Wednesday, January 15, 2020

သူတော်ကောင်းဆိုတာ သူတစ်ပါးတို့အပေါ်ချုပ်ခြယ် စောင်းမြောင်းတဲ့ စိတ်ထားမရှိရပါဘူး။ ' ဟိုဟာမလုပ်ရဘူး ၊ ဒီဟာမလုပ်ရဘူး ဘာမှတ်နေလဲ ၊ ဒါစည်းကမ်းနားမလည်ဘူးလား ? ။ ဘယ်နှယ့်လဲ ဒကာကြီးတွေ ကြားလိုက်ရင် စိတ်ထဲ ပျော်မွေ့သွားမလား? ။ မပျော်မွေ့ဘူးဆို မလုပ်မိဖို့ ကြိုးစားရမယ်။ မေတ္တာရှေ့ထားပြီး မိမိသည် ဘေးရန်ကင်းချင်သလို အခြားခြားသူတွေကိုလည်း ဘေးရန်ကင်းစေတဲ့ စိတ်ထားရှိရမယ်၊ မိမိသည် စိတ်ဆင်းရဲခြင်းကင်းချင်သလို အခြားခြားသူတွေကိုလည်း စိတ်ဆင်းရဲခြင်းကင်းစေတဲ့ စိတ်ထားရှိရမယ်။ သူ့မှာ သီလတွေမဖြူစင်နေရင် သီလတွေဖြူစင်ပါစေ၊ သူ့မှာသမာဓိကျင့်စဉ်ပိုင်းတွေ အောင်မြင်မှု မရှိသေးရင် သူ့ရဲ့သမာဓိကျင့်စဉ်တွေ အောင်မြင်ပါစေ ဆိုပြီးမိမိဘက်က ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမတ္တာဖြင့် ကြီးပွားမှုကို အစဉ်သနား အမြဲစောင့်ရှောက် ပေးနေတဲ့ စိတ်ထားရှိရမယ်။ ကာယကံမေတ္တာဖြင့် ပြောဆိုမှု ၊ ဝစီကံမေတ္တာဖြင့် ပြောဆိုမှု ၊ မနောကံမေတ္တာဖြင့် ပြောဆိုမှု ဆိုတဲ့ဒီစိတ်ဓာတ်လေးတွေ ကိန်းဝှက်နေဖို့လိုပါတယ်။ အထူးသဖြင့် သာသနာဘောင်မှာ ဦးစီးခေါင်းဆာင်လုပ်နေတဲ့ သူတော်ကောင်းတွေကို ဘုန်းကြီးကတော့ တိုက်တွန်းပါတယ်။ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်ထိရရှိအောင်၊ ကရုဏာ၊မုဒိတာ ကမ္မဋ္ဌာန်းတွေကိုလည်း ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်ထိရရှိအောင်၊ ဥပေက္ခာဘာဝနာကမ္မဋ္ဌာန်းကိုလည်း စတုတ္ထစျာန်ထိရရှိအောင် နေ့စဉ်အနည်းဆုံးဆယ်မိနစ်ခန့် ပွားပေးပါလို့ ဘုန်းကြီးခဏ ခဏ တိုက်တွန်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယုတ်ရင်းကြမ်းတမ်းနေတဲ့ စိတ်ထားတွေကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဘာဝနာဆိုတဲ့ ဗြဟ္မစိုရ်ရေချမ်းတွေက ငြိမ်းအေးသွားအောင် ပက်ဖြန်းပေးမှာဖြစ်ပါတယ်။ ဖားအောက်တောရဆရာတော်ဘုရားကြီး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #credit


via အလင်းရောင် ဓမ္မ https://ift.tt/35VPXlq