အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 16, 2019
#နတ်ပြည်ရောက်ကြောင်း_အကျင့်ကောင်း🙏 •••••••••••••••••••••••••••••••• ပါချုပ်ဆရာတော်ဘုရားကြီး ပြောပြတဲ့ နတ်ပြည်ရောက်သွားကြတဲ့ လူသုံးယောက် အကြောင်းလေး အကျဉ်းချုပ် မျှဝေပါရစေ... ကုသိုလ်၊ ကောင်းမှူပြုလို နတ်ပြည်ရောက်ကြတဲ့ ထဲမယ် ဒီလူသုံးယောက်ကတော့ နဲနဲထူးဆန်းတဲ့ဘဲ့ ပြောရမလား... တစ်ယောက်သောအမျိုးသားက ထူးထူးခြားခြား ဘာကုသိုလ်တွေလုပ်သလဲဆိုတော့ သူကို သူများက ဘယ်လိုဘဲ့ပြောပြော ဘယ်လိုဘဲ့ ဆဲဆဲ ဘယ်တော့မှ #စိတ်မဆိုးဘူးတဲ့ ဗျာ အမြဲတမ်း သူဟာ သီးခံတယ် တဲ့ သူဟာ အချိန်တန်တော့လည်း ဘဝဆိုတာ နောက်ဆုံး သေခြင်းတရားနဲ့ဘဲ့ အဆုံးသတ်ကြရတာဘဲ့ပေါ့ သေတော့ သူဟာ #နတ်ပြည်ရောက် သွားပါတယ်တဲ့ဗျာ... နောက်တစ်ယောက်ကတော့တဲ့ သူများတွေ ဘာဘဲ့ လာတောင်း လာတောင်း သူမှာရှိတာ ဘာဘဲ့ဖြစ်ဖြစ် နဲနဲဘဲ့ ဖြစ်စေ အမြဲတမ်း ပေးတယ်တဲ့ဗျာ #ဒါန ပေါ့ သူများတွေလာတောင်းရင် သူဟာ ဘယ်တော့မှ မငြင်းဘူးတဲ့ဗျာ (ဥပမာ) ပန်းသီးတစ်လုံး ရှိရင် တခြမ်းပေးလိုက်တဲ့ ပုံစံမျိုးပေါ့ဗျာ ဒီလူဟာလည်း လူသက်တန်ပြည့်တော့ သေရပြန်တာဘဲ့ပေါ့ သေတော့ သူလည်း #နတ်ပြည် ရောက်သွားတယ်တဲ့ဗျာ.... နော်တစ်ယောက်ကတော့ သူလည်း ထူးထူးခြားခြားဘဲ့ ဗျာ သူဘဝတစ်သက်တာမှာ သူဟာ ဘယ်တော့မှ မလိမ်ဘူးတဲ့ဗျာ #မုသာဝါဒ ကံ ရှောင်ကြင်တာပေါ့ဗျာ သူဟာဘယ်တော့မှ မလိမ်ဘူး စကားပြောရင် အမြဲတမ်း မှန်မှန်ကန်ကန်ဘဲ့ ပြောတယ်တဲ့ဗျာ #ဝစီသစ္စာ ခေါ်မှာပေါ့ သူလည်းသေတော့ #နတ်ပြည် တန်ရောက်တာဘဲ့တဲ့ဗျာ... သူတော်ကောင်းအပေါင်းတို့ခင်ဗျား ဒီအကြောင်းအရာ လေးကိုဖတ်ရှူပြီး နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ရင်တောင် အပါယ်ဆင်းရဲ မကျဖို့တော့ အရေးပါလှပါသည် ဒါကြောင့် နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်းကို ကျင့်ကြံအားထုပ်နိုင်ကြပါစေ... #ညီညီခိုင်_ခေတ္တလူပြည်
via အလင်းရောင် ဓမ္မ https://ift.tt/2Lv8NsG
Newer Post
Older Post
Home