အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, January 13, 2020
မေတ္တာနှင့် တဏှာ •••••••••••••••••• လောကမှာ တစ်ခါတစ်ရံ “တဏှာ” က မေတ္တာဟန်ဆောင်ပြီး လူကို လှည့်စားတတ်တယ်။ “ မေတ္တာနှင့် တဏှာ” က မခွဲခြားတတ်ရင် အသွင်အပြင် တူသလို ထင်ရပေမယ့် အရည်အသွေးကတော့ အလွန်ကွဲပြားပါတယ်။ မေတ္တာစစ်က ပေးပဲပေးချင်တယ်။ မျှော်လင့်ချက် မထားတတ်ဘူး။ တဏှာက နည်းနည်းပေးပြီး များများပြန်လိုချင်တတ်တယ်။ မေတ္တာစစ်က ယှဉ်ပြိုင်လာရင် အရှုံးပေး လိုက်တယ်။ ဘယ်တော့မှ အနိုင်မယူဘူး။ တဏှာက အမြဲအနိုင်ရနေမှ ကျေနပ်တယ်။ ရှုံးနိမ့်သွားရင်တောင် ပြန်ပြီး ကလဲ့စားချေ တတ်တယ်။ မေတ္တာက အပြစ်တစ်စုံတစ်ရာတွေ့ရင် တည်တည်ငြိမ်ငြိမ်နဲ့ ခွင့်လွှတ်နိုင်ဖို့ပဲ ကြိုးစားတယ်။ တဏှာက အပြစ်တစ်စုံ တစ်ရာတွေ့ရင် ယောက်ယက်ခတ်ပြီး ပြဿနာရှာဖို့ ပုံကြီးချဲ့ဖို့ပဲ စဉ်းစားတတ်တယ်။ မေတ္တာစစ်က စျေးရောင်းသလို အရှုံးအမြတ် မတွက်တတ်ဘူး။ တဏှာက တစ်ခုရင်းရင် နှစ်ခုလိုချင်တယ်။ ရှုံးတယ်ထင်ရင် လှည့်မကြည့်တတ်ဘူး။ အနှစ်ချုပ်လိုက်တော့… မေတ္တာက အေးချမ်းပြီး အနှောင်အဖွဲ့ ကင်းတယ်။ တဏှာက ပူလောင်ပြီး နှောင်ကြိုးတန်းလန်းနဲ့ပေါ့။ အားလုံးပဲ့ မင်္ဂလာပါ 🙏🙏🙏 အရှင်တေဇာနန္ဒ 🙏🙏🙏 စေတနာပန်းခင်းဆရာတော်🙏🙏🙏 အဘိဓမ္မာသီးသန့်ဆွေးနွေးခြင်းပေ့မှကူးယူဖော်ပြပါသည်။🙏🙏 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏
via အလင်းရောင် ဓမ္မ https://ift.tt/2t3cvDK
Newer Post
Older Post
Home