Thursday, January 9, 2020

အရာရာ ကံ ပုံချခြင်းဟာ လူပျင်းတွေရဲ့ ဝါဒ -------------------------------------------- မြတ်ဗုဒ္ဓ၏ အဆုံးအမ နှစ်ဘဝချမ်းသာရေး - အပိုင်း(၂) လောကမှာ ရောဂါဝေဒနာတွေဖြစ်တဲ့ အကြောင်း(၈)မျိုး ပြောတဲ့အထဲမယ် ကံကြောင့်ရောဂါဝေဒနာဖြစ်တာ တစ်ခုပဲ ကျန်တာတွေက ကံကြောင့် မဟုတ်ဘူး ကျန်တဲ့ (၇)မျိုးက ကံကြောင့်ဖြစ်တာ မဟုတ်ဘူး ၂၄-ပစ္စည်းမှာလည်း အားလုံးကြားဖူးနေကြတာ အကြောင်းတရားအနေနဲ့ဖော်ထုတ်ပြီး မြတ်စွာဘုရားရှင်းတဲ့အခါမှာ ၂၄-ပစ္စည်းမှာ ကမ္မပစ္စယောဆိုတာ တစ်ခုပဲပါတယ် ကျန်တဲ့ပစ္စည်းက ကံနဲ့ ပတ်သက်တာ မဟုတ်ဘူး အဲဒါလေးတင်းပဲ စဉ်းစားပြီးတော့ အရာရာမှာ လုပ်ရင်ဖြစ်တယ်၊ ကြိုးစားရင် ကြိုးစားသလောက် သို့သော် ကံဆိုတာကိုတော့ အခြေခံရမယ်၊ ကံ အခြေခံလို့ ကံ ရှိရင် စားရမှာဆိုပြီးတော့ ဒီလို ကံ ကိုကြည့် ပုံချနေလို့ရှိရင် ရှေးမြန်မာစကားမှာ ရှိသလို“ကျားရဲရာကြမ္မာမယိုးသာ” တဲ့ ကျားရဲရာကြမ္မာမယိုးသာဆိုတာ ဘာပြောတာတုန်း အေး လူတွေကို ကိုက်တတ်တဲ့ လူသားကြိုက်တတ်တဲ့ ကျားသောင်းကျန်းနေတဲ့ တောထဲမှာ ကံ ရှိရင် ကျားမကိုက်ပါဘူးဆိုပြီးတော့ ကံကြမ္မာကို ယိုးမယ်ဖွဲ့ မသွားနဲ့တဲ့ ကျားကိုက်လို့ သေလိမ့်မယ် ပြောတာ အဲဒီစကားပြောတာနော် ကျားရဲရာကြမ္မာမယိုးသာ - ကြမ္မာဆိုတာ ကမ္မ၊ ကမ္မ ဆိုတာ ကံ၊ ကံ အားကိုးနဲ့ သွားမလုပ်နဲ့တဲ့ လောကလူတွေ အရာရာ ကံ ပုံချခြင်းဟာ လူပျင်းတွေရဲ့ ဝါဒပဲဖြစ်တယ် လူပျင်းဟာ သူ့အတွေးဟာဘာလဲ သူက တစ်နေ့မှ ခရုပတ်ကျိရွေ့သလောက်လေးပဲ ရွေ့တာ လမ်းသွားရမှာ အလွန်ပျင်းတယ် ရောက်တဲ့နေရာ အိပ်နေတာ အဲတော့ သူ့ကိုပြောတာ မင်း ဒီပုံစံနဲ့ ဒီတောဖြတ်လို့ရှိရင် ရောက်ပါ့မလား အကယ်၍များ တောမီးလောင်လာမယ်ဆို မင်းဘယ်လို လုပ်မတုန်း တောမီးလောင်လာရင် မင်းဘယ်လိုလုပ်မတုန်း၊ ကျနော် ကံရှိပါတယ်တဲ့ တောမီးလောင်လာလို့ရှိရင် ဂျိုင့်ကလေး ကျင်းကလေးနဲ့ ကံ တွေ့မှာပါတဲ့ အဲဒီထဲကို လိမ့်ဆင်းလိုက်မယ်လို့ သူပြောတယ် ကြိုးစားမယ်တောင် မလုပ်ဘူး မပြောဘူးနော် အဲတော့ လောကလူတွေထဲမှာလည်း အပျင်းထူတဲ့လူတွေ ကံကို အားကိုနေကြတတ်တယ် ကံ ဆိုတာ ကိုယ့်လက်တွင်းက အရာဖြစ်တယ် ကိုယ်လုပ်လို့ရတယ် We are our own architect. ဆိုတဲ့စကားတစ်ခုရှိတယ် ဗုဒ္ဓဘာသာနဲ့ ဖော်ကျူးထားတဲ့ စကားတစ်ခု၊ ဆိုလိုတာက ငါတို့ဟာ ကိုယ့်ဟာကိုယ် ကိုယ့်အားကိုးနဲ့ ကိုယ့်ဘ၀ကို ပုံဖော်လုိ့ရတယ်လို့ ဒီလိုပြောတာ ဗမာစကားမှာလည်းပဲ အင်မတန်ရှင်းတယ် “ကြိုးစားက ဘုရားဖြစ်တယ်” ဗမာစကားမှာလည်း ရှိတယ်လေ လုံ့လ ဝီရိယရှိလို့ရှိရင် ဘုရားတောင် ဖြစ်နိုင်တယ်လို့၊ အဲဒီ လုံ့လဝီရိယဆိုတဲ့ နေရာမှာ အသိဉာဏ်လည်း ပါဖို့ လိုအပ်တယ်ပေါ့ ဒါကြောင့်မို့ မြန်မာလူမျိုးတွေ ကံကို ယိုးမယ်ဖွဲ့ပြီးတော့ မပျင်းကြနဲ့ ကြိုးစားကြ လုံ့လဝီရိယနဲ့ ကံ ရှိမှ ချမ်းသာတယ်လို့လည်း မအောက်မေ့ကြလေနဲ့ ကံ ရှိမှ ချမ်းသာတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်ေတွတုန်း မွေးကတည်းက သူဋ္ဌေးအိမ်ရောက်သွားတဲ့သူတွေ ဒါ ကံ ရှိလို့ပဲလို့ ပြောရမယ် မွေးကတည်းက သူဋ္ဌေးအိမ် သွားမွေးတယ် ဒါ ကံ အကျိုးပေးတယ်လို့ ပြောရမယ် မွေးကတည်းက ဆင်းရဲသားအိမ် လမ်းလေးတဲကုတ် စားစရာသောက်စရာ မရှိတဲ့ အိမ်ရောက်သွားတာလည်း ကံမကောင်းလို့ ပြောလို့ရတယ် သို့သော် လူ့ဘဝရောက်လာပြီဆိုရင် ကိုယ်ရဲ့လုံ့လစွမ်းအား အသိပညာစွမ်းအားနဲ့ လူဟာ ကြီးပွားတိုးတတ်တာပဲ အဲဒါကို လက်ခံထားဖို့ လိုအပ်တယ် မန်လည်ဆရာတော်ကြီးကလည်း ဆုံးမထားတာ ရှိတယ်လေ“ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာတည်း။” ကံ ဉာဏ် ဝီရိယလို့ သုံးမျိုးပြောတဲ့အထဲမယ် ကံလို့ ပြောတာဟာ အခြေခံအကြောင်းတစ်ခုကို ရည်ညွှန်းပြောတာပါလို့ ဒီလိုဆိုတယ်နော် အခြေခံအကြောင်းတစ်ခုကိုပဲ ရည်ညွှန်းတာ ဖြစ်တယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏 မြတ်ဗုဒ္ဓ၏ အဆုံးအမ နှစ်ဘဝချမ်းသာရေး” တရားတော်မှ ရေးသားပူဇော်ပါသည်။


via အလင်းရောင် ဓမ္မ https://ift.tt/2N4TQhx