အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, January 13, 2020
အရွယ်တွေ လွန်ကာ အိုမင်းလာ 🙏🙏🙏🙏🙏🙏🙏🙏 ရက်တွေ , လတွေ , နှစ်တွေကုန်လို့ အိုမင်းလာတာနဲ့ အမျှ ခန္ဓာရဲ့ တန်ဖိုးကလည်း ကျကျလာလိုက်တာ အိုမင်းမစွမ်းကို ဖြစ်လာကြပြီ … စွမ်းဆောင်နိုင်မှုတွေ ကိုယ်စွမ်း ဉာဏ်စွမ်းအား အစွမ်းတွေ လျော့နည်းလာလို့ ဘာမှ မစွမ်းနိုင်ကြတော့ဘူး … တန်ဖိုးကျဆင်းလာပြီ ဖြစ်တဲ့ ဒီ ခန္ဓာကနေ ဘာတွေယူနိုင်ကြသလဲ ? ကိုယ်လိုချင်တာတွေ အချိန်မီ ယူနိုင်ရင်တော့ ရကြလိမ့်မယ် … ဥစ္စာ ရှာတဲ့သူက ဥစ္စာ ရမယ် … စီးပွား ရှာတဲ့သူက စီးပွား ဖြစ်မယ် … ပညာ ရှာတဲ့သူက ပညာ ရမယ် … ကုသိုလ် ရှာတဲ့သူက ကုသိုလ် ရကြပါလိမ့်မယ် … #ဓမ္မဒူတ_ဒေါက်တာ_အရှင်ပညိဿရ Credit , Original Uploader ဒဿန-အောင်လံ. ပြန်လည်မျှဝေပါသည် ။
via အလင်းရောင် ဓမ္မ https://ift.tt/2tUfWwx
Newer Post
Older Post
Home