Wednesday, January 15, 2020

"မေတ္တာကုသိုလ် ယူကြရအောင်" ••••••••••••••••••••••••••••••••• ဘယ်သူမဆို ဘယ်လိုအလုပ်ကိုပဲ လုပ်ကိုင်နေနေ… နှလုံးသွင်းတတ် စိတ်ထားတတ်ရင် အလုပ်တိုင်းဟာ ကုသိုလ်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သတိပဌာန်လမ်းစဉ် ဆိုတာ အချိန်သီးခြား အလုပ်နဲ့နေရာ သီးခြားမလိုပါဘူး။ သတိထားတတ်ရင် တရားရှိနိုင်တဲ့ လမ်းစဉ်ပါ။ #စျေးရောင်းသူကလည်း မိမိရောင်းလိုက်တဲ့ ပစ္စည်းကြောင့် သုံးစွဲသူတွေ အစစ်အမှန် အလွယ်တကူ သုံးစွဲနိုင်ပါစေဆိုတဲ့ မေတ္တာစိတ်ထားတတ်ရင် ပစ္စည်းတန်ဖိုးအပြင် မေတ္တာကုသိုလ် အပိုအမြတ်ရတာပဲ။ #မိသားစုတစ်စုအတွင်းမှာပဲ စီးပွားရှာသူကလည်း "အခုလို ရှာဖွေရတဲ့အတွက် မိသားစုတွေ မချို့မတဲ့ စားနိုင်ဝတ်နိုင် လှူဒါန်းနိုင်ကြ ပါစေ" ဆိုတဲ့ စိတ်ကိုထားလို့ #ချက်ပြုတ်လျှော်ဖွပ်ရတဲ့ အိမ်ရှင်မကလည်း… ကိုယ့်ရဲ့ဆောင်ရွက်ပေးမှုကို အကြောင်းပြုပြီး ခင်ပွန်းသည်နှင့် သားသမီး အိမ်သူအိမ်သားတွေ ဆာလောင်တဲ့အခါ အရံသင့်စားနိုင်ပါစေ အဝတ်ထည်တွေ သန့်သန့် စင်စင်နဲ့ စိတ်ချမ်းသာကိုယ်ချမ်းသာ ဝတ်ဆင် နိုင်ပါစေ"ဆိုတဲ့ မေတ္တာစိတ်ကလေးထားလိုက်ရင် ကိုယ့်တာဝန် ကိုယ်လုပ်နေရင်း မေတ္တာကုသိုလ်တွေ ရနေတာပါပဲ။ ဒီစိတ်ကလေး ထားလိုက်ရတဲ့အတွက် ပစ္စည်းလည်း ပိုမကုန် တန်ဖိုးလည်း လျှော့မသွားဘဲ … ကုသိုလ်အမြတ် ရလိုက်တာပါလို့ ဆုံးမတော်မူပါတယ်။ ယောဆရာတော်ဘုရားကြီး #Credit


via အလင်းရောင် ဓမ္မ https://ift.tt/2Tn7XT9