Thursday, January 9, 2020

တို့ဘုရားရဲ့…တရားတော်မှာ အောင့်ပြီး ပယ်ရတာ မရှိပါဘူး……။ ပေချုပ်နေရတာ မရှိပါဘူး…။ ကိုယ်ကိုယ်တိုင် ပယ်ဖို့လဲ ဘာမှမရှိပါဘူး…။ မှတ်ပါ ……။ ပယ်စရာရှိတာ အဲ့ဒီ #သတိက ပယ်သွားလိမ့်မယ်။ တို့လုပ်ရမှာမှ မဟုတ်ပဲ…။ တို့က မှတ်ဖို့ပြောတာနော်…။ ရှုတယ်… ၊ မှတ်တယ် …၊ ကြည့်တယ် …၊ ဒါလဲ #သတိရဲ့ စကားလုံးတွေ မဟုတ်ဘူးလား ??? မတွေးဖြစ်အောင်လို့ ။ မှတ်သလောက် မတွေးဖြစ်ဘူး။ တွေးနေရင် …မမှတ်ဖြစ်ဘူး။ အမှတ် နဲ့ အတွေးဟာ ဆန့်ကျင်ဘက် …။ #အမှတ်သာရင် အတွေးနောက်ဆုတ်မယ်။ #အတွေးအားသန်ရင် …… အမှတ်နောက်ဆုတ်မှာပဲ ။ အမှတ် နဲ့ အတွေးဟာ ဆန့်ကျင်ဘက်ပဲ။ #မှတ်စမ်းပါ !!! မှတ်ပါများရင် …အတွေးနည်းသွားမှာပေါ့။ အမှတ်များရင် ကိုယ်ထားတဲ့နေရာ ကိုယ့်စိတ်ရှိတာပေါ့။ ကိုယ်ထားတဲ့နေရာ ကိုယ့်စိတ်ရှိရင် ကိုယ်ထားတဲ့နေရာရဲ့အကြောင်း သူ့ဟာသူကို သိလာတယ်။ - မရှာရပါဘူး။ #မတွေးဖြစ်ဖို့ မှတ်ပေးနေရတာနော်!! တို့က … အမှတ်ဘက်ကို တာဝန်ယူပြီး ဦးစားပေးစမ်းပါ။ credit thank's 🙏🙏🙏မဟာဗောဓိမြိုင်ဆရာတော် page ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။ အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ တရားစာပေများကို ဖတ်ရှုခြင်းသည် အသံတိတ် တရားနာခြင်းဖြစ်ပြီး၊ ရေးသူသည် အသံတိတ် တရားဟောခြင်း မည်ပါတယ်။ မိမိရသော အသိဉာဏ်ကို တစ်ဆင့် ပြန်(share)ခြင်း ဖြန့်ဝေခြင်းသည်လည်း အသံတိတ် တရားဟောခြင်း မည်ပါတယ်။ အပြင်မှာ ဟောတာက လူထောင်ဂဏန်းလောက်ပဲ ဟောလို့ရပေမယ့် Facebook မှာတော့ မရေနိုင်အောင် ဟောနိုင်ပါတယ်။ (အရှင်ကဉ္စနရံသီ ကလေးဝ) သူတစ်ပါးကို ထမင်းချက်ကျွေး၊ ရေခပ်ပေးနေသူဟာ ထမင်းမငတ်၊ ရေမငတ်သလို သူတပါးကို လိမ္မာယဉ်ကျေးအောင် ဆုံးမလမ်းညွှန်တတ်သူဟာလည်း ဘဝသံသရာမှာ အောက်ကျနောက်ကျ မဖြစ်နိုင်ပါ။ (အရှင်ဇနကာဘိဝံသ) တရားစာပေရေးတယ်ဆိုတာ ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာမှာ ထိန်လင်းနေတဲ့ သစ္စာဉာဏ်အလင်းကို သူများဘဝ၊ သူများကမ္ဘာမှာလည်း ထိန်လင်းသွားအောင် ထွန်းညှိပေးနေတာပါ။ ဝေငှနေတာပါ။ (အရှင်ဆန္ဒာဓိက) <><><> အောက်က လင့်တွေကိုနှိပ်ပြီး Page ကို Like လုပ်ထားပြီ ဦးဇင်းအကောင့်တွေကို #Add ထား #Follow လုပ်ထားရင်ဗဟုသုတတွေနဲ့ တရား စာပေတွေ တစ်သက်စာ ဖတ်လို့ရပါတယ်။ ---------------------------------------- ၁။ဓမ္မ ရောင်ခြည် https://ift.tt/2mR5YIK ~~~ အရှင် တေဇာ နန္ဒ https://ift.tt/2mrPer2 ~~~ ဦးတေဇာနန္ဒ https://ift.tt/2RcaNYL ~~~ ဓမ္မဘဏ် https://ift.tt/2laE9uy ~~~ ဓမ္မ ရောင်ခြည် https://ift.tt/2mSmyYJ ~~~


via အလင်းရောင် ဓမ္မ https://ift.tt/2T3yt3M