Wednesday, January 15, 2020

သဲအင်းဆရာတော်ကြီးနှင့်စကြဝဠာထဲကလူမျာ ~~~~~~~~~~~~~~~~~~~~~ သတင်းစာဆရာကြီးမိုးကြိုးဦးအုံးခင်သည် ခေတ်ပညာ လည်းတတ်သည်။ပရိယတ္တိစာပေတွင်လည်း နှံ့စပ်စွာ သိ၏။ပရိယတ္တိ စာတတ်ဆရာတော်ကြီးများနှင့် အလွန်ရင်းနှီးသည်။ပညာတတ်ဖြစ်၍ဆရာတော်ကို ကြုံရင်ကြုံသလိုသိချင်သောမေးခွန်းများစွာမေးတော့သည်။သူ၏ သတင်းစာထဲတွင် သဲအင်းဆရာတော်နှင့် အမေးအဖြေများကိုမကြာခဏထည့်လေ့ရှိသည်။ သူ့ကြောင့် ပင် သဲအင်းဆရာတော်၏ ဂုဏ်သတင်းသည် မြန်မာတစ်ပြည်လုံးသို့လျင်မြန်စွာဖြန့်နှံ့ရတော့သည်။ ဆရာတော်ကြီးသည် ညပိုင်းတွင် အနီးကပ် သာဝကများနှင့်စကားပြောလေ့ရှိသည်။အမေးအမြန်း ထူသောပညာတတ်ဦးအုံးခင်သည် ဆရာတော်ကြီးကို စတင်လျှောက်ထားတော့သည်။ မိုးကြိုး >နောင်လာနောင်သားများအတွက် အရှင်ဘုရားရဲ့ အတိတ်ဘဝများကိုပညတ်အာရုံံပြုပြီးပြောပေးပါ…… သဲအင်း >အတိတ်ဆိုတာမရှိတဲ့တရား…ပြန်မပြောချင်ဘူး ပစ္စုပ္ပန်ပဲရှိတဲ့တရား။ မိုးကြိုး >နောင်လာနောင်သားများအတွက် မှတ်တမ်းထားခဲ့ချင် လို့ပါအရှင်ဘုရား။ သဲအင်း >အတိတ်ကိုလဲအကုန်သိပါတယ်။ ပစ္စုပ္ပန်ကိုလည်း အကုန်သိပါတယ်။ နောင်အနာဂတ်ကိုလဲ ကုန်စင်အောင်သိပါတယ်။ မိုးကြိုး >အတိတ်ကပွင့်ခဲ့တဲ့ဘုရား လက်ထက်မှာ ဘာတွေဖြစ်ခဲ့ပါသလဲ။ သဲအင်း >ပြောရင်လဲမကုန်နိုင်အောင် ဘယ်ဘုရား လက်ထက်မှာဘယ်နံမည်နဲ့မင်းဖြစ်ခဲ့တယ် နောက်ဘုရားလက်ထက်မှာဘာဖြစ်ခဲ့တယ်ဆိုတာ တွေဟာ များလွန်းလှပါတယ် မိုးကြိုး >စကြာဝဠာနဲ့ ပက်သက်ပြီး သိချင်ပါတယ် အရှင်ဘုရား သဲအင်း >ဒီစကြာဝဠာအပြင် ဟိုစကြာဝဠာတွေလဲရှိတယ် ဒီစကြာဝဠာက လူသားတွေ ဒီလိုနေကြ ထိုင်ကြ စားကြ တာတွေသိသလို ဟိုစကြာဝဠာက လူသားတွေရဲ့ ခန္ဓာကိုယ်ပုံစံတွေ နေထိုင်ပုံတွေအားလုံး မသိတာ ဆိုတာမရှိဘူး သူတို့တွေရဲ့ သက်တမ်းက အစအားလုံး သိပါတယ်။ မိုးကြိုး >ငရဲပြည်အကြောင်းသိခွင့်ပေးပါအရှင်ဘုရား။ သဲအင်း >စကြာဝဠာတစ်ခုနဲ့ တစ်ခုကြားမှာ အလွန်ကြောက်စရာကောင်းလွန်းတဲ့ ငရဲတွေရှိသေးတယ် မိုးကြိုး >ဘယ်အကြောင်းခံကြောင့် ဒီငရဲမှာ ကျရတာလဲ အရှင်ဘုရား သဲအင်း >အောက်ကိုကြည့်ရင် ဒလဟောကြီးအားလုံးကို မြင်နေရတယ် ဆွေမျိုးတွေ သူငယ်ချင်းတွေကို ငရဲမှာတွေ့ရတော့မှ အရမ်းကြောက်ရွံ့ တုန်လှုပ်ခဲ့ရတယ် ……ဒကာကြီး မိုးကြိုး >သေသွားတဲ့ဇနီး၂ယောက် ဘယ်ရောက် နေပါသလဲ သဲအင်း >ပထမဇနီးကိုစိတ်ထဲက ညွတ်လိုက်တယ် ဘယ်ရောက်နေသလဲလို့ အပယ်ငရဲတွေပေါ်လာတယ် အပယ်ငရဲအိုးထဲမှာအော်ဟစ်နေတယ် အသံနက်ကြီးနဲ့ ခံနေရလွန်းလို့ မိုးကြိုး >အရှင်ဘုရား ကယ်လို့မရတော့ဘူးလား သဲအင်း >ငရဲကိုရောက်ပြီဆိုရင် ဘုရားလဲကယ်လို့ မရတော့ဘူး ခံပေအုံးတော့ နှစ်ပေါင်း အသင်္ချေ { ဒုတိယအပိုင်း} မိုးကြိုး>ကွယ်လွန်သွားတဲ့ ဒုတိယဇနီးရောအရှင်ဘုရား သဲအင်း >သူ့အိမ်မှာ ဝက်ကလေးပြန်ဖြစ်နေတယ် မိုးကြိုး >ဘယ်လိုအကြောင်းခံကြောင့်လဲအရှင်ဘုရား သဲအင်း >ဒီဒကာမက ဝက်တွေမွေးတယ်။ ဝက်တွေ အသားတိုးအောင်လုပ်ပြီးအရွယ်ရောက်တော့ဝက်သတ်သမားကိုရောင်းစားတယ် မိုးကြိုး >ဝက်ကို အသားတိုးအောင် အစာကျွေးတာ ကုသိုလ်မရဘူးလား သဲအင်း >ဝက်ကိုကျွေးတဲ့စိတ်က သတ္တဝါကို ကျွေးတာမဟုတ်ဘူး ဒီဝက်အသားတိုးလာရင် ငါပိုက်ဆံ များများရတော့မယ်ဆိုတဲ့စိတ်နဲ့ကျွေးတာ ဒကာကြီးရဲ့ လောဘစိတ်ဖြစ်နေတာ မိုးကြိုး >ဒါကြောင့်ဝက်ဖြစ်ရတာလား သဲအင်း > ဝက်တွေဘဲ မွေးထားတော့ ပုထုစဉ်စိတ်က ဝက်စိတ်ပဲဖြစ်နေတယ် သေခါနီးတော့ အမြဲဖြစ်နေတဲ့ ဝက်စိတ်နဲ့ဝက်ပြန်ဖြစ်နေရတာဘဲ မိုးကြိုး > "သေသူရှင်သူကတ"ဆိုတဲ့ တဘောင်ကို ရှင်းပေးပါအုံးအရှင်ဘုရား သဲအင်း > ဦးပဇင်းက ငရဲပြည်အထပ်ထပ်ကို ဒလဟောကြီးမြင်ရတော့ ငရဲကျနေတဲ့အဖိုးအဖွားတွေ မိဘတွေ ဆွေမျိုးသူငယ်ချင်းပေါင်းများစွာတွေ့ရတယ် ဒီတော့ဦးပဇင်းကဆင်ခြင်တယ် ငါ့အဖိုးအဖွားတွေလဲ ဥပုဒ်စောင့် ကုသိုလ်လုပ်ခဲ့တာပဲ မိုးကြိုး > ဥပုဒ်စောင့်တာဘာလို့ငရဲကျရတာလဲ အရှင်ဘုရား သဲအင်း >မိရိုးဖလာ ဗုဒ္ဓဘာသာအတိုင်း ဒါနသီလတွေလုပ်ခဲ့တာကိုး……ဘုန်းကြီးတွေကလည်း မိရိုးဖလာအတိုင်းဘဲ လှူရင် နတ်ပြည်ပြန်ရောက်မယ် ဟောတယ် သေခါနီးစိတ်ကိုမကျင့်ထားရင် ကံစေရာအတိုင်းရောက်ရဒါပဲ မိဘဘိုးဘွားတွေကို ငရဲပြည်မှာတွေ့တော့အရမ်းသနားမိတယ် လူ့ပြည်တုံးကတရားစစ်တရားမှန်နဲ့ မတွေ့လို့ဒီလိုဖြစ်ရဒါပဲ ဒါကြောင့်အသက်ရှင်နေသ၍ ဦးပဇင်းက သေသူတွေကို တရားရစေချင်လို့တမ်းတမိတာ။ မိုးကြိုး > ဆရာတော်ရဲ့ အတိတ်ဘဝ ဘာတွေ ဖြစ်ဒါများခဲ့ပါသလဲ သဲအင်း > နိုင်ငံခြားမှာ ပြိတ္တာကြီးတွေ အများကြီးဖြစ်ခဲ့တယ် ပုဏ္ဏားဘဝလဲ အများကြီး။ရေထဲကငါးဘဝအကြိမ်ကြိမ်။ မိုးကြိုး >ဆရာတော်တရားဟော တရားပြတော့ လူတွေအားလုံးတရားရနိုင်ပါ့မလား သဲအင်း >ဘုရားတောင် မှယောက္ခမနဲ့ယောက်ဖကို အဝိစိငရဲကျမှာ သိရက်သားနဲ့မတားနိုင်ခဲ့ဘူး ဦးပဇင်းလည်း ပိုက်ကွန်ကြီးနဲ့ငါးတွေ ဖမ်းသလိုကွန်ပစ်လိုက်တယ် မိတဲ့ငါးလည်းမိ လွတ်တဲ့ငါးလည်းလွတ်ပေါ့ဒကာကြီး……………… Credit~ U Aye Han


via အလင်းရောင် ဓမ္မ https://ift.tt/30mWZi5