Monday, September 16, 2019

#သေခါနီးဘာကိုနှလုံးသွင်းမလဲ ? ❤❤❤❤❤❤❤❤❤❤❤ 💙ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။💙 💚သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး💚 💙အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။💙 ♥️♥️ဝိပဿနာကိုသာ အားကိုးပါ။♥️♥️ 💔မသေခင် အမြဲနှလုံးသွင်းနေတာက လောဘ-ဒေါသ - မောဟ။ လောဘနှင့်သေ ➳ ပြိတ္တာ၊ ဒေါသနှင့်သေ ➳ ငရဲ၊ မောဟနှင့်သေ ➳ တိရစ္ဆာန်​။ ကြိုက်ရာလမ်းကိုရွေး.... ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့.... ရှင်းရှင်းလေးပါ။ လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း 💔အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်​အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။ 💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔 💙အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် 💙ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းတော့ဖြစ်ပါလိမ့်မယ်။ 💛အလောဘ၊ အဒေါသ၊ အမောဟ သုံးပါးနဲ့ သေရင် (ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) သာလျှင် 💛တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။ ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။ ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေ သူတွေပါ။ 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 💙ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။ 💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙 ♥️♥️♥️(၁) ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကို နာရ၍သော်လည်းကောင်း၊ ♥️♥️♥️(၂) သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကို နာရ၍သော်လည်းကောင်း၊ ဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် ♥️♥️♥️(၃) အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ ❣️သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရား❣️ ❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️ ကိုနားဖူးမှသာ ရပါမယ်။ 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 💜(ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊)ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်​မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။ 💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜 ဒီမှာက ဒီလိုမဟုတ်ဘူး....... 💛ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် 💛တဏှာနိရောဓော 💛ဒိဋ္ဌိနိရောဓော 💛အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား ......... 💥သောတာပန်၊💥 သကဒါဂါမ်​၊ 💥အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း ........ နောင်ဘဝမှာ 💥အရိယာဖြစ်နိုင်ပါတယ်။ ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤ မှီငြမ်း ❆ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ....... ဆရာတော်ဘုရားကြီး၏ ဥပနိဿယခံယူလျှက် Yarzar #Credit-Yar Zar acc #Copy KTW 🌹သဘောပါနိုင်ကြပါစေ!🌹 #Photo ဇနိတာရာမရိပ်သာယောဂီများ .


via အလင်းရောင် ဓမ္မ https://ift.tt/2QcNX60