အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, January 9, 2020
☆“#ဗြဟ္မာမင်းစည်းစိမ်ကိုရရှိစေနိုင်ပုံ”☆ ❄❄❄❄❄❄❄❄❄❄ ☆ ဤနေရာတွင် ဒါနက ဗြဟ္မာမင်းစည်းစိမ်ကိုသော်လည်း ပေးနိုင်ပုံနှင့် ပတ် သက်၍ ဤသို့ လာရှိ၏။ ☆ အနာဂါမ် အရိယာသူတော်ကောင်းသည် အနာဂါမိမဂ်ဉာဏ်ဖြင့် ကာမ (၁၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ ကာမ၀တ္ထုအစုစုတို့၏ အပေါ် ၌ တွယ်တာတပ်မက်သည့် ကာမရာဂကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်နိုင် ၏။ သမုစ္ဆေဒပဟာန်တည်း။ သီလရှိသော ပုထုဇန်သူတော်ကောင်းနှင့် သော တာပန် သကဒါဂါမ် အရိယာသူတော်ကောင်းတို့ကား ယင်းကာမရာဂကို စျာန် သမာပတ်၏ စွမ်းအားဖြင့် ခပ်ကြာကြာ ခွာထားနိုင်၏ = ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်စွန့်ထားနိုင်၏။ ☆ ယင်းသို့ သီလရှိသော သမုစ္ဆေဒပဟာန် ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကင်းပြီး သော ပုဂ္ဂိုလ်အားသာလျှင် ဒါနက ဗြဟ္မာမင်းစည်းစိမ်ကို ရရှိနိုင်ကြောင်းကို ဘုရားဟောကြားတော်မူခြင်းဖြစ်၏။ ယင်းသို့ ရာဂကင်း၍ သီလရှိသောပုဂ္ဂိုလ် ၏ သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်ဓာတ် ဖြူစင်သန့်ရှင်းနေ သည့် အတွက်ကြောင့်စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့် စုံသွားခြင်း ဖြစ်၏။ ဆိုလိုသည်မှာ --- ဒါန သက်သက်မျှဖြင့်ကား ဗြဟ္မာ့ပြည်၌ ဖြစ်ဖို့ရန် မစွမ်းနိုင်၊ သို့သော် ဒါနသည် သမာဓိ အမည်ရသော သမထ ဘာ၀ နာစိတ်နှင့် ဝိပဿနာ ဘာ၀နာစိတ်၏ အဆင်တန်ဆာ အခြံအရံကား ဖြစ်နိုင်၏။ ☆ ထိုကြောင့် ဒါနတစ်ခုကို ပြုလုပ်ခြင်းဖြင့် ဒါနကြောင့် စိတ်ဓာတ် နူးညံ့ပျော့ ပျောင်းလာသော သူတော်ကောင်းသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူကုန်သော ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ်တရား (၄)ပါးတို့ကို ဖြစ်စေနိုင်ခဲ့သော် ယင်းစျာန်တရားက ဝိက္ခမ္ဘနအားဖြင့် ရာဂ စသော နီ၀ရဏ အညစ်အကြေး တို့ကို ခွါနိုင် ပယ်နိုင်၏၊ ရာဂကင်းနေသော ယင်းဗြဟ္မဝိဟာရစျာန်တို့ကို ဖြစ် စေနိုင်သောကြောင့် ဗြဟ္မာပြည်၌ ဖြစ်ရ၏၊ ထိုကြောင့် “ရာဂကင်းသော ပုဂ္ဂိုလ်အားသာလျှင် ငါဘုရားသည် ဗြဟ္မာ့ပြည်သို့ ရောက်နိုင်ကြောင်း ဟော ကြားတော်မူ၏။ ရာဂမကင်းသော ပုဂ္ဂိုလ်အား ရောက်နိုင်၏ဟု ငါဘုရား မ ဟောကြားပေ” --- ဟု ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ (အံ၊ဋ္ဌ၊၃၊ ၂၃၀။) ☆ ဤမျှ စွမ်းအားကြီးမားနေသော ဒါနသည် သီလတည်းဟူသော မြေပေါ် ၌ ရပ်တည်၍ မကြဲချ မစိုက်ပျိုးနိုင်ပါမူကား အလွန် အဆင့်အတန်း မြင့်မား သော အကျိုးတရားတို့ကို မပေးစွမ်းနိုင်တော့ဘဲ အလွန် အဆင့်နိမ့်သော အကျိုးတရားတို့ကိုသာ ပေးစွမ်းနိုင်တော့မည် ဖြစ်၏။ ¤ ဖားအောက်တောရဆရာတော် ¤ Buddhavasa Tiloka 🙏🙏🙏🙏🙏 K.K
via အလင်းရောင် ဓမ္မ https://ift.tt/300helA
Newer Post
Older Post
Home