အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, January 9, 2020
"#ဥပုသ်သီလဆောက်တည်ခြင်းဟာ ရဟန္တာကျင့်တဲ့ အကျင့်ကိုကျင့်ရခြင်းဖြစ်တယ် <><><><><><><><><> ဝိသာခုပေါသထ သုတ်မှာ မြတ်စွာဘုရားက ဟောတယ် … ဥပုသ်သီလ ခံယူဆောက်တည်ပြီး ကိုယ့်ကိုကိုယ် ဆင်ခြင် သုံးသပ်ကြည့်တဲ့ … " ငါဟာ ဒီကနေ့ ရဟန္တာ ပုဂ္ဂိုလ်တွေ ကျင့်တဲ့ အကျင့်ကို ကျင့်ရပေပြီလို့ စိတ်ထဲမှာ ဝမ်းမြောက် ကြည်နူးအောင် နှလုံးသွင်းပါ " တဲ့ … ရဟန္တာတွေ ကျင့်ရတဲ့အကျင့်ကို တို့ကျင့်ရတယ် … ဒါကြောင့် … တို့ရဲ့ ကျင့်စဉ်ဟာ သီလ အနေအထား အားဖြင့် ရဟန္တာတွေနဲ့တန်းတူ အဆင့်ရောက်သွားတဲ့ အနေအထား မျိုးဆိုတော့ အလွန်ကျေနပ်အာရစရာ ဖြစ်တယ် … ပီတိသောမနဿတွေ ဖြစ်လာနိုင်တယ် … အဲဒီလို ပီတိသောမနဿတွေ ဖြစ်လာခြင်းဟာ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းကို ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ စိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေတယ် … စိတ်တည်ငြိမ်မှု ရပြီဆိုတော့မှ ယထာဘူတဉာဏဒဿန အမှန်အကန်တွေကို သိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖြစ်ပေါ်စေမှာ ဖြစ်တယ် … ဒါကြောင့် … #ဥပုသ်သီလဟာအလွန်တန်ဖိုးရှိတယ် … မြတ်စွာဘုရား မိန့်ကြားတဲ့စကားနဲ့ပြောရမယ်ဆိုရင် ဥပုသ်သီလဖြစ်တဲ့ ရှစ်ပါးသီလရဲ့ တန်ဖိုးဟာ အင်မတန်မှ ကြီးမားတယ် … ဘယ်လောက်ထိ ကြီးမားသလဲ ဆိုရင် … ကမ္ဘာ လောကမှာရှိတဲ့ စိန်ရွှေ ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ်သီလစောင့်ထိန်းတဲ့ ကုသိုလ်ကို ၁၆_ စိတ် စိတ်ပြီးတော့ တစ်စိတ်ရဲ့တန်ဖိုးလောက်တောင် မရှိပါဘူးလို့ မြတ်စွာဘုရားက ရှင်းပြတယ် … ဘာကြောင့် ဒီလောက်တန်တယ်လို့ ပြောရတာတုန်းဆိုရင် … အဲဒီ စိန်ရွှေရတနာတွေကို အသုံးပြုပြီး နိဗ္ဗာန်ဆိုတာ မရောက်နိုင်ဘူး … ဥပုသ်သီလစောင့်သုံးခြင်းဖြင့်သာ နိဗ္ဗာန်ချမ်းသာထိအောင် ရောက်နိုင်တယ် … ဒါကြောင့် တန်ဖိုးချင်းကွာခြားတယ်လို့ ဆိုလိုတာ … ငွေကြေးဓန တန်ဖိုးဆိုတာ ကိုယ်ပေးလိုက်တဲ့ ငွေကြေးကြောင့် ရလာတဲ့ ပစ္စည်းဥစ္စာရဲ့ တန်ကြေးလို့ ဒီလို ဆုံးဖြတ်ကြတာ … အဲဒီတော့ … ဥပုသ်သီလကို ငွေကြေးဓနလို သဘောထားအသုံးချပြီး နတ်ချမ်းသာဆိုတာ ရနိုင်တယ် … အဲဒီထက်အဆင့်မြင့်တဲ့ နိဗ္ဗာန် ချမ်းသာကိုလည်း ရနိုင်တယ် … ဒါကြောင့် ဥပုသ်သီလရဲ့တန်ကြေးဟာ အလွန်ကြီးမားတယ်လို့ ပြောတာ … စိန်ရွှေ ရတနာတွေနဲ့ နိဗ္ဗာန်ချမ်းသာကို ဝယ်လို့မရဘူး … နတ်ချမ်းသာကို ဝယ်လို့မရဘူး ဒီလိုဆိုလိုတာ … #ပါချုပ်_ဆရာတော်_ဘုရား
via အလင်းရောင် ဓမ္မ https://ift.tt/2T20GYW
Newer Post
Older Post
Home