အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 14, 2019
ကုသိုလ်ကောင်းမှုတွေကို #သွက်သွက်လက်လက်ပြုကြပါ 🙏🌹🌹🌹🌹🌹🌹🌹🌹🙏 ဘုရားရှင် ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်နဲ့အတူ တောထွက်သွားကြတဲ့ ပရိတ်သတ်တွေက ရှေးဦးစွာ ကျွတ်တမ်း ဝင်သွားကြပါတယ်။ ဒီ အခါးသမားတွေကတော့ လွယ်လွယ်နဲ့ ကျွတ်တန်း မဝင်ကြဘူး။ ဘယ်အချိန်ရောက်မှ ကျွတ်တမ်းဝင်ကြသလဲ ? နှောင်းခန်လို့ဆိုရတဲ့ သီဟိုဠ်ခေတ်တို့လို မြန်မာနိုင်ငံခတ်တို့လို ခေတ်တွေရောက်တဲ့အခါမှာ နည်းနည်းပါးပါး ကျွတ်တန်းဝင်ကြရတယ်။ ကောင်းမှုကုသိုလ် ပြုတဲ့ အခါမှာ ရှေ့တန်းကနေပြီး #သွက်သွက်လက်လက် ပြုကြပါ။ စိတ်မပါတပါနဲ့- *'တပည့်တော်တို့ကတော့ ဝါတွင်းလောက်တော့ ခဲထားပါတယ်ဘုရား၊ *တပည့်တော်ကတော့ ရှေ့နှစ်လောက်တော့ ခဲထားတယ်ဘုရား ' - စသည်ဖြင့် ဒီလို ရက်တွေ လတွေ ရွှေ့ဆိုင်းနေကြ မယ်ဆိုလျှင် ကုသိုလ်ကောင်းမှု တွေကို ဖင့်ဖင့်နွှဲ့နွဲ့ ပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ - ဘယ်နေရာက နေရမလဲ ? နောက်တန်းကပဲ နေရပါမယ်။ ရှေ့တန်းက ရနိုင်မလား ? မရနိုင်ဘူး။ ဒါကြောင့် သတိရှိကြဖို့ သိပ်လိုအပ်ပါတယ်။ ............................ 🙏 ဖားအောက်တောရ🙏 #ဆရာတော်ဘုရားကြီး #ဘဒ္ဒန္တအာစိဏ္ဏ ၏ 🙏🙏🙏 အာနာပါနကမ္မဋ္ဌာန်းပိုင်း (#စူဠသုညသုတ္တန်) **ငွေကံ့ကော်သုတ ဓမ္မရသ** မှ
via အလင်းရောင် ဓမ္မ https://ift.tt/2LwG9Ye
Newer Post
Older Post
Home