Sunday, January 12, 2020

- တရားရှိ, မရှိ ဘယ်လို သိမလဲ? 💢💢💢💢💢💢💢💢💢 မိမိကိုယ်ကို မိမိ တရားရှိ, မရှိ ဆိုတာ ဘယ်သူ့ကိုမှ မေးကြည့်နေဖို့ မလိုပါဘူး။ မိမိ အတွင်းစိတ်မှာ လောဘ, ဒေါသ, မောဟတွေ လျော့ပါးသွားပြီလား? ကင်းငြိမ်းသွားပြီလား။ အစွဲအလန်းတွေ လျော့နည်းသွားပြီလား။ ပြုသင့်တာကိုပဲ ပြုတယ်, ပြောသင့်တာကိုပဲ ပြောတယ်, တွေးသင့်တာကိုပဲ တွေးတယ်, အရာရာ ဉာဏ်က ဦးစီးသွားပြီလား။ အချိန်တိုင်းမှာ သတိက ဦးဆောင်သွားပြီဆိုရင် ကိလေသာတွေ နည်းသွားပြီ။ ဘယ်သူ့ကိုမှ အပြစ်မတင်တော့သလို မိမိကိုယ်ကိုလည်း အပြစ်မတင်တော့ဘူး။ တစ်ဖက်သားကို မနာလို, ဝန်တိုတာတွေလည်း လျော့ပါးသွားတော့တယ်။ အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်ရတာပဲ။ သူ့သဘော သူဆောင်တာပဲ။ အစိုးမရ, အနှစ်အသားမရှိလို့ ပိုင်ပိုင်နိုင်နိုင်, လေးလေးနက်နက် အပေါ်ယံသိ မဟုတ်ဘဲ ဉာဏ်နဲ့ ထိုးထွင်းသိသွားရင် တရားရှိတယ်လို့ ဆိုနိုင်ပါတယ်။ ..................................... ဒေါက်တာရွှေထွန်း ### Credit #အရှင်ဥဇ္ဇယ


via အလင်းရောင် ဓမ္မ https://ift.tt/30d4sjw