Sunday, September 15, 2019

ဒကာ ဒကာမ​​( ၄ )မျိုး .......................... ၁။ သဒ္ဓါလွန်​၍ ဥာဏ်​နည်း​သော ဒကာ/ဒကာမ ၂။ ဥာဏ်​ထက်​၍ သဒ္ဓါနည်း​သော ဒကာ/ဒကာမ ၃။ သဒ္ဓါ ၊ပညာ ပြည့်​ဝ​သော ဒကာ/ဒကာမ ၄။ သဒ္ဓါ ၊ ပညာ နည်း​သော ဒကာ/ဒကာမ ~~~~~~~~~~~~~~~ ပထမ အမျိုးအစား ~~~~~~~~ သာသနာအတွက်​ အကျိုးများသည်​၊ မများသည်​ မသိ၊ ကြည်​ညိုသင့်​၊ မကြည်​ညိုသင့်​ ကိုးကွယ်​သင့်​၊ မကိုးကွယ်​သင့်​ နားမလည်​ဘူး..။ ထင်​မိ​ထင်​ရာ ကိုးကွယ်​ ဆည်းကပ်​ကြ​သော သူများဖြစ်​ပါတယ်​။ ထိုပုဂ္ဂိုလ်​တို့ကို အမှီပြု၍ သာသနာ​တော်​ များစွာပျက်​စီးဆုပ်​ယုတ်​ပါတယ်​...။ ဒုတိယ အမျိုးအစား ~~~~~~~ စိတ်​သာရှင်​​စော ဘုရား​ဟောဟုဆိုကာ စိတ်​​ကောင်းရှိရင်​ ဘာဒါန၊ ဘာသီလ၊ ဘာ ဘာဝနာမှ လုပ်​စရာမလိုဘူးဆိုကာ သာသနာ​တော်​ကို အား​ပေးချီး​မြှောက်​မှု ဘာတစ်​ခုမှ မလုပ်​​သော သူများဖြစ်​ကြပါတယ်​..။ ထိုပုဂ္ဂိုများ​ကြောင့်​ ဘုရား ​ကျောင်းကန်​၊ သာသနာ့ အ​ဆောက်​အဦးများ မ​ပေါ်နိုင်​သလို၊ စာသင်​တိုက်​​တွေ ကမ္မဋ္ဌာန်း​ကျောင်းတိုက်​​တွေလည်း မ​ပေါ်နိုင်​​ပေ ။ သာသနာ (၅၀၀၀) မဆိုထားနဲ့ တစ်​ရာ​တောင်​ မတည်​နိုင်​ပါဘူး..။ တတိယအမျိုအစား ~~~~~~~ သာသနာပြုမင်း​ကောင်းမင်းမြတ်​ ၊ သူ​ဌေး၊ သူကြွယ်​၊ ကုန်​သည်​၊ သူဆင်းရဲ၊ ဗုဒ္ဓဘာသာအ​ပေါ် ချစ်​မြတ်​နိုး​သော သူ​တော်​​ကောင်းများ ဖြစ်​သည်​။ ထိုသူတို့ သာသနာ​တော်​အ​ပေါ် အား​ပေးချီး​မြှောက်​မှု​ကြောင့်​ ယ​နေ့တိုင်​ သာသနာ​တော်​ဟာနှစ်​​ပေါင်း(၂၅၀၀)​ကျော်​ တည်​ခဲ​လေသည်​။ စတုတ္ထ အမျိုးအစား ~~~~~~~ သဒ္ဓါ တရားလည်းမွဲ၊ ဥာဏ်​လည်းနဲ့​သော လူ့အကန်းတို့ပဲ ဖြစ်​ပါတယ်​။ ဘုရား​ကျောင်းကန်​နဲ့လည်း​ဝေး၊ အလှူအတန်းနဲ့လည်း​ဝေး ၊ဥပုသ်​ ဇရပ်​ ၊ကမ္မဋ္ဌာန်း​ကျောင်းနဲ့လည်း​ဝေး၍ ....​ပျော်​​ပျော်​ပါးပါး စားစား​သောက်​​သောက်​ ၊က​သောက်​က​ရောက်​ လူ့အကာ ၊အခွံ အသွံတို့ပဲဖြစ်​ပါတယ်​ ။ သာသနာအတွက်​ ဘာမှအကျိုးမများသလို ၊သာသနာနဲ့​တွေ့ရ​သော်​လည်း လူဖြစ်​ကျိုးမနပ်​​သော ပုဂ္ဂိုလ်​များဖြစ်​ပါတယ်​...။ ဒကာ၊ဒကာမ​(၄)မျိုးထဲမှာ မိမိဟာ ဘယ်​နံပါတ်​ထဲ ပါဝင်​​နေသလဲဆိုတာ...ကိုယ့်​ကိုယ်​ကို ပြန်​လည်​ ဆန်းစစ်​၍ သဒ္ဓါ ပညာနဲ့ပြည့်​စုံ​သော အ​ကောင်းဆုံး ဗုဒ္ဓဘာသာ​ကောင်း တစ်​​ယောက်​ဖြစ်​​အောင်​ ကြိုးစားနိုင်​ကြပါ​စေ....။ CR# ရာမညနိကာယ


via အလင်းရောင် ဓမ္မ https://ift.tt/300GZoR