Monday, September 16, 2019

ရလိုစိတ်နဲ့ မျှော်လင့်မိတဲ့နေ့ကစပြီး သင် စိတ်ဆင်းရဲရတော့မယ်။ မနာလိုစိတ်နဲ့ တိုက်ခိုက်မိတဲ့နေ့ကစပြီး သင် ရှုံးနိမ့်ရတော့မယ်။ အားငယ်စိတ်နဲ့ ချောင်ကပ်ငိုမိတဲ့ နေ့ကစပြီး သင် လဲကျရတော့မယ်။ လက်မလွှတ်နိုင်စိတ်နဲ့ သီးခံမိတဲ့ နေ့ကစပြီး သင် တန်ဖိုးချခံရတော့မယ်။ အပျော်လွန်စိတ်နဲ့ မတွေးခေါ်မိတဲ့ နေ့ကစပြီး သင် ဘဝပျက်ရတော့မယ်။ အတ္တစိတ်နဲ့ မိုက်မဲမိတဲ့ နေ့ကစပြီး သင် နောင်တရရတော့မယ်။ မစာနာစိတ်နဲ့ နှုတ်လွန် လက်လွန်မိတဲ့ နေ့ကစပြီး သင် ဝဋ်ခံရတော့မယ်။ ကိုယ့်စိတ် ကိုယ်ပြင် ကိုယ့်အသိ ကိုယ်မြင် ကိုယ့်အတွေး ကိုယ်ဂရုစိုက်ပါလေ..... #မနောသီရိ #အတွေးနဲ့အမြင်စာစုလေးများ


via အလင်းရောင် ဓမ္မ https://ift.tt/30j71z5