အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 15, 2020
👉 ဝိဇ္ဇာ ဖြစ်နည်း 👈 •••••••••••••••••••••••• ငါတို့သည်.. ဝိဇ္ဇာ ဖြစ်ချင်၏ ...။ ထို့ကြောင့်.. ရွှေတိဂုံ၌ သွားရောက်... အဓိဋ္ဌာန်ဝင်နေချိန်ပင်ဖြစ်ချေ၏...။ ဝေဘူဆရာတော်ဘုရားကြီး.. တရားဟောမည်ဆို၍ ... အင်းလေး ဓမ္မာရုံသို့ ရောက်ရှိနေပါ၏..။ ( ၇ ) နာရီတိတိ... ထိုးလျှင်ပင် အထက်ထပ် လှေကားဆီမှ.. ကြေးစည်ငယ်လေး၏ အသံသာသာကို.. စတင်ကြားလိုက်ရ၏...။ ထို ကြေစည်တီး ... ဒကာ၏ နောက်မှ ဆရာတော်ဘုရားကြီး.. ကြွလာတော်မူနေပါ၏...။ ဝေဘူဆရာတော်ဘုရားကြီးက... ခုံပေါ်သို့ ခြေလှမ်း လှမ်းမတက်သေးဘဲ... နှစ်မိနစ်ခန့်မျှပင် .. ငါတို့အား... စိုက်ကြည့် ကြည့်တော်မူနေ၏...။ ငါတို့သည်လည်း... မျက်တောင် မခတ်မိ... ဆရာတော်ကြီးလည်း မျက်တောင်မခတ်.. ပြီးမှ ပလ္လင်ခုံပေါ် လှမ်းတက်သွား၏... ။ ရသေ့ကြီးတစ်ပါး... လာရောက်၍ တရားနာယူ၏...။ တန်ခိုးအာနုဘော် ကြီးဟန်ရှိ... နောက်ပါတပည့်၂၀ကျော်ခန့်ပါလာ၏...။ ၎င်းတို့မှာ... တောင်ဝှေး ကော်ဇော ဓါတ်ဘူး ကိုယ်စီ... ကိုင်လာကြ၏...။ ပရိတ်သတ်များနှင့် ရောနှောမထိုင်.. ဆရာတော်ကြီးအနီး တရားဟောပလ္လင်.. လက်ဝဲဘက်၌ ခင်းပေးရ၏...။ ပြီးသော် ... ဆရာတော်ကြီးက တရားအဟော... ငါတို့က တရားအနာ... ။ ဦးစွာ ဒါန တစ်ခုပြု အပြီး... တောင်းရမည့် ဆုတောင်း ကိစ္စ...။ ထိုစဉ် ... ရသေ့ကြီးထံမှ... ဘာကိုမနော တိုက်လိုက်သည်မသိ.. ဟောဆဲ တရားကို ... ရုတ်တရက်ရပ်လိုက်ပြီး ရသေ့ကြီးကို.. ငုံ့ကြည့်သေး၏... ပြီးမှ ... " ဗျာ ......... ဝိဇ္ဇာ ဆိုတာ တခြား မဟုတ်ပါဘူး..။ ( တစ် ထိထဲထိ.. တစ် သိထဲသိ သိနေတာ ဝိဇ္ဇာ တဲ့ဗျာ့ ) ကဲဗျာ... သို့ကလို တစ်ထိထဲထိ တစ်သိထဲသိ ... နေတဲ့အချိန်လေးမှာ ... လောဘကော ဝင်သေးလားဗျာ "...။ " မဝင်ပါ ဘုရား "... ။ " ဒေါသကော " " မဝင်ပါ ဘုရား "...။ "မောဟကော" " မဝင်တော့ပါ ဘုရား "...။ "အေး.......... အဲသည့် အဝိဇ္ဇာ မဝင်တာမှ ... ဝိဇ္ဇာ အစစ်တဲ့ ဗျာ့ "...။ ပြီးမှ... ဟောလက်စ တရားကို... ကောက်ဟောတော်မူတယ်... ။ မေးသော ရသေ့ကြီးကား.... ဘာရသွား ချေသည်မသိ ... ငါတို့ကား ကြားမှ ရလိုက်ပြီ...။ ဟုတ်သားပဲ.... ငါ လုပ်တာ ငါမှ မသိဘဲနဲ့... ဘယ်သူက လာသိမလဲ...? " ငါသည် ဝိဇ္ဇာ ဖြစ်ချင်၏ ".. ယနေ့... ( ဝိဇ္ဇာဖြစ်နည်းသိရချေပြီ ) ....။ ငါသည် ... ဝိဇ္ဇာကြီးများနှင့် တွေ့ချင်၏...။ ယနေ့ ... ဝိဇ္ဇာကြီးနှင့်တွေ့ခွင့်ရချေပြီ..။ ဒီအတိုင်းဆို... တစ်ချက်ထိလို့ တစ်ချက်သိနေလျှင်... ငါသည် တစ်ချက် ဝိဇ္ဇာ ဖြစ်ပြီ ....။ တစ်နံနက်လုံး ထိ... တစ်နံနက်လုံးသိနေလျှင် ... တစ်နံနက် ဝိဇ္ဇာ ...။ တစ်ရက်လုံးထိ... တစ်ရက်လုံးသိ နေလျှင် တစ်ရက်ဝိဇ္ဇာ..။ သည်လိုသာ... တစ်သက်လုံးထိတာ.... သိနေလျင် တစ်သက် ၀ိဇ္ဇာဖြစ်ပြီ.. လွယ်လိုက်သည့်ဖြစ်ခြင်း...။ ထိုမှနောက်... ဝိဇ္ဇာပျောက်ကိုလည်း လိုက်မရှာပြီ..။ အဓိဋ္ဌာန်ပုတီး... ပတ်လည်း လောဘ မကြီးပြီ ...။ လောဘကြီးသဖြင့်... သောကကြီးလည်း ... ကပ်ပါလာတတ်သဖြင့်... ထိုလောဘ သောက သည်... အဝိဇ္ဇာ နိုင်ငံ သွားရာ ခရီး၌ ... စီးသော ဘယ် ညာ ဖိနပ်တစ်ရံ... ဖြစ်သလို... သတိနှင့် အသိ သည်သာ... ဝိဇ္ဇာ နိုင်ငံသွားရာ ခရီး၌... ဘယ် ညာ... ဖိနပ်တစ်ရံသာ ဖြစ်ချေတော့၏... ။ 🙏 မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 🙏 #Credit, Org ; #From, debate.
via အလင်းရောင် ဓမ္မ https://ift.tt/2Rgj1Pj
Newer Post
Older Post
Home