အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, January 13, 2020
သမိုင်း ၃-မျိုး လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးနေကြတယ်။ အဲဒီလိုရေးတဲ့အခါ ဘယ်လိုသမိုင်းမျိုးရေးမလဲ၊ စဉ်းစားရမယ်။ သမိုင်းသုံးမျိုး ရှိတယ်။ ဒေ၀ဒတ်သမိုင်း၊ အဂုင်္လိမာလသမိုင်း၊ ကဿ ပသမိုင်း။ #ဒေ၀ဒတ်သမိုင်းဟာ အစလဲ မကောင်း၊ အဆုံးလဲ မကောင်းပါ။ #အင်္ဂုလမာလသမိုင်းကျတော့ အစတော့ မကောင်းဘူး။ သို့သော် အဆုံးကောင်းတယ်။ #အရှင်ကဿ ပသမိုင်းကျတော့ အစလဲ ကောင်းတယ်၊ အဆုံးလဲ ကောင်းတယ်။ ကိုယ့်ကိုယ်ကို မေးပါ၊ ဘာသမိုင်း ရေးနေတာလဲလို့။ ကိုယ့်ကိုယ်ကို မေးတယ်ဆိုတာ ကိုယ်ကိုယ်ကို ဆန်းစစ် စစ်ဆေးနေတာပဲ။ အဲ့ဒါမှ သမထ သမာဓိတက်မယ်. ဒါကို စိတ်မှန်ကြည့်တယ်လို့ ခေါ်တယ်။ မှန်ဆိုတာ ဖြစ်စဉ် အမှန်ကို ဖော်ပြတယ်လေ။ ကိုယ်ပြုံးတဲ့အခါ မှန်က ပြုံးပြပေမဲ့ ကိုယ်ငိုတဲ့အခါ သူက ပြုံးမပြဘူး မဟုတ်လား။ ---------------------------------------- ``အရှင်ဒေ၀ဒတ်သမိုင်း´´ဒေ၀ဒတ်သမိုင်းကို ကြည့်လိုက်ပါ။ အဇာတသတ်ကို မြှောက်ထိုးပင့်ကော်လုပ်ပြီး မင်းဆရာဖြစ်အောင် လုပ်တယ်။ မင်းဆရာ ဖြစ်လာပြီဆိုတော့ မြတ်စွာဘုရားကို အမျိုးမျိုး နှောက်ယှက်တယ်။ သာမန်လူတွေ မလုပ်ရဲတဲ့ ပြစ်မှုကြီးတွေကို လက်ရဲဇက်ရဲ လုပ်တယ်။ သူဟာ နောက်ဆုံးတော့ သေချင်းဆိုးနဲ့ သေရတာပဲ။ သေပြီးတော့လဲ ငရဲကျတယ်။ တကယ်တော့ “လူဖြစ်လာခြင်းသည် ကောင်းတာတွေ လုပ်ဖို့ပါပဲ”တဲ့။ ဆုပ်ကပ် ဒီခေတ် အတ္တရှေ့တန်းတင်တဲ့လူတွေ များသထက်များ ကိုယ်ကျိုးရှာလာတဲ့ ခေတ်ပေါ့ ဥပမာ ဘင်္လာဒင်လိုလူတစ်ဦးကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက် ကိုယ်စိတ် ဆင်းရဲကြရတယ်.. ကလေးတုန်းကလဲ ဆိုး၊ အိမ်ထောင်ကျတော့လဲ ဆိုး၊ အသက်ကြီးတော့လဲ ဆိုးတာပဲ။ ကိုယ့်အတွက်လဲ ဘာမှ မလုပ်နိုင်၊ မိသားစုအတွက်လည်း ဘာမှ မလုပ်။ ပတ်ဝန်းကျင်ကိုလည်း လူလူချင်း လှည့်ပတ်လိမ်ညာ မသာမာနည်းနဲ့မျိုးးစုံ ဒုက္ခပေးကြ တယ် စိတ်ဓါတ်ကအစ မကောင်း ဖြူစင်မှု ဝေးစွ ကောင်းတာဆိုလို့ တစ်ကွက်မှမရှိ ဘာတစ်ခုမှ လုပ်မသွားဘူးတဲ့။ သံပုရာသီးများလို ကြီးလေချဉ်လေ။ ဒီလိုလူစားမျိုး လူလာဖြစ်တာ အကုသိုလ်မျိုးစေ့လာချ သလို ကိုယ့်ဒုက္ခကိုယ် လာရှာကြတာပါ. သေတော့လည်း မြေကြီးလက်ခတ်မလွဲ ငရဲခံရမယ့် လူဖြစ်ရှုံး လူတိရစ္ဆာန် လူ့ငနွား တွေလို့ ခေါ်ပါတယ်။ သူများအကျိုးမပြုနိုင်ရင်နေ ဒုက္ခမပေးဖို့ပါ.. ဒါပေမယ့် လူ့လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ တစ်ခဏစံ မိုက်သူတွေ အများကြီး ရှိပါတယ်။ ဒီလို လူစားမျိုးဟာ ဒေ၀ဒတ်သမိုင်း ရေးနေသူများပါပဲ။ လာချင်းမကောင်းသလို အပြန်လမ်းလည်း မလှပါဘူး ------------------------------------------------ ``အရှင်အဂုင်္လိမာလသမိုင်း´´ အင်္ဂုလိမာလကျတော့ အစပိုင်းကတော့ မကောင်းဘူး၊ ဆရာမှားတော့ ငယ်ငယ်က လူဆိုးလူမိုက်ကြီးပေါ့ ဖြတ်လိုက်တဲ့ လက်ညှိုးတွေ လည်ပင်းမှာ ပန်းကုံးလိုသီပြီ သွေးညှီနံ့တွေနဲ့ လူသတ်တဲ့ အဆိုးဆုံးကြီးပေါ့. ဒါပေမဲ့ မသိလို့ သူမိုက်ပေမယ့် သူ့သမိုင်း အဆုံးပိုင်းကျတော့ ကောင်းတယ်။ အရှင်မြတ်သည် မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ သတိသံဝေဂရပြီး တရားကျင့်တော်မူလို့ ရဟန္တာဖြစ်သွားတယ်။ အရှင်မြတ်ရဲ့ ဘဝနေ၀ချိန်မှာ ဓမ္မနဲ့ လှလှပပ နိဂုံး ချုပ်သွားတယ်။ ----------------------------------------- လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ ရှိပါတယ်။ ငယ်ငယ်တုံးကတော့ ဆိုးတယ်။ အသက်အရွယ် ရလာတော့ သံဝေဂတွေ ရလာပြီး ဘုရားနဲ့တရားနဲ့ ဒီလိုဖြစ်လာတယ်။ ဂေါပကလူကြီးတစ်ယောက်၊ “ငယ်ငယ်တုန်းက မိုးလင်းကနေ မိုးချုပ်အထိ သောက်တယ်၊ အသတ်အဖြတ်ကလဲ ဝါသနာပါတယ်ဘုရား၊ ဒီတော့ အကုသိုလ်မှန်ရင် မလုပ်ဘူးတာ မရှိသလောက်ပါပဲ”တဲ့။ နောက်ကျတော့ စဉ်းစားတယ်။ “ငါ အသက်ကြီးလာပြီ၊ မဟုတ်သေးဘူး၊ ပြင်ဦးမှဘဲ”ဆိုပြီး အသောက်အစားတွေ မလုပ်တော့ဘူး။ စီးပွားရေးကိုပဲ ဇောက်ချပြီး လုပ်တယ်။ အလုပ်တွေ အောင်မြင်လာတယ်။ အဲဒီနောက် တရားတွေနာတယ်။ ကျောင်းတွေ ဆောက်၊ ကျောင်းဒါယကာဖြစ်၊ ရိပ်သာတွေမှာ တရားစခန်းတွေ ၀င်တယ်။ အခုတော့ သူကိုယ်တိုင်က ရိပ်သာ အကျိုးဆောင်ကြီး ဖြစ်နေပါပြီ။ ဒါကြောင့် မှားတာက မဆိုးသေးဘူး၊ မှားမှန်းမသိတာက ဆိုးတာတဲ့။ မသိလို့ မိုက်တာက လူမိုက် သိရက်မိုက်တာက လူယုတ်မာပါ. အဲဒါ အဂုင်္လိမာလ သမိုင်း ရေးနေတာပဲ။ “လူတော်လူကောင်း”ပါပဲ။ --------------------------------------------- ``အရှင်ကဿ ပသမိုင်း´´ အရှင်ကဿ ပကတော့ လူ့ဘ၀တုံးကလည်း လူတော်။ ရဟန်းဘ၀ ရောက်တော့လဲ ဧတဒဂ်ဘွဲ့ရ မထေရ်မြတ်တစ်ပါး။ ငယ်ငယ်တုန်းကလဲ တော်တယ်။ အသက်အရွယ်ကြီးတော့လဲ ပြောစရာမလိုလောက်အောင် တော်တယ်။ အစလဲ ကောင်း၊ အဆုံးလဲကောင်းတယ်။ မြတ်စွာဘုရားက အရှင်ကဿ ပနဲ့ တွေ့တော့ သင်္ကန်းချင်းလဲတော်မူတယ်။ ဘာ့ကြောင့်လဲဆိုတော့ နောင် အနာဂတ်မှာ သာသနာမှာ အားကိုးရမည့် တပည့်ကြီး ဖြစ်လို့ သင်္ကန်းချင်းလဲတော်မူတာတဲ့။ မြတ်စွာဘုရားကလဲ အဲသလောက်ထိ အားကိုးတော် မူတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာတော်ကြီးကို စောင့်ရှောက်တော်မူခဲ့တယ်။ ဒါကြောင့် ``အရှင်မဟာကဿ ပသမိုင်း´´ ကတော့ အလှပဆုံးသမိုင်းပါပဲ။ လူ့လောကကြီးမှာလဲ အဲဒီလိုပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ငယ်ငယ်ကလဲ တော်တယ်။ မိဘစကား ဆရာ့စကား နားထောင်တယ်။ အိမ်ထောင်ကျတော့လဲ မိသားစုတာ၀န်ကျေတယ်။ ဆွေရေးမျိုးရေး ရပ်ရေးရွာရေး အကုန်လုပ်တယ်။ သူ့ ပတ်၀န်းကျင်မှာ သူနိုင်သလောက် လုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဘ၀နိဂုံးချုပ်သွားတယ်။ ဘ၀တစ်လျှောက်လုံးဟာ ရွှေရောင်တောက်ပ နေတာ။ ဒါကတော့ အရှင်ကဿ ပသမိုင်းပါ။ အရှင်ကဿ ပသမိုင်းရေးနိုင်ဖို့ကတော့ မလွယ်လှပါဘူး။ ဒါပေမဲ့ အဂုင်္လိမာလသမိုင်းရေးနိုင်အောင်တော့ ကြိုးစားသင့်တယ်။ ပုထုဇဉ်မှန်သမျှ အပြစ် မကင်းပါဘူး။ အဲဒီအပြစ်ကိုတော့ အပြစ်မှန်း သိဖို့ လိုတယ်။ အပြစ်မှန်းသိရင် တဖြေးဖြေးနဲ့ ပြင်ရမယ်။ ဘယ်သူမှ မွေးကထဲက ရဟန္တာဖြစ်လာတာ မဟုတ်ပါဘူး။ ``ပျက်အစဉ် ပြင်ခဏ´´ဆိုတဲ့အတိုင်း အတိတ်က အမှားတွေကို ပြည်ဖုံးကားချပြီး ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ရမယ်လေ။ ဒါဆိုရင် ဘဝနေ၀င်ချိန်မှာ ရွှေရောင်နေ့ရက်များ ဖြစ်လ ာပြီး လှလှပပ နိဂုံးချုပ်ရပါလိမ့်မယ်။ #သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
via အလင်းရောင် ဓမ္မ https://ift.tt/2tUe8mW
Newer Post
Older Post
Home