Monday, January 6, 2020

""ကာမဂုဏ် ထောင်ချောက်----"" ♥♥♥♥♥♥♥♥♥♥♥ တရားချစ်ခင်သူတော်စင်အပေါင်းတို့~ အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး လူလားမြောက်လို့ ၁၆ နှစ်သားအရွယ်သို့ ရောက်တဲ့အခါ ခမည်းတော်က ထီးနန်း အပ်ဖို့ စီစဉ်ပါတယ်။ ဒီတော့ ဆွေတော်ရှစ်သောင်း သာကီဝင် မင်းအပေါင်းတို့ထံ သမီးကညာဆက်သကြ ရန် သဝဏ်လွှာများ ပေးပို့လိုက်တယ်။ ဆွေတော်မျိုးတော် သာကီဝင်မင်းတွေက """သိဒ္ဓတ္ထမင်းသားဟာ ဘာပညာမှမတတ် ဘူး၊ ကြည့်ရှုဖို့ကောင်းတဲ့ ရုပ်အဆင်းသာ ရှိတယ်၊ သားမယားတို့ကို ကျွေးမွေးထိန်း သိမ်းဖို့တာဝန်ကို ကျေပွန်အောင် ထမ်း ဆောင်နိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် သမီး တော်များကို မပေးဆက်နိုင်ဘူး"""လို့ စကားပြန်လာကြပါတယ်။ ဒီအကြောင်းကို သိဒ္ဓတ္ထမင်းသားအား ပြောပြတော့""ခမည်းတော် ဘုရား--- သားတော်မှာ အတတ်ပညာသင်ကြားဖို့ မလိုပါ၊မဟာဆွေတော် မျိုးတော်တို့ ကျေနပ် အောင် မည်သည့်အတတ်ပညာကို ပြသ စေလိုပါသလဲ"""လို့ မင်းသားက ပြန်မေး ပါတယ်။ ခမည်းတော်က """သားတော်----ဗိုလ် တစ်ထောင်တင်နိုင်တဲ့ လေးအတတ်ကို ပြသင့်တယ်"""လို့မိန့်ပါတယ်။ ဒါနဲ့ ခုနစ်ရက်မြောက်နေ့မှာ ဆွေတော် မျိုးတော် မင်းအပေါင်းကိုရှုစားစေပြီး လေးအတတ်အမျိုးမျိုးကို အံ့မခန်းအောင် ပြသတော်မူပါတယ်။ ဒီလို ပြသနိုင်တဲ့ အကြောင်းကလည်း ရှေးဘဝများစွာက လေ့ကျင့်ခဲ့တဲ့ အထုံ ပါရမီအစွမ်းကြောင့် ဖြစ်ပေတယ်။ သိဒ္ဓတ္ထမင်းသားရဲ့ လေးအတတ်အစွမ်း တွေကြောင့် ရွှေအဆင်းလို့ ဝင်းအိလှပတဲ့ """ဘဒ္ဒကစ္စနာ ခေါ်. ယသော်ဓရာဒေဝီ"" နဲ့ ထိမ်းမြားလက်ထပ်ပေးပြီးတော့ ခမည်း တော်ကြီးက ထီနန်းအရိုက်အရာကို အပ်နှင်း တော်မူပါတယ်။ သိဒ္ဓတ္ထမင်းသားကို ယသော်ဓရာဒေဝီ မိထုရားနဲ့အတူ မောင်းမကညာ လေးသောင်းတို့ ခြံရံလျက် ""ရမ္မ၊ သုဘ၊ သုရမ္မ""လို့ခေါ်တဲ့ စံနန်းတော် သုံးဆောင်မှာ သိကြားမင်းစည်းစိမ်တမျှ ကြီးကျယ်ခန်းနား တဲ့ """လောကီစည်းစိမ်(ကာမဂုဏ်ထောင် ချောက်)"""အတွင်း ၁၃ နှစ်ကြာ ခံစား စံစားတော် မူစေပါတယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျကာ ကာမဂုဏ်ညွှတ်ကွင်းမှ လွတ်ကင်းအောင် ရုန်းထွက်ကြည့်ကြပါစို့။


via အလင်းရောင် ဓမ္မ https://ift.tt/35pIrz5