Tuesday, January 7, 2020

ကျက်သရေရှိအောင် နေထိုင်နည်း 🙏🙏🙏🙏🙏🙏🙏🙏🙏 ကျက်သရေဆိုတာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။ အရည်အချင်းနှစ်ရပ်ပြည့်စုံလို့ ဖြစ်လာတာ။ . (၁) "ပုဗ္ဗေစ ကတပုညတာ" ရှေးဘဝ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့။ . . (၂) "အတ်တသမ်မာပဏိဓိ" ဒီဘဝမှာ ကိုယ့်စိတ်ကိုယ် ပြုပြင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်နေလို့။ "အတ်တသမ်မာပဏိဓိ"ဆိုတာ စရိုက်ဆိုးတွေကိုပြုပြင်တယ်။ စိတ်ကောင်း နှလုံးကောင်းထား တယ်။ ကိုယ့်ကျင့်သီလ မရှိသေးရင် ရှိအောင်ကြိုးစားတယ်။ အသိပညာ မရှိသေးရင် ရှိအောင်ကြိုးစားတယ်။ တစ်နေ့ထက် တစ်နေ့ ကြီးပွား တိုးတက် အောင် လုပ်တယ်။ ဒါ "အတ်တသမ်မာပဏိဓိ"ပဲ။ အရင်ဘဝကလည်း ကောင်းမှုကုသိုလ် ပြုခဲ့တယ်။ ဒီဘဝမှာလည်း ကိုယ့်ကိုယ်ကို ကောင်းအောင် ကျင့်ဆောင်နေထိုင်တယ်။ ဒီနှစ်ချက်ဟာ ကျက်သရေ ရှိခြင်း အကြောင်းတွေပဲ။ . . ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ . {ပဋ္ဌာန်းပူဇော်ကြသူများ} . . https://ift.tt/30yjhw5 https://ift.tt/2vV1p2i


via အလင်းရောင် ဓမ္မ https://ift.tt/2SYhJLp