အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, January 12, 2020
❝ ကံလမ်း နဲ့ ဥာဏ်လမ်း ကွာခြားပုံ ❞ ~~~~~~~~~~~~~~~~~~ ❋ အုန်းပင်ပေါ်က အုန်းသီးပေါ်မှာ ငှက်လည်း နားနေတယ် အိမ်မြောင်လည်းနားနေတယ်။ ❋ အုန်းသီးလည်း ကြွေရော ငှက်က အတောင်ပံခတ် ပျံပြီး နောက်တစ်ကိုင်းပေါ် နားနိုင်တယ်။ ❋ အိမ်မြောင်ကတော့ အုန်းသီးနဲ့အတူ ပါသွားပြီး အောက်ကိုပြုတ်ကျသေရသလိုပဲ ••• ❋ ဒါနနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။ သီလနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။ ဝိပဿနာနဲ့ ရောက်တဲ့ အရိယာနတ်တွေရှိတယ်။ ❋ သက်တမ်းကုန်တော့ ဒါန သီလနဲ့ လာတဲ့နတ်တွေက အပါယ်ပြန်ကျကုန်တယ်။ ကံလမ်းကိုး။ ❋ သောတာပန် အရိယာနတ်တွေကတော့ အောက်ကို မလာတော့ဘူး။ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်ကြတယ်။ ဥာဏ်လမ်းကွဲ့။ အနိမ့်ဆုံး သောတာပန် ဖြစ်ရင်ကို လောကမှာ နေပျော်သေပျော်ပြီ။ ပေါ့ပေါ့လေးနဲ့တော့ မရဘူး။ ဝေဒနာ ကျေးဇူးရှင်, ခန္ဓာနဲ့ရင်းမှရတယ်။ ❋ တရားက အင်မတန် ချမ်းသာတာ။ တရားချမ်းသာထက် ချမ်းသာတာ လောကမှာ မရှိဘူး။ အင်မတန်အဖိုးတန်တဲ့ လူ့ဘဝကို ရနေကြတာနော်, လူတွေမသိကြလို့ မကျင့်ကြတာ။ သေခါနီးမှ နောင်တရကြတယ်။ အင်မတန် သနားစရာကောင်းတယ်။ 【ပြည် ဝိဇ္ဇောဒယ(သဲအင်း)ဆရာတော်ဘုရား】 (မေတ္တာဖြင့်မျှဝေပါသည်) Credit - တရား April Thin
via အလင်းရောင် ဓမ္မ https://ift.tt/36LcqTv
Newer Post
Older Post
Home