အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, January 5, 2020
မိဘတွေရဲ့ တန်ဖိုး 🙏🙏🙏🙏🙏 ဖတ်ကြည့်နော်… ငွေအကြွေစေ့ရဲ့ တန်ဖိုးကို ရှိနေစဉ် ဘာမှအသုံးမဝင်ဘူး ဆိုပြီး ပြစ်ထားတတ်ကြပါတယ်။ တကယ်တမ်း လိုအပ်လာတဲ့အခါ ငွေအကြွေဆိုတာလဲ သူ့နေရာနဲ့ သူ့တန်ဖိုးကတော့ ရှိနေတာပဲ မဟုတ်လား။ ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို ထမင်းငတ်ဖူးမှ သိနိုင်တယ်။ ရေတစ်စက်ရဲ့ တန်ဖိုးကို ရေငတ်ဖူးမှ သိပါလိမ့်မယ်။ မိဘတွေ မရှိတော့မှ မိဘရဲ့တန်ဖိုးကို မသိချင်နဲ့။ အမေ အဖေရှိနေစဉ် ဘာမှ မသိတဲ့ မိဘ ကျေးဇူး မေတ္တာတရားဆိုတာက မိဘတွေ မရှိတော့တဲ့အခါမှ ငိုကြွေးတောင်းတနေလို့လဲ ပြန်မရနိုင်တဲ့အတွက် မိဘတွေနဲ့ အတူရှိနေချိန်လေးကို တန်ဖိုးထားတတ်ပါစေ။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲဒီလူမရှိတော့မှ ပြန်တမ်းတနေလို့ မရပါဘူး။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဆိုတာကလဲ သူနဲ့တန်တဲ့ ငွေကြေးပမာဏက ပေးဆပ်ခဲ့ပြီးပြီပဲ။ အသုံးပြုဖို့က… သူ့နေရာနဲ့သူ ထားတတ် သုံးတတ်ဖို့ပဲ လိုတာပါ။ အဓိကက သူ့တန်ဖိုးကို သင်သိနေဖို့ပါပဲ။ ဆုံးရှုံးသွားပြီးမှ ဘယ်အရာကမှ အရင်အတိုင်း အရင်နေရာမှာ ပြန်အစားထိုးလို့ မရနိုင်ဘူးဆိုတာပါပဲ။ အနိုင်ယူသမျှ သည်းခံတိုင်း တောင်းပန်သမျှ ခွင့်လွှတ်နေတိုင်း အရာရာကို တဖက်တည်းကြည့်တတ်တိုင်းလဲ မျှတနေပြီလို့ မထင်ပါနဲ့။ တန်ဖိုးဆိုတာ… တခါတ လေ အနီးအနားမှာ အတူတူရှိနေစဉ်သာ မသိသာပေမဲ့ ဝေးသွားမှ နောင်တရ တမ်းတနေတတ်တာမျိုးပါ။ အိမ်မှာ အသုံးမလိုတော့လို့ ပြစ်ထားတဲ့ ပစ္စည်းတစ်ခုခုကို အမှန်တကယ် အသုံးလိုလာတဲ့အခါ ဘယ်နေရာထားမိမှန်းမသိပဲ နေရာအနှံ့ ရှာပုံတော်ဖွင့်နေရတာမျိုးကို သင် ခဏခဏ ကြုံဖူးမှာပါ။ ဒါလေးက ကျမတို့အတွက် တန်ဖိုးမသိတဲ့အတွက် တန်ဖိုးရှိတဲ့ အရာတွေကို ဆုံးရှုံးလိုက်ရခြင်းဆိုတဲ့ သင်ခန်းစာလေးတစ်ခု ပေးရင်း အသိလေးတစ်ခု ရလိုက်ခြင်းပါပဲ။ တန်ဖိုးသိရင်း… တန်ဖိုးရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ကြပါစေ။ Credit MayHsu (ရာမညမြေ) ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။ မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )
via အလင်းရောင် ဓမ္မ https://ift.tt/2FkOdY7
Newer Post
Older Post
Home