Tuesday, January 14, 2020

အရှင်သာရိပုတ္တရာ အဆဲခံရသောအခါ ...................................................... (၁) အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်နေ့သောအခါ သူ့မိခင်ကြီး နေထိုင်ရာ ရွာသို့ ဆွမ်းခံရောက်သွားသည်။ မယ်တော်ကြီး အိမ်ရှေ့ရောက်သောအခါ ဆွမ်းရပ်လိုက်သည်။ မယ်တော်ကြီးသည် မထေရ်မြတ်ကြီးကို တွေ့သည်နှင့် “သူများ စားကြွင်းစားကျန် စားတဲ့ သာရိပုတ္တရာ … အခု စားကြွင်းပုန်းရည်ဟင်း မရလို့ သူတစ်ပါးတွေက ယောက်ချိုဖျားလေးနဲ့ မွှေထားတဲ့ ပုန်းရည်ဟင်းစားဖို့ စည်းစိမ်တွေစွန့်ပြီး ရဟန်းဝတ်သွားတာလား … သင်ဟာလေ တကယ့်ကို ပျက်စီးနေတဲ့သူပဲ”စသည်ဖြင့် ဆဲရေးပြစ်တင်လေသည်။ နောက်ပါ ရဟန်းများကိုလည်း “သင်တို့က ငါ့သားကို ခိုင်းစရာအလုပ်အကျွေးအဖြစ် ခိုင်းထားကြတယ်ပေါ့လေ … ရော့ ရော့ … စားကြ … စားကြ … အားရအောင် စားကြ”စသည်ဖြင့် ဆဲရေးပြစ်တင်ပြန်လေသည်။ မထေရ်မြတ်ကြီးသည် ရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုနေသော မယ်တော်ကြီးကို ဘာစကားမ ျှ ပြန်မပြောဘဲ တိတ်ဆိတ်စွာဖြင့် ကျောင်းသို့ ပြန်လာခဲ့သည်။ ကျောင်းရောက်သောအခါ အရှင်ရာဟုလာသည် မြတ်စွာဘုရားကို ဆွမ်းဘုဉ်းပေးရန် ပင့်လေ ျှာက်သည်။ ထိုအခါ မြတ်စွာဘုရားက အရှင်ရာဟုလာနှင့် အပြန်အလှန် စကားပြောကြသည်။ “ဒီနေ့ ဘယ်ကို ဆွမ်းခံကြွသလဲ” “ဆရာအရှင်ရဲ့ မယ်တော်ကြီးရွာဘက်ကို ကြွဖြစ်ပါတယ်ဘုရား” “သူ့မယ်တော်ကြီးက အရှင့်ဆရာကို ဘာတွေများ ပြောလိုက်သေးလဲ” “မယ်တော်ကြီးက ဒေါသတွေ ထွက်နေခဲ့တယ်ဘုရား … ဒေါသထွက်နေပြီး အမျိုးမျိုး ဆဲရေးပြစ်တင်တယ်ဘုရား” “အဲဒီတော့ အရှင့်ဆရာ သာရိပုတ္တရာက ဘာတွေများ ပြန်ပြောသေးလဲ” “ဆရာက သူ့မယ်တော်ကြီးကို စကားတစ်လုံးမှ ပြန်မပြောဘူးဘုရား” (၂) ညနေပိုင်း ရဟန်းတော်များ တရားနာကြရန် စုဝေးမိကြသောအခါ မနက်ပိုင်းက အရှင်သာရိပုတ္တရာနှင့်မယ်တော်ကြီးတို့၏အဖြစ်အပျက်ကိုသာ ဆွေးနွေးပြောဆိုဖြစ်ကြသည်။ “ဒီလောက် မခံသာအောင် ဆဲရေးတာကို သည်းခံနိုင်လိုက်တာ၊ ဘာစကားမှ ပြန်မပြောဘဲ နေနိုင်လိုက်တာ”ဟု ချီးမွမ်းနေကြလေသည်။ ဓမ္မသဘင်သို့ မြတ်စွာဘုရားရှင် ကြွရောက်လာသောအခါ “ချစ်သားတို့ … ရဟန္တာဆိုတာ အမျက်ဒေါသထွက်ခြင်း မရှိတော့ဘူး”စသည်ဖြင့် ရှင်းလင်းဟောကြားတော်မူခဲ့လေသည်။ (၃) ဤဇာတ်လမ်းလေးကို ဖတ်မိသောအခါ ဆဲရေးပြစ်တင်မှုများကြားတွင် တိတ်ဆိတ်စွာ ငြိမ်းချမ်းစွာ တည်ငြိမ်စွာ အေးချမ်းစွာ မေတ္တာဖြင့် တုန့်ပြန်နေသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကို မျက်စိထဲ မြင်ယောင်ကာ အကြည်ညိုပွားနေမိပါသည်။ Cred


via အလင်းရောင် ဓမ္မ https://ift.tt/3a4D6Rf