အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 15, 2019
ဒကာ ဒကာမ( ၄ )မ်ိဳး .......................... ၁။ သဒ္ဓါလွန်၍ ဥာဏ်နည်းသော ဒကာ/ဒကာမ ၂။ ဥာဏ်ထက်၍ သဒ္ဓါနည်းသော ဒကာ/ဒကာမ ၃။ သဒ္ဓါ ၊ပညာ ပြည့်ဝသော ဒကာ/ဒကာမ ၄။ သဒ္ဓါ ၊ ပညာ နည်းသော ဒကာ/ဒကာမ ~~~~~~~~~~~~~~~ ပထမ အမျိုးအစား ~~~~~~~~ သာသနာအတွက် အကျိုးများသည်၊ မများသည် မသိ၊ ကြည်ညိုသင့်၊ မကြည်ညိုသင့် ကိုးကွယ်သင့်၊ မကိုးကွယ်သင့် နားမလည်ဘူး..။ ထင်မိထင်ရာ ကိုးကွယ် ဆည်းကပ်ကြသော သူများဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်တို့ကို အမှီပြု၍ သာသနာတော် များစွာပျက်စီးဆုပ်ယုတ်ပါတယ်...။ ဒုတိယ အမျိုးအစား ~~~~~~~ စိတ်သာရှင်စော ဘုရားဟောဟုဆိုကာ စိတ်ကောင်းရှိရင် ဘာဒါန၊ ဘာသီလ၊ ဘာ ဘာဝနာမှ လုပ်စရာမလိုဘူးဆိုကာ သာသနာတော်ကို အားပေးချီးမြှောက်မှု ဘာတစ်ခုမှ မလုပ်သော သူများဖြစ်ကြပါတယ်..။ ထိုပုဂ္ဂိုများကြောင့် ဘုရား ကျောင်းကန်၊ သာသနာ့ အဆောက်အဦးများ မပေါ်နိုင်သလို၊ စာသင်တိုက်တွေ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေလည်း မပေါ်နိုင်ပေ ။ သာသနာ (၅၀၀၀) မဆိုထားနဲ့ တစ်ရာတောင် မတည်နိုင်ပါဘူး..။ တတိယအမျိုအစား ~~~~~~~ သာသနာပြုမင်းကောင်းမင်းမြတ် ၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ သူဆင်းရဲ၊ ဗုဒ္ဓဘာသာအပေါ် ချစ်မြတ်နိုးသော သူတော်ကောင်းများ ဖြစ်သည်။ ထိုသူတို့ သာသနာတော်အပေါ် အားပေးချီးမြှောက်မှုကြောင့် ယနေ့တိုင် သာသနာတော်ဟာနှစ်ပေါင်း(၂၅၀၀)ကျော် တည်ခဲလေသည်။ စတုတ္ထ အမျိုးအစား ~~~~~~~ သဒ္ဓါ တရားလည်းမွဲ၊ ဥာဏ်လည်းနဲ့သော လူ့အကန်းတို့ပဲ ဖြစ်ပါတယ်။ ဘုရားကျောင်းကန်နဲ့လည်းဝေး၊ အလှူအတန်းနဲ့လည်းဝေး ၊ဥပုသ် ဇရပ် ၊ကမ္မဋ္ဌာန်းကျောင်းနဲ့လည်းဝေး၍ ....ပျော်ပျော်ပါးပါး စားစားသောက်သောက် ၊ကသောက်ကရောက် လူ့အကာ ၊အခွံ အသွံတို့ပဲဖြစ်ပါတယ် ။ သာသနာအတွက် ဘာမှအကျိုးမများသလို ၊သာသနာနဲ့တွေ့ရသော်လည်း လူဖြစ်ကျိုးမနပ်သော ပုဂ္ဂိုလ်များဖြစ်ပါတယ်...။ ဒကာ၊ဒကာမ(၄)မျိုးထဲမှာ မိမိဟာ ဘယ်နံပါတ်ထဲ ပါဝင်နေသလဲဆိုတာ...ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်၍ သဒ္ဓါ ပညာနဲ့ပြည့်စုံသော အကောင်းဆုံး ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ....။ CR# ရာမညနိကာယ
via အလင်းရောင် ဓမ္မ https://ift.tt/300GZoR
Newer Post
Older Post
Home