အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 15, 2019
အတင်းအဖျင်းမပြောနဲ့ ▬▬▬▬▬▬▬ စကားအတင်း အချင်းချင်းပြောနေခြင်းသည် သူပြောရာ ကိုယ်စွဲ ကိုယ်ပြောရာ သူစွဲ အန်ဖတ်လဲစားသည်နှင့် ဘာမှမခြား။ လောကကြီးဟာ သူဖြစ်ချင်တာတွေ ဖြစ်နေတာ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာမဟုတ်။ ဆိုင်လို့လဲ ဝင်မရှုပ်နဲ့။ မဆိုင်လို့လဲ ဝင်မရှုပ်နဲ့။ သူယုတ်မာတွေဟာ သူတစ်ပါး မကောင်းကြောင်း မမေးဘဲ ပြောတတ်ကြ သည်။ မေးရင်လည်း ချဲ့ကားပြောကြသည်။ ကောင်းကြောင်းတော့ မမေးရင် မပြောဘူး။ မေးရင် သိတာကို လျော့ပြောတတ်ကြသည်။ ပုထုဇဉ်တွေဟာ သူတစ်ပါးအပြစ် ဇီးစေ့ လောက်ကို မြင့်မိုရ်တောင်လောက် မြင်တယ်။ ကိုယ့်အပြစ် မြင့်မိုရ်တောင်လောက်ကျတော့ ဇီးစေ့လောက်တောင် မပြောချင်ဘူး။ ဖုံးကွယ်ထားတတ်ကြသည်။ သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါး မကောင်းကြောင်း မပြောနဲ့။ ကိုယ်တော်ကြောင်းလည်း မပြောနဲ့။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး Via : Paral lel.
via အလင်းရောင် ဓမ္မ https://ift.tt/303zM6O
Newer Post
Older Post
Home