Monday, September 16, 2019

🏵 မိုးကုတ်ဆရာတော်ကြီး၏ အဆုံးအမများ 🏵 ⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍⚍ ၁။ သပိတ်သွတ်ခံရရင် အရှက်ခွဲခံရတာပဲ *********************************** ခင်ဗျားတို့သေလို့ သပိတ်သွတ်တယ်ဆိုတာ ဂတိမမြဲသေးလို့ လုပ်ကြရတာ။ မတော်တဆ အပါယ်များ ရောက်နေမှာလားဆိုပြီး လုပ်ကြရတာ။ အဲဒီတော့ သူတော့မသေချာဘူး သပိတ်လေး သွတ်အုံးမှဆိုတာ တကယ်တော့ "အရှက်ခွဲခံရတာပဲ"။ ဒါကြောင့် သေမှ အရှက်ခွဲမခံရအောင် အပါယ်လေးပါး ပိတ်ထားနိုင်အောင် တရားအားထုတ်ကြ။ ငါသေရင် သပိတ်မသွတ်နဲ့လို့ ရဲရဲတင်းတင်းမှာနိုင်အောင် ကြိုးစားကြ။ ၂။ ဝေဒနာနှင့် တဏှာကြားမှာ ဘုရားပွင့် *********************************** ဘုရားဖြစ်တယ်ဆိုတာ သစ္စာသိလို့ ဘုရားဖြစ်တာ။ ပဋိစ္စသမုပ္ပါဒ်နဲ့ပြောရင် ဝေဒနာ နိရောဓါ တဏှာ နိရောဓေါ ဖြစ်လို့ ဘုရားဖြစ်တာ။ အဲဒီတော့ သူ့သန္တန်ဝေဒနာက တဏှာမကူးတော့လို့ ဝေဒနာနဲ့ တဏှာရဲ့အကြားမှာ ဘုရားပွင့်တာပါ။ ဗုဒ္ဓဂယာမှာပွင့်တယ်ဆိုတာ သဏ္ဍာန်တော်ဘုရား။ ဒါက ဥာဏ်ဘုရား။ ခင်ဗျားတို့လည်း အရိယာဖြစ်ချင်ကြတယ်ဆိုရင် "ဝေဒနာက တဏှာကို မကူးစေနဲ့"။ ၃။ အပင်းစာ ဆို့နေကြတာ ********************************* ခင်ဗျားတို့ ထမင်းစားတဲ့အခါ တဏှာ ဥပါဒါန် ကံမြောက်အောင် စားကြတာ။ ဒိဋ္ဌိအုပ်ချူပ်တဲ့ကံကြောင့် အပါယ်လေးပါးကို ရောက်သွားလိမ့်မယ်။ ထမင်းစားတဲ့အခါ ဝိပဿ နာမပါဘဲ စားနေကြရင် (အပါယ်ရောက်ကြောင်း) ဖြစ်တဲ့ အပင်းစာဆို့နေကြတာနဲ့ အတူတူပဲလို့သာ မှတ်ကြ။ ၄။ သေချင်းဆိုးသေမဲ့လမ်းကျတော့ သွက်လိုက်တာ ************************************* ကိလေသာဖြင့် တို့များအချိန်ကုန်နေပုံကို ဆရာတော်ဘုရားကြီး မိန့်တာက - "ခင်ဗျားတို့ ဝိပဿ နာရူ့ရမှာတော့ ပျင်းစရာကောင်းလိုက်တာ။ အစားအသောက် ကောင်းတွေစား၊ ဓါတ်ရှင်(ရုပ်ရှင်)တွေပဲ ကြည့်ပြီး လမ်းသလားချင်နေကြတာပဲ သိတယ်။ အေး အဲဒါပြောတာပေါ့။ "သေချင်းဆိုးနဲ့သေမဲ့ လမ်းကသွက်တယ်" ဆိုတာ အဲဒါပြောတာပဲ။ ၅၊ တိရစ္ဆာန်ရုံထဲက မျောက်တွေလို ******************************** ပုထုဇဉ်သဘာဝ တဏှာခိုင်းစေသမျှ ကျင်လည်လုပ်ဆောင်နေကြရတဲ့ တို့များဘဝကို ဆရာတော်ဘုရားကြီး မိန့်တော်မူတာက - "ဘုန်းကြီးက ခင်ဗျားတို့ကို မလုပ်ဘဲနဲ့ ချမ်းသာတဲ့ နည်းပေးမယ်။ ခင်ဗျားတို့ မလုပ်ပဲမနေနိုင်ပါဘူး။ လုပ်ကြမှာပဲ။ ဘာနဲ့တူလည်းဆိုတော့ "တိရစ္ဆာန်ရုံထဲက မျောက်တွေလိုပဲ"တဲ့။ ၆။ ရှေ့နေ ကိုတဏှာ ****************************** အလှူ ဒါနပြုကြတဲ့နေရာမှာ သစ္စာဥာဏ်မပါပဲ ဘဝသမ္ပတ္တိကို တောင့်တ လှူ ကြတဲ့ ဝဋ်ဒါနနဲ့ပတ်သက်ပြီး မိန့်တော်မူတာက - ခင်ဗျားတို့က ဒုက္ခသစ္စာဆိုတဲ့ ဘုံဘဝတွေကို တောင်းတပြီး ငွေကုန်ကြေးကျခံပြီး လှူ ကြတာဟာ ထောင်ကျနေတဲ့လူက ငွေထိုးပြီး ထောင်ပြောင်းခိုင်းတာနဲ့တူတယ်။ ထောင်ကလွတ်ပါစေဆိုတာမပါဘူး။ တကယ်တန်း ဆုတောင်းအာရုံပြုတော့ ဒုက္ခသစ္စာကိုကြိုက်နေတဲ့ တဏှာက ရှေ့ကလာပြီး တရားခွင်မှာ ကိုယ့်ကိုသတ်မဲ့လူကို ရှေ့နေငှားမိသလို- ခင်ဗျားတို့ကို သေအောင်လုပ်မဲ့ "တဏှာကို ရှေ့နေငှားကြတယ်"ဟူ၏။ ၇။ မျောက် အနာရသလို ************************************ ပုထုဇဉ်များ ဒုက္ခသစ္စာတွေ တစ်ခုပြီးတစ်ခုရအောင် အဝိဇ္ဇာအုပ်ချူပ်သော ကံများပြုလုပ်ကြပုံကို မိန့်တော်မူတာက ဒီလိုပါ - "ခင်ဗျားတို့ဟာ မျောက်အနာရတာနဲ့ သိပ်တူတယ်။ မျောက်အနာရရင် အနာကိုပျောက်အောင်မကုဘူး။ အနာကြီး သထက်ကြီးအောင် ကုတ်ဖဲ့နေကြတာ။ ခင်ဗျားတို့လဲ အခုခန္ဓာနာကို ပျောက်အောင်မကုပဲ အနာကြီးပွားရေးပဲ လုပ်နေကြတာ ဟူသတဲ့။ ၈။ ခင်ဗျားတို့မို့ တောင်းရဲတယ် *********************************** မင်းတို့ လူ့ချမ်းသာ နတ်ချမ်းသာ အကြိမ်ကြိမ် ခံစားစံစားရပါလို၏ ဆိုတာက အိုနာသေဘေးတွေ အကြိမ်ကြိမ် ရပါလို၏။ ဒုက္ခမျို စုံလည်း အကြိမ်ကြိမ် တွေ့ရပါလို၏။ နိဗ္ဗာန်ချမ်းသာကိုလည်း ဘယ်တော့မှ မရောက်ရပါလို၏ ဆိုတဲ့ အဓိပ္ပါယ်ရောက်သွားတယ်။ ဒါကို "ခင်ဗျားတို့မို့ တောင်းရဲတယ်"လို့ မိန့်တော်မူပါ၏။ ၉။ တဏှာက အငတ်ထားတာ ********************************* တစ်ခါတလေ ခင်ဗျားတို့ကို တဏှာက သူခိုင်းချင်တာခိုင်းပြီး အငတ်များထားလိုက်သေးတယ်။ ခင်ဗျားတို့ကလည်း ဒါကိုမရိပ်မိတဲ့အပြင် ဈေးရောင်းကောင်းတဲ့နေ့များဆိုရင် ဒီနေ့ မောရကျိုးနပ်တယ်လို့များ ပြောလိုက်သေးတယ်။ မှတ်ထား တဏှာက နွားရှင်နဲ့တူတယ်။ နွားရှင်က နွားကို မနားတမ်းခိုင်းစေပြီး မလုပ်နိုင်တဲ့ တစ်နေ့နွားသတ်ရုံပို့လိုက်တယ်။ ခင်ဗျားတို့ကိုလည်း တဏှာက အမောဆိုက်အောင် ခိုင်းပြီး သေတော့ "အပါယ်လေးပါးကို ပို့လိမ့်မယ်"တဲ့။ ၁၀။ လူ့အောက်ကျမှာတော့ ကြောက်တယ် ************************************ ခင်ဗျားတို့က လူ့အောက်ကျမှာတော့ကြောက်တယ်။ အပါယ်ကျမှာတော့ မကြောက်ကြဘူး။ အပါယ်ဘေးဆိုတာ လူ့အောက်ကျတာထက် အဆများစွာသာ၍ ဆိုးပါတယ်။ ဒီနေရာမှာ တေဝိဇ္ဇရဟန္တာအရှင်မြတ် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးကဝိ ပြောတာ သတိရပါ၏။ "အပါးလည်ရင် အပါယ်လားလိမ့်မယ်" ဆိုတာကိုပေါ့။ ၁၁။ အသေကို အရှင်နဲ့ကြည့်တာ ဝိပဿ နာ ********************************** ဝိပဿဿ နာဆိုတာ ကိုယ့်အသေကိုကြည့်ရတာ။ စိတ်တစ်ခုနဲ့ အသက်ရှင်တာဆိုတော့ စိတ်တစ်ခု ပျက်သွားတာနဲ့ သေသွားပြီ။ အဲဒါကို နောက်ဥာဏ်ကမြင်အောင် ကြည့်ပေးရမယ်။ ရှု့စိတ်အရူ့ခံကဖြစ်ပြီးပျက်သွားတော့ အသေ။ နောက်ကသိတဲ့ ဥာဏ်ကအရှင်။ အသေကို အရှင်နဲ့ရူ့။ ရှေ့စိတ်ပေါ်ပြီး မရှိတော့တာကို နောက်ဥာဏ်က သိအောင်လုပ်ပါတဲ့။ © မှတ်ချက် - ဆရာတော်ဘုရားကြီး၏ အာပေါ်အတိုင်းသာ ရေးတင်ပါသည်။ စာအုပ်အမည်မှာ "မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထူးထူးရှားရှားဩဝါဒများ"ဆိုသည့် ကိုနိုင်လင်းဟန်(ဓမ္မအလင်း)၏ စုစည်းတင်ပြထားသော စာအုပ်လေးဖြစ်ပါတယ်။ ဗုဒ္ဓဂယာရှိဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆွမ်းစားသွားတော့ ဒကာမတစ်ယောက် လှူလိုက်တဲ့ စာအုပ်ပါ။ အရှင်နန္ဒမာလာ Credit:# Min Mogok 📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚 ဖတ်မှတ်ပြီး ဓမ္မတရားတော်၊ ဓမ္မစာပေများကို ကုသိုလ်ပွားနိုင်ရန်အတွက် ထပ်ဆင့်၍ မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ Credit မူရင်းရေးသားပူဇော်သူ ဓမ္မဒါန🙏 Moe Sandar


via အလင်းရောင် ဓမ္မ https://ift.tt/31miteC