Thursday, January 9, 2020

#ပါချုပ်ဆရာတော်ကြီးကိုဒါမျိုးတွေကြောင့် ပိုပိုပြီး ကြည်ညိုမိတယ် •••••••••••••••••••••••••••••••••••••••••• "လူတစ်ချို့လုပ်နေကြတာပြောပြမယ်" လို့ ပါချူပ်ဆရာတော်ကြီး မှ မိန့်ပါတယ် ........ တချို့နေရာတွေမှာဆို လမ်းက်ို ပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်..... သဒ္ဓါရှိတဲ့သူက လာလှူတာမျိုးမဟုတ်ဘဲ ကြိုနေ စောင့်နေ ပြောဆို အလှူခံနေရင် ဒါ တောင်းနေတာနဲ့ အတူတူပဲ....... ဒါကို လက်ခံရင် ဘုန်းကြီးတို့ သူတောင်းစားဖြစ်သွားမယ် ...... ဘုန်းကြီး တလောက စင်္ကာပူက အဘိဓမ္မာသင်တန်း ပို့ချဖို့ပင့်လို့ သွားတယ်..ဒါကို အလှူခံကြတယ်...... "ဘုန်းကြီး ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့"လို့ ပြောပြီးအလှူခံကြတာ.. သိပ်ဝမ်းနည်းစရာကောင်းတယ်..... တစ်ခါ ဒကာတစ်ယောက်ကလည်း လျှောက်ပြန်တယ်.. "ဘုန်းကြီးကျောင်းဆောက်ဖို့လိုရင်" "အလှူခံဖြတ်ပိုင်း ရိုက်ပေးပါ" "အလှူခံပေးပါ့မယ်"တဲ့..... ဒါတွေက တော်တော်မကောင်းတဲ့ကိစ္စတွေပဲ.. ဘုန်းကြီးငယ်ငယ်တုန်းက ရဟန်းဒါယကာတွေက "လိုတာပြောပါ" ဆိုပြီး ပြောလွန်းလို့ ၂ ခါလောက်ပဲ တောင်းဖူးတယ်.. နောက်တစ်ခု တရားပွဲတွေမှာ အလှူခံဖလားတွေ ချထားတယ်.. တရားလာနာတဲ့လူတစ်ယောက်ဟာ ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်ဆိုရင် ဒါဟာမကောင်းတော့ဘူး.. ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင် ဘုန်းကြီးတို့က တရားကို ရောင်းနေသလို ဖြစ်နေမယ်.. ရောင်းရအောင်ကလည်း ကိုယ့်တရားမဟုတ်ဘူး.. ဘုရားတရားတော်တွေ..... ဒါကြောင့် ဘုန်းကြီးတို့တရားပွဲတွေမှာ စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး.. ဘုန်းကြီးကရောင်းတယ် ရောင်းခိုင်းတယ် ထင်မှာကို သိပ်စိုးရိမ်တယ်.. ဘုန်းကြီးတို့ဆရာသမားမထေရ်ကြီးတစ်ပါးဆို သူ့ဒါယကာတွေက "ဘာလိုလဲဘုရား"လို့ မေးတော့ "သဒ္ဓါရှိသလောက်ကြည့်လှူ" "ဘာလိုလဲ နောက်မမေးနဲ့"လို့ ပြောတာ တွေ့ဖူးတယ်.. တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာမလိုဘူး.. သဒ္ဓါရှိတဲ့သူက လိုက်ရှာပြီးတောင်လှူတယ်.. တရားကို ဟောတဲ့နေရာမှာလည်း ဘုန်းကြီးတို့ ဘုရားညွှန်ကြားချက်အတိုင်း ဒေသနာစဉ်အတိုင်းဟောတယ်.. အကြောင်းပြချက်ခိုင်လုံတဲ့တရားပဲ ဟောတယ်.. တရားနာသူတွေအပေါ် မေတ္တာနဲ့ဟောတယ်.. မသ်ိကြသေးတာ သိကြပါစေဆိုတဲ့ စေတနာနဲ့ ဟောတယ်.. ကိုယ့်ဂုဏ်ကိုမြှောက် သူများကိုနှိမ်တဲ့တရားမျိုး မဟောဘူး မြတ်စွာဘုရားက တပည့်သံဃာတွေကိုလည်း ဒီလိုတရားတွေဟောဖို့ တိုက်တွန်းခဲ့တာပါ.. ဒါကို လိုက်နာဖို့အရေးကြီးပါတယ် ....... ပါချုပ်ဆရာတော်ကြီး 🙏🙏🙏 Credit >> Ven Sela Wansa >>


via အလင်းရောင် ဓမ္မ https://ift.tt/2usvbwJ