ အညံအဆိုးများ လွတ်ပါစေ ဆုတောင်းပါ …။ Credit - mmlivenews (ဓမ္မလက်ဆောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2I7W8dc

#လောဘကြီးရင် စကားချိုတယ်တဲ့.. #ဒေါသကြီးရင် စကားတိုတယ်တဲ့.. #မောဟကြီးရင် စကားအိုတယ်တဲ့.. အတိုကောက် ရေးလိုက်တော့ "လော ဒေါ မော ချို တို အို"တဲ့.. "လောဘကြီးရင် စကားချိုတယ်" စကားကို ချိုချိုလေးပြောတတ်တဲ့လူက တစ်ခါတစ်ရံကျတော့ သူချိုတာ #တကယ်ချိုနေတာလားဆိုတော့ သူက လိုချင်လောဘရှိလို့ ချိုနေတာ.. လောဘဆိုတဲ့ပုဂ္ဂိုလ်က အရာရာမှာ သူက ယဉ်ကျေးတဲ့ သဏ္ဌာန်ရှိတယ်..... ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကျတော့ မာဆတ်ဆတ်ပြောတော့ စကားတိုတယ်.. ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကျ သူက ဆောင့်ကြီးအောင့်ကြီးလုပ်တယ်လေ.. ဆောင့်တယ်၊ လမ်းသွားရင်တောင် ဒုန်းဒုန်းနဲ့ လုပ်တာ သူက.. တံခါးလည်း ဆောင့်ပိတ်ချင် ပိတ်တယ်.. ပန်းကန်တွေလည်း ဆောင့်ချချင် ချတယ်၊ ဒေါသကြီးလာလို့ရှိရင်.. မောဟကြီးတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်ဟာမှ သေသေသပ်သပ် မလုပ်ဘူး.. အကုန်လုံး ကို့ရို့ကားရားတွေဖြစ်တယ်.. ပြောသင့်တဲ့စကား၊ မပြောသင့်တဲ့စကား ခွဲခြားမသိဘူး #မသိသည့်အတွက်ကြောင့် သူပြောတဲ့စကားတွေက အရုပ်ဆိုးတယ်၊ အိုမင်းတယ်လို့ ဒီလိုပြောတာ.. ကို့ရို့ကားရားတွေများတယ်ပေါ့၊ ဒီလို အဓိပ္ပာယ်ကိုဆိုတာ.. လောဘ၊ဒေါသ၊မောဟဆိုတဲ့ အနေအထားတွေကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့အပြုအမူတွေ၊ အလုပ်အကိုင်တွေကို ကြည့်ပြီးတော့ သူ့ရဲ့လောဘ ရှိသလား၊ ဒေါသ ရှိသလား၊ မောဟ ရှိသလား ဆိုတဲ့ စိတ်နေစိတ်ထားကို ထောက်လှမ်း သိရှိနိုင်တယ်.. ဒါကြောင့်မို့ မြတ်စွာဘုရားက .. ငါ့ကို ထောက်လှမ်းချင်ရင် ပထမဆုံး မျက်စိနဲ့ ကြည့်ပြီတော့ ထောက်လှမ်း၊ နားနဲ့ နားထောင်ပြီးတော့ ထောက်လှမ်းတဲ့.. ငါ့စိတ်ထဲမှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာနတွေ၊ ဣဿာတွေ၊ မစ္ဆရိယတွေ ဒါတွေရှိသလား၊ မရှိဘူးလားဆိုတာ ထောက်လှမ်းကြည့်ပေါ့၊ ဒီလိုဆိုတာ..နော် အဲဒီလို ထောက်လှမ်းလိုက်တယ်ဆိုလို့ရှိရင် အဖြေက တစ်ခုခု ထွက်လာပြီလေ.. ပါချုပ်ဆရာတော်ကြီး Credit : Original Uploader.
via အလင်းရောင် ဓမ္မ https://ift.tt/31pSJy7
အတင်းအဖျင်းမပြောနဲ့ ▬▬▬▬▬▬▬ စကားအတင်း အချင်းချင်းပြောနေခြင်းသည် သူပြောရာ ကိုယ်စွဲ ကိုယ်ပြောရာ သူစွဲ အန်ဖတ်လဲစားသည်နှင့် ဘာမှမခြား။ လောကကြီးဟာ သူဖြစ်ချင်တာတွေ ဖြစ်နေတာ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာမဟုတ်။ ဆိုင်လို့လဲ ဝင်မရှုပ်နဲ့။ မဆိုင်လို့လဲ ဝင်မရှုပ်နဲ့။ သူယုတ်မာတွေဟာ သူတစ်ပါး မကောင်းကြောင်း မမေးဘဲ ပြောတတ်ကြ သည်။ မေးရင်လည်း ချဲ့ကားပြောကြသည်။ ကောင်းကြောင်းတော့ မမေးရင် မပြောဘူး။ မေးရင် သိတာကို လျော့ပြောတတ်ကြသည်။ ပုထုဇဉ်တွေဟာ သူတစ်ပါးအပြစ် ဇီးစေ့ လောက်ကို မြင့်မိုရ်တောင်လောက် မြင်တယ်။ ကိုယ့်အပြစ် မြင့်မိုရ်တောင်လောက်ကျတော့ ဇီးစေ့လောက်တောင် မပြောချင်ဘူး။ ဖုံးကွယ်ထားတတ်ကြသည်။ သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါး မကောင်းကြောင်း မပြောနဲ့။ ကိုယ်တော်ကြောင်းလည်း မပြောနဲ့။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး Via : Paral lel.
via အလင်းရောင် ဓမ္မ https://ift.tt/303zM6O

"ဝဋ်ကြွေး" ပါလာပြီဆိုလျှင်.. 🍃🍂🍃🍂🍃🍂🍃🍂🍃 ကိုယ်ကောင်းပေမယ့်သူမကောင်းတာ "ဝဋ်"ကြောင့်ပါ သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါတယ်။ သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်.. သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ။ ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါဘဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊ ကိုယ်မှာ အမှန်တကယ် ဝဋ်ကြွေးရှိနေပြီဆိုတာ။ ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ်တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရတတ်တယ်။ ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့တစ်ချို့လူတွေမမြင်ကြဘူး။ 🍃️ဝဋ်ဆိုတာ ဆပ်မှကျေမယ်။ 🍃ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာ မဟုတ်ဘူး။ ဝဋ်ကြွေးတွေကျေဖို့ သူမကောင်းပြောလည်း ကိုယ်ကသူ့ကိုမကောင်းပြန်မပြောနဲ့။ သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်ကအမုန်းပြန်မပေးနဲ့။ သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်ကသူ့ကိုတစ်မျိုး မထင်ပါနဲ့။ သူ့အပေါ်တင်နေတဲ့အကြွေးတွေ ကျေတော့မယ်ဆိုတာ သတိရပေးပါ။ သူဘာပေးပေး ကိုယ့်ဆီမှသူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။ မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။ အမုန်းတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ ဒီဘဝမှာ ဆပ်ခွင့်ရတဲ့အကြွေးကို ဒီဘဝမှာပဲဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားပါနဲ့။ ဝဋ်ဆိုတာဆပ်မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေးတစ်ခုခုကြောင့်ပါ။ 🍃🍂🍃 အရှင်ဇနက(မန္တလေးစာသင်သား)🍃🍂🍃 Credit ... စိုင်းသန့်ဇင်ထွန်း ================== ဗုဒ္ဓစာပေများ ရေးသားပြီး ဓမ္မဒါန ပြုသူများအဖွဲ့
via အလင်းရောင် ဓမ္မ https://ift.tt/303ODxW

နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ.. မိန်းကလေးတစ်ယောက် သေဆုံးသွားသည်။ သူ ... ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ။ လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်။ နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။ သေမင်းက ...ထိုမိန်းကလေးကို ပြောသည်၊ "လာ ... ကလေးမလေး သွားဖို့ အချိန်တန်ပြီ" မိန်းကလေး - "ဟင် ... မြန်လိုက်တာ ... သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီးကျန်သေးတယ်" သေမင်း - "တကယ်စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ ..." မိန်းကလေး - "ဦးလက်ထဲက သေတ္တာထဲမှာ ... ဘာတွေထည့်ထားတာလဲ?" သေမင်း - "မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ" မိန်းကလေး - "သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား ..." သေမင်း - "အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး ... အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ" မိန်းကလေး - "ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား" သေမင်း - "မှတ်ဉာဏ်က ...အချိန်နဲ့ပဲဆိုင်တာ" မိန်းကလေး - "ဒါဆို သမီးရဲ့ ပညာလား" သေမင်း - "ပညာက...ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ" မိန်းကလေး - "ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား" သေမင်း - "မဟုတ်ဘူး... မိတ်ဆွေတွေက မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့ ဧည့်သည်တွေ" မိန်းကလေး - "ဒါဆို သမီးရဲ့ ချစ်သူ လား" သေမင်း - "မဟုတ်ဘူး ... သူက မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ" မိန်းကလေး - "ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲဖြစ်ရမယ်" သေမင်း - "ဟင့်အင်း ... ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ" မိန်းကလေး - "ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ဝိညဉ်လား" သေမင်း - "သနားစရာကောင်းတဲ့ မိန်းကလေးရယ် ... မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ" မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီး ဇောချွေးပြန်လာသည်။ သူ မစောင့်နိုင်တော့ဘဲ သေမင်းလက်ထဲက သေတ္တာလေးကို ဆွဲယူဖွင့်လိုက်သည်။ အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိဖြစ်နေသည်။ သူ အသည်းကွဲသွားသည်။ မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။ မိန်းကလေး - "သမီး ဘယ်တုန်းကမှ ... ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ ဟုတ်သလား ..." သေမင်း - "ဟုတ်တယ် ... မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး" မိန်းကလေး - "ဒါဆို ဘယ်အရာက ... သမီးနဲ့ ဆိုင်ခဲ့သလဲ ..." သေမင်း - "မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ မင်း အသက်ရှိစဉ်အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင်ခဲ့တယ်၊ လူဘဝဆိုတာ မျက်တောင် တစ်ချက်ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ"တဲ့ ...။ မှတ်ချက် ။ ။ သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာ ကောင်းသောသူမဟုတ်ပါ၊ သင့်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။ သင့်ရဲ့ ...စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။ အသက်ကို တန်ဖိုးထားပါ။ အသက်မှာ ပျော်ရွှင်ပါ။ အသက်ကို ရှင်သန်ပါ။ သေမင်းသေတ္တာထဲမှာ ထည့်သွားနိုင်တဲ့ ... ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။ Ref : PEACE Photo#Online စွယ်စုံ Empathy
via အလင်းရောင် ဓမ္မ https://ift.tt/32J5ML6

ဗေဒင်နှင့် ယတြာချေခြင်း •••••••••••••••••••••••• ဗုဒ္ဓဝါဒနှင့် ဗေဒင်သည် လုံးဝဆန့်ကျင် ခြားနား၏။ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်၏။ ရေတစ်လမ်း မီးတစ်လမ်း ဖြစ်၏။ ယတြာချေသည့်အနေဖြင့် ဘုရားဆင်းတု တော်၏ ဦးခေါင်းမှ ရေတစ်ခွက်ပြီး တစ်ခွက် လောင်းချနေခြင်းမှာ ပြုသင့်ပြုအပ်ပါ၏လော။ ဗေဒင်ဆရာက ယတြာချေခိုင်းသောကြောင့် ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်ရာ၌ ဦးခေါင်းတော်အပေါ်မှ ရေတစ်ခွက်ပြီး တစ်ခွက် ခပ်သွက်သွက် လောင်းချနေ ကြသည်ကို တွေ့မြင်နေရပါသည်။ ဘုရားရှင်အပေါ် သက်တော်ထင်ရှား သဘောထားပြီး ကြည်ညိုတတ်လျှင် ဤသို့သော အပြုအမူမျိုးကို ပြုလိမ့်မည် မထင်ပါ။ အဘယ်ကြောင့်မူ ဤအပြုအမူမှာ ဘုရားရှင် အပေါ် မရိုသေ မလေးစားရာ အဂါရဝပြုရာ ရောက်နေသောကြောင့် ဖြစ်ပါ၏။ ဗေဒင်ဆိုင်ရာအယူအစွဲများ အားလုံးသည် ထေရဝါဒရှုထောင့်မှ သုံးသပ်လျှင် အကျိုး စီးပွားနှင့် မဆက်စပ်သော မှားယွင်းသော အယူအမြင်များချည်း ဖြစ်ပါ၏။ ယုံကြည်နေစရာမလို။ ဦးထိပ်ပန်နေစရာ မလိုပေ။ မိမိကိုးကွယ်သော ဘုရားရှင်၏ ရွှေမျက်နှာတော်ကိုသာ မော်ဖူးရန်လို၏။ မြတ်စွာဘုရားကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ဘာသာခြား ဝေဒပညာရှင်တို့၏ မျက်နှာကို မော်ကြည့်ရန်မလို။ ယတြာချေခြင်းသည် ထေရဝါဒဗုဒ္ဓ ဘာသာနှင့် မည်သို့မျှ မပတ်သက်။ မပတ်သက်ရုံမျှမက မြတ်စွာဘုရားက မိစ္ဆာ ဒိဋ္ဌိဟူ၍ ရှုတ်ချတော်မူသော ဗြဟ္မဏတို့၏ ဗေဒင်အတတ်မှ ဆင့်ပွားခြင်း ဖြစ်သော ကြောင့် သာသနာတော်နှင့်ဆန့်ကျင်၏။ မြတ်စွာဘုရားသည် ဗေဒင်ကို တိရစ္ဆာန် အတတ်ဟု ပယ်မြစ်တော်မူ၏။ သာသနာတော်နှင့်ဆန့်ကျင်သော ယတြာ ချေမှုကို လုပ်လိုသော် သာသနာ့ပရဝဏ် ပြင်ပ၌သာ လုပ်သင့်ပါ၏။ ဘုရားစေတီတော် ပရဝဏ်အတွင်းတွင် ဘုရားရှင် မနှစ်မြို့တော်မူသော ယတြာ ချေမှုကို မပြုသင့်ပါ။ ထေရဝါဒ အသိအမြင် နည်းပါးပြီး ဗေဒင် စေခိုင်းရာကို ဦးလည်မသုံ ကျေးကျွန် သဘောက်ပမာ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လိုက်နာဆောင်ရွက်နေသမျှ ကာလပတ်လုံး စိတ်ဓာတ်အဆင့်အတန်းနှင့် အတွေးအခေါ် သည် မည့်သည့်အခါမျှ မြင့်မားလာမည် မဟုတ်ပါချေ။ မိမိ၏ ကံ ဥာဏ် ဝီရိယကို လေးလေးပင်ပင် အသုံးမချသူများ မိမိ၏ကိုယ်ကျင့်တရားကို ခိုင်မာအောင် မပျိုးထောင်နိုင်သူများမှာ မိမိ၏အနာဂတ်အပေါ် ယုံကြည်မှုကို တည်ဆောက်၍မရပါ။ ထိုအခါ မိမိ၏အနာဂတ်ဘဝ မည်သို့ဖြစ် မည်ကို ဗေဒင်ဆရာ ဘိုးတော် မယ်တော် နတ်ကတော်တို့ထံ မေးမြန်းကြသည်။ စင်စစ် ဤသည်မှာ ရူးသွပ်မှုတစ်ခုသာ ဖြစ်၏။ လူတစ်ယောက်၏ အနာဂတ်ဘဝ ဘာဖြစ်မည်ကို ဘုရားရဟန္တာမှအပ တိတိကျကျ ဂဃနဏ ပြောနိုင်သူဟူ၍မရှိပါ။ ငြိမ်းအေးချမ်းမြေ့သော ဘဝကို ပိုင်ဆိုင်လိုသော်… "မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား" ဟူသော ဘုရားရှင်၏ အဆုံးအမတော်အတိုင်း လိုက်နာ ကျင့်သုံးဖို့သာ လိုပါ၏။ မည်သည့်ဗေဒင်ဆရာ၏ စကားကိုမှ လိုက်နာစရာ မလိုပေ။ ကောင်းမှုကိုသာ ဆောင်ပါ။ ယတြာကို ဆောင်ရန်မလိုပါ။ မြတ်စွာဘုရား၏ ဓမ္မဒေသနာများကို ကြည်ကြည်လင်လင် သိမြင်နားလည် သဘောပေါက်လာသော ထေရဝါဒီစစ်စစ် များသည် ဗေဒင်ကို မယုံကြည်။ ဗေဒင်ဆရာထံသို့လည်း လုံးဝမသွား။ ဗေဒင်လည်း လုံးဝမမေး။ ထေရဝါဒီစစ်စစ်တို့၏ ဘဝ၌ ဗေဒင်ပညာ ဗေဒင်ဆရာတို့၏ အခန်းကဏ္ဍ လုံးဝမရှိ။ ရှင်ရဟန်းများ ဗေဒင်အတတ်ကို လေ့လာ လိုက်စားခြင်း ဗေဒင်ဟောခြင်း မပြုရန်လည်း ဝိနည်းသိက္ခာပုဒ်များ ပညတ်၍ တားမြစ်တော် မူပါသည်။ မင်းနန် (မော်ကျွန်း) "ဓမ္မလမ်းညွှန် စာစုမွန်" စာအုပ်မှ
via အလင်းရောင် ဓမ္မ https://ift.tt/2UUVrck

ဒကာ ဒကာမ( ၄ )မျိုး .......................... ၁။ သဒ္ဓါလွန်၍ ဥာဏ်နည်းသော ဒကာ/ဒကာမ ၂။ ဥာဏ်ထက်၍ သဒ္ဓါနည်းသော ဒကာ/ဒကာမ ၃။ သဒ္ဓါ ၊ပညာ ပြည့်ဝသော ဒကာ/ဒကာမ ၄။ သဒ္ဓါ ၊ ပညာ နည်းသော ဒကာ/ဒကာမ ~~~~~~~~~~~~~~~ ပထမ အမျိုးအစား ~~~~~~~~ သာသနာအတွက် အကျိုးများသည်၊ မများသည် မသိ၊ ကြည်ညိုသင့်၊ မကြည်ညိုသင့် ကိုးကွယ်သင့်၊ မကိုးကွယ်သင့် နားမလည်ဘူး..။ ထင်မိထင်ရာ ကိုးကွယ် ဆည်းကပ်ကြသော သူများဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်တို့ကို အမှီပြု၍ သာသနာတော် များစွာပျက်စီးဆုပ်ယုတ်ပါတယ်...။ ဒုတိယ အမျိုးအစား ~~~~~~~ စိတ်သာရှင်စော ဘုရားဟောဟုဆိုကာ စိတ်ကောင်းရှိရင် ဘာဒါန၊ ဘာသီလ၊ ဘာ ဘာဝနာမှ လုပ်စရာမလိုဘူးဆိုကာ သာသနာတော်ကို အားပေးချီးမြှောက်မှု ဘာတစ်ခုမှ မလုပ်သော သူများဖြစ်ကြပါတယ်..။ ထိုပုဂ္ဂိုများကြောင့် ဘုရား ကျောင်းကန်၊ သာသနာ့ အဆောက်အဦးများ မပေါ်နိုင်သလို၊ စာသင်တိုက်တွေ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေလည်း မပေါ်နိုင်ပေ ။ သာသနာ (၅၀၀၀) မဆိုထားနဲ့ တစ်ရာတောင် မတည်နိုင်ပါဘူး..။ တတိယအမျိုအစား ~~~~~~~ သာသနာပြုမင်းကောင်းမင်းမြတ် ၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ သူဆင်းရဲ၊ ဗုဒ္ဓဘာသာအပေါ် ချစ်မြတ်နိုးသော သူတော်ကောင်းများ ဖြစ်သည်။ ထိုသူတို့ သာသနာတော်အပေါ် အားပေးချီးမြှောက်မှုကြောင့် ယနေ့တိုင် သာသနာတော်ဟာနှစ်ပေါင်း(၂၅၀၀)ကျော် တည်ခဲလေသည်။ စတုတ္ထ အမျိုးအစား ~~~~~~~ သဒ္ဓါ တရားလည်းမွဲ၊ ဥာဏ်လည်းနဲ့သော လူ့အကန်းတို့ပဲ ဖြစ်ပါတယ်။ ဘုရားကျောင်းကန်နဲ့လည်းဝေး၊ အလှူအတန်းနဲ့လည်းဝေး ၊ဥပုသ် ဇရပ် ၊ကမ္မဋ္ဌာန်းကျောင်းနဲ့လည်းဝေး၍ ....ပျော်ပျော်ပါးပါး စားစားသောက်သောက် ၊ကသောက်ကရောက် လူ့အကာ ၊အခွံ အသွံတို့ပဲဖြစ်ပါတယ် ။ သာသနာအတွက် ဘာမှအကျိုးမများသလို ၊သာသနာနဲ့တွေ့ရသော်လည်း လူဖြစ်ကျိုးမနပ်သော ပုဂ္ဂိုလ်များဖြစ်ပါတယ်...။ ဒကာ၊ဒကာမ(၄)မျိုးထဲမှာ မိမိဟာ ဘယ်နံပါတ်ထဲ ပါဝင်နေသလဲဆိုတာ...ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်၍ သဒ္ဓါ ပညာနဲ့ပြည့်စုံသော အကောင်းဆုံး ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ....။ CR# ရာမညနိကာယ
via အလင်းရောင် ဓမ္မ https://ift.tt/300GZoR

❝ ကောင်းသော ရက်၊ လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် … ❞ ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊ လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် - နံနက်ခင်းမှာ… အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက - မနက်ခင်းမှာ… ကာယသုစရိုက်၊ ၀စီသုစရိုက် မနောသုစရိုက်ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် အဲဒီနံနက်ခင်းဟာ … ကောင်းသောနံနက်ခင်းပါ။ နေ့လည်ခင်းမှာ… ကောင်းတာပြောတယ်၊ ကောင်းတာတွေးတယ်၊ ကောင်းတာလုပ်တယ် ဆိုလို့ရှိရင်လည်း ကောင်းသောနေ့လည်ခင်း ဖြစ်ပါတယ်။ ညနေခင်းမှာလည်းပဲ… အပြစ်ကင်းတဲ့ အတွေးတွေတွေးတယ်၊ အပြစ်ကင်းတဲ့စကားတွေပြောတယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်လို့ရှိရင် ကောင်းသောညနေခင်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ … ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်အဖို့ ဘယ်တော့ဖြစ်ဖြစ် နက္ခတ်က အကောင်းပါပဲ။ အဆိုးမရှိပါ။ သို့သော်… လူတွေက - အကောင်းအဆိုးဆိုတာ နက္ခတ်ကိုပဲ သွားရှာကြတယ်။ ဗေဒင် သွားမေးကြတယ်။ ကိုယ့်ရင်ထဲကအရာကိုတော့ မေ့နေကြပါတယ်။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ …။ ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ လောဘတွေ၊ ဒေါသတွေ မာန်မာနတွေ၊ ဣဿာတွေကိုတော့ အကောင်းထင်နေကြပါတယ်။ လောကမှာ… လူဆိုးဖြစ်တယ်၊ ရာဇ၀တ်မှုကို ကျူးလွန်တယ်ဆိုတဲ့ လူတွေဟာ သူ့စိတ်ကပဲ ကျူးလွန်တာပါ။ သူ့သန္တာန်မှာဖြစ်တဲ့ အကုသိုလ်တရားတွေက ဒီအလုပ်ကို လုပ်စေတာပါ။ ဆွဲခေါ်သွားတာက ကိုယ့်ရင်ထဲဖြစ်တဲ့ လောဘ၊ ဒေါသတွေက ဆွဲခေါ်သွားတာပါ။ ခံရတော့လည်း ကိုယ်ပဲခံရတာပါ။ အဲဒါကြောင့်မို့ … ကိုယ့်ရင်ထဲမှာဖြစ်တဲ့ အရာတွေဟာ၊ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မကောင်းတဲ့ သဘောထားတွေဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ အပါယ်ငရဲဆိုတာ အပြင်ကလာမချဘူး။ ကိုယ်လုပ်တော့ ကိုယ်ကပဲချတာပါ။ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ဒီတရားတွေက အပါယ်ချတာပါ။ အဲဒီတော့… ကိုယ့်သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ နည်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီလို လောဘ၊ ဒေါသ မောဟတွေနည်းအောင် ကြိုးစားတဲ့အချိန်ဟာ… “သုနက္ခတ္တံ” ကောင်းသောနက္ခတ်ပါပဲ။ ကိုယ့်အတွက် “သုမင်္ဂလံ” မင်္ဂလာအရှိဆုံးအချိန်ပါ။ စိတ်ဆိုးနေတဲ့အချိန်ဟာ မင်္ဂလာမရှိပါ။ စိတ်မဆိုးဘူး၊ မေတ္တာဘာဝနာ ပွားနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ် ရှိနေတယ်၊ မိတ်ဆွေမပျက်ဘူးဆိုရင် မင်္ဂလာရှိတဲ့အချိန်ပါပဲ …။ ဒါကြောင့်မို့ … မနက်မိုးသောက် အလင်းရောက်တဲ့အချိန်မှာဖြစ်စေ၊ နေ့လယ်အခါမှာဖြစ်စေ၊ ညနေအခါမှာဖြစ်စေ၊ မြတ်စွာဘုရား ဟောကြားထားတဲ့ လမ်းစဉ်အတိုင်း… ကျင့်ကြံကြိုးကုတ် အားထုတ်သွားကြမယ် ဆိုရင် … ကောင်းသောနံနက်ခင်း၊ ကောင်းသောနေ့လယ်ခင်း၊ ကောင်းသောညနေခင်း ဆိုတဲ့ အချိန်ပိုင်းတွေနဲ့ ကြုံတွေ့ပြီးတော့ ကောင်းသောဘ၀ကြီးတစ်ခုလုံးကို ဖြတ်သန်းပြီး… နောက်ဆုံးမှာ သံသရာဝဋ်ကလွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာသုခကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး “ပုဗ္ဗဏှသုတ်”လာ ကျင့်စဉ်အတိုင်း မိမိဘ၀ တိုးတက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေ ကုန်သတည်း ……။ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော ပုဗ္ဗဏှသုတ် အနှစ်ချုပ် တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ (ဓမ္မလက်ဆောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2Ng4HGV

Saturday, September 14, 2019
ကုသိုလ်ကောင်းမှုတွေကို #သွက်သွက်လက်လက်ပြုကြပါ 🙏🌹🌹🌹🌹🌹🌹🌹🌹🙏 ဘုရားရှင် ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်နဲ့အတူ တောထွက်သွားကြတဲ့ ပရိတ်သတ်တွေက ရှေးဦးစွာ ကျွတ်တမ်း ဝင်သွားကြပါတယ်။ ဒီ အခါးသမားတွေကတော့ လွယ်လွယ်နဲ့ ကျွတ်တန်း မဝင်ကြဘူး။ ဘယ်အချိန်ရောက်မှ ကျွတ်တမ်းဝင်ကြသလဲ ? နှောင်းခန်လို့ဆိုရတဲ့ သီဟိုဠ်ခေတ်တို့လို မြန်မာနိုင်ငံခတ်တို့လို ခေတ်တွေရောက်တဲ့အခါမှာ နည်းနည်းပါးပါး ကျွတ်တန်းဝင်ကြရတယ်။ ကောင်းမှုကုသိုလ် ပြုတဲ့ အခါမှာ ရှေ့တန်းကနေပြီး #သွက်သွက်လက်လက် ပြုကြပါ။ စိတ်မပါတပါနဲ့- *'တပည့်တော်တို့ကတော့ ဝါတွင်းလောက်တော့ ခဲထားပါတယ်ဘုရား၊ *တပည့်တော်ကတော့ ရှေ့နှစ်လောက်တော့ ခဲထားတယ်ဘုရား ' - စသည်ဖြင့် ဒီလို ရက်တွေ လတွေ ရွှေ့ဆိုင်းနေကြ မယ်ဆိုလျှင် ကုသိုလ်ကောင်းမှု တွေကို ဖင့်ဖင့်နွှဲ့နွဲ့ ပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ - ဘယ်နေရာက နေရမလဲ ? နောက်တန်းကပဲ နေရပါမယ်။ ရှေ့တန်းက ရနိုင်မလား ? မရနိုင်ဘူး။ ဒါကြောင့် သတိရှိကြဖို့ သိပ်လိုအပ်ပါတယ်။ ............................ 🙏 ဖားအောက်တောရ🙏 #ဆရာတော်ဘုရားကြီး #ဘဒ္ဒန္တအာစိဏ္ဏ ၏ 🙏🙏🙏 အာနာပါနကမ္မဋ္ဌာန်းပိုင်း (#စူဠသုညသုတ္တန်) **ငွေကံ့ကော်သုတ ဓမ္မရသ** မှ
via အလင်းရောင် ဓမ္မ https://ift.tt/2LwG9Ye
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)