Sunday, September 15, 2019

#လောဘကြီးရင် စကားချိုတယ်တဲ့.. #ဒေါသကြီးရင် စကားတိုတယ်တဲ့.. #မောဟကြီးရင် စကားအိုတယ်တဲ့.. အတိုကောက် ရေးလိုက်တော့ "လော ဒေါ မော ချို တို အို"တဲ့.. "လောဘကြီးရင် စကားချိုတယ်" စကားကို ချိုချိုလေးပြောတတ်တဲ့လူက တစ်ခါတစ်ရံကျတော့ သူချိုတာ #တကယ်ချိုနေတာလားဆိုတော့ သူက လိုချင်လောဘရှိလို့ ချိုနေတာ.. လောဘဆိုတဲ့ပုဂ္ဂိုလ်က အရာရာမှာ သူက ယဉ်ကျေးတဲ့ သဏ္ဌာန်ရှိတယ်..... ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကျတော့ မာဆတ်ဆတ်ပြောတော့ စကားတိုတယ်.. ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကျ သူက ဆောင့်ကြီးအောင့်ကြီးလုပ်တယ်လေ.. ဆောင့်တယ်၊ လမ်းသွားရင်တောင် ဒုန်းဒုန်းနဲ့ လုပ်တာ သူက.. တံခါးလည်း ဆောင့်ပိတ်ချင် ပိတ်တယ်.. ပန်းကန်တွေလည်း ဆောင့်ချချင် ချတယ်၊ ဒေါသကြီးလာလို့ရှိရင်.. မောဟကြီးတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်ဟာမှ သေသေသပ်သပ် မလုပ်ဘူး.. အကုန်လုံး ကို့ရို့ကားရားတွေဖြစ်တယ်.. ပြောသင့်တဲ့စကား၊ မပြောသင့်တဲ့စကား ခွဲခြားမသိဘူး #မသိသည့်အတွက်ကြောင့် သူပြောတဲ့စကားတွေက အရုပ်ဆိုးတယ်၊ အိုမင်းတယ်လို့ ဒီလိုပြောတာ.. ကို့ရို့ကားရားတွေများတယ်ပေါ့၊ ဒီလို အဓိပ္ပာယ်ကိုဆိုတာ.. လောဘ၊ဒေါသ၊မောဟဆိုတဲ့ အနေအထားတွေကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့အပြုအမူတွေ၊ အလုပ်အကိုင်တွေကို ကြည့်ပြီးတော့ သူ့ရဲ့လောဘ ရှိသလား၊ ဒေါသ ရှိသလား၊ မောဟ ရှိသလား ဆိုတဲ့ စိတ်နေစိတ်ထားကို ထောက်လှမ်း သိရှိနိုင်တယ်.. ဒါကြောင့်မို့ မြတ်စွာဘုရားက .. ငါ့ကို ထောက်လှမ်းချင်ရင် ပထမဆုံး မျက်စိနဲ့ ကြည့်ပြီတော့ ထောက်လှမ်း၊ နားနဲ့ နားထောင်ပြီးတော့ ထောက်လှမ်းတဲ့.. ငါ့စိတ်ထဲမှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာနတွေ၊ ဣဿာတွေ၊ မစ္ဆရိယတွေ ဒါတွေရှိသလား၊ မရှိဘူးလားဆိုတာ ထောက်လှမ်းကြည့်ပေါ့၊ ဒီလိုဆိုတာ..နော် အဲဒီလို ထောက်လှမ်းလိုက်တယ်ဆိုလို့ရှိရင် အဖြေက တစ်ခုခု ထွက်လာပြီလေ.. ပါချုပ်ဆရာတော်ကြီး Credit : Original Uploader.


via အလင်းရောင် ဓမ္မ https://ift.tt/31pSJy7