အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, January 7, 2020
ကံ(၆)မျိုး <><><><> ကမ္မဝါဒီဒိဋ္ဌိ ^^^^^^^ ဗုဒ္ဓဘာသာ အများစုသည် ကမ္မဝါဒီဒိဋ္ဌိက စွဲမြဲပြီးအမြစ်တွယ်နေကြသည် ! အဘယ်ကြောင့်ဆိုသော် ကံကို အားကိုလုံးအဖြစ် ခံယူထားနေကြ၍ဖြစ် သည် မြတ်စွာဘုရားရှင်က အချို့သော သုတ္တန်ဒေသနာတော်တွေမှာ သတ္တဝါတွေ သိစေလိုသောကြောင့်ဆောင်၍ ဟောပါ သည် ။ •• ကမ္မသကော=ကံသာလျှင်အမွေဥစ္စာ ရှိ၏ ။ ကမ္မဒါယာဒေါ=ကံသာလျှင်အမွေ ခံရှိ၏။ ကမ္မကရိဿရဏံ = ကံသာလျှင် ကိုးကွယ်ရာရှိ၏ ။ ဆာယာဝအနုပါယတိ =ကံသည်အရိပ်သဖွယ်လိုက်၍နေ၏ …… …စသဖြင့်သုတ္တန်နည်းဖြင့် နိယတ္ထဆောင် ဟောသည်လို့မှတ်ရပါမည် ။ ** ကံဟာနောက်က တကယ်လိုက်နေ တယ်လို့ယူလိုက်ရင် သဿတဒိဋ္ဌိဘက်သို့ ရောက်သည် ကံသာလျှင်အမိကံသာလျှင် အဖ ကံဟာအရိပ်သဖွယ်လိုက်နေတာပဲလို့ ကြားဖူးနားဝလေးနဲ့ ယူမိပြန်လျှင်လည်း သဿတ ဒိဋ္ဌိဖြစ်ပါတယ် အနတ္တသဘော ကနေ အတ္တဝါဒီအဖြစ်သို့ အမြစ်တွယ်၍ သွားလေတော့၏ ^^ စတေနာနံ ကမ်မံ ဘိက်ခဝေ အဟံဝဒါမိ ဘိက္ခဝေ = ရဟန်းတို့ ! အဟံ = ငါဘုရား သည် ! စေတနာနံ = စေတနာကို ! ကမ္မံ = ကံဟူ၍! ဝဒါမိ = ငါဟော၏ ။ စေတနာဖြစ်တဲ့ကံလေးဟာ နာမ်ဓမ္မဖြစ်ပါ တယ် လှူဒါန်းလိုတဲ့စေတနာလေးက နာမ် ဓမ္မဖြစ်လို့ သင်္ခ ါရခန္ဓာမှာအကျုံးဝင်ပါ တယ် ကံသည်နောက်ကမလိုက်ပါ မလိုက် သောကြောင့် နိတတ္ထဒေသနာကြတော့ အနတ္တလက္ခဏသုတ်မှာ= ^^ သင်္ခ ါရာ အနတ္တာ သင်ျခ ါရာစ ဟိဒံဘိက်ခဝေ အတ်တာ အဘဝိဿံ သင်္ခါရတရားသည် နောက်ကလိုက်နေသည် ဆိုငြားအံ့ = နဟိဒံ သင်္ခ ါရာ အာဗာတာယ သံဝတ္ထေယျုံဤသင်္ခါရတရားသည်ပျက်စီး ရန်အကြောင်းမရှိ ။ °° လဗ္ဗေထစ သင်္ခ ါရေသု "ဧဝံ မေ သင်္ခ ါရာ ဟောန္တု ဧဝံ မေ သင်္ခ ါရာ အဟေသုန္တိ " ဤသင်္ခ ါရသာဖြစ်စေ ဤသင်္ခ ါရကို မဖြစ်စေလင့် အကုသိုလ် စေတနာ မဖြစ်စေသတည်း ကုသိုလ် စေတနာသာ နောက်ကလိုက်စေသတည်း ဤသို့ဖြစ်စေလို့ မိမိတို့အလိုသို့ မလိုက် သောကြာင့်သင်္ခ ါရာအနတ္တာ သင်္ခ ါရဆိုတဲ့ စေတနာကံလေးက အနတ္တငါမဟုတ် ဖြစ် ပြီးပျက်တဲ့သဘောဖြစ်၏ ။ #ကံသည်နောက်ကမလိုက်ပုံ '' လှူချင်သောစေတနာကံလေးဟာ နောက်ကမလိုက်ပါ ဤနေရာပြု ဤနေရာ ရာတွင်ချုပ်၏ သံဃာနဲ့တွေ့တော့ ဝတ္ထု ကပ်လိုသော စေတနာကံဖြစ်ပေါ်၏ သံဃာအားပေးလှူ၏ ထိုစေတနာကံသည် ထိုနေရာ၌ပင်ချုပ်၏ ။ ဒါဖြင့်ကံတွေက ဒီ လိုသာချုပ်နေကြရင် ကျုပ်တို့လှူဒါန်းနေ ကြတဲ့စေတနာကံတွေကအဟောသိကံဖြစ် ရတော့မလားလို့မေးရင် အဟောသိကံ မဖြစ်ပါ ကံ (၆)မျိုးထဲက နံပါတ်(၄)မှာပါ တဲ့ အပရာ အပရိယ ဝေဒနိယ ကံတွေက ရှိနေပါသည် သို့သော် ကံသည်မလိုက်တာ တော့အမှန်ဖြစ်၏ ။ ယခုပစ္စုပ္ပန်၌လှူတန်း ထားတဲ့ ကာယကံ ဝစီကံ မနောကံ စေတနာ ကံတို့သည် သူနဲ့ဖြစ်ဖေါ်ဖြစ်ဖက်ရုပ်တွေက သဟဇာတ အဖြစ်နဲ့ပါပြီး ဒီနေရာဖြစ် ဒီနေ ရာ၌ချုပ်ပါသည် ကံစေတနာသည် နောက် ကမလိုက်သည်မှာအမှန်ပင်ဖြစ်၏ သို့သော် သူနဲ့အလားတူပေါ်တယ် နောက်ကလိုက် တယ်ဆိုတာက ပုထုဇဉ်တွေဥာဏ်မမှီလို့ သုတ္တန်ဒေသနာဖြင့် ဆောင်ဟောသည်လို့ မှတ်ပါလေ ။ ကံ(၆)မျိုး ~~~~~~ ၁။ စေတနာကံသိမှု ၂။ စေတနာကံတို့၏ဖြစ်ကြောင်းသိမှု ၃။ စေတနာကံတို့၏ထူးခြားပုံကိုသိမှု ၄။ စေတနာကံတို့၏အကျိုးပေးကိုသိမှု ၅။ စေတနာကံတို့၏ချုပ်ရာကိုသိမှု ၆။ စေတနာကံတို့၏ချုပ်ရာချုပ်ကြောင်း အကျင့်ကိုသိမှု ။ ၁။ စေတနာကံကိုသိမှု ။ ကံသည် ကာယကံ ဝစီကံ မနောကံဟူ ၍ကံ(၃)ပါးဖြစ်သည် ဘုရားပန်းလဲမှုက ကာယကံ ပန်းကပ်ပြီး သြကာသရွတ်ဆိုဆု တောင်းတာက ဝစီကံ မိမိကပ်လှူပြီးသည် နောက်၌အောက်မေ့သတိရနေခြင်းကမနော ကံစတေနာ ။ ကာယကံသညျ ကာယဒှါရ၌ ဖြစ်သောစေတနာကံ ! ဝစီကံသည် ဝစီဒွါရ၌ဖြစ်သော စေတနာကံ ! မနောကံ သည် မနောဒွ ါရ၌ ဖြစ်သောစေတနာကံဟူ ၍ကံ(၃)ပါးရှိသည်ကိုသိကြရပေမည် ။ ၂။ ကံဖြစ်ကြောင်းသိမှု ။ •• ကံဖြစ်ကြောင်းသည် ဖဿကြောင့် ဖြစ်သည် ဥပမာ = စျေးထဲသို့သွားသည် ဆိုကြပါစို့ ပန်းလှလှလေးနဲ့တွေ့တော့ဘုရား ကိုပန်းဝယ်ယူလှူဒါန်းလိုသောစေတနာကံ လေးပေါ်တယ် မျက်လုံးနဲ့ ပန်းနဲ့တွေ့ပေး တာက ဖဿ လျှူချင်တဲ့စေတနာလေးက နောက်မှပေါ်တယ် တွေ့မှုက ဖဿ လှူလို တဲ့စေတနာလေးက ကံ ဒါကြောင့်ကံသည် ဖဿကြောင့်ဖြစ်သည် ။ ၃။ ကံ၏ထူးခြားပုံကိုသိမှု ။ ** ကံ၏ထူးခြားမှုမှာ ငရဲသို့ရောက်စေ တတ်သည့်ကံ ! တရိစ္ဆာန်၌ဖြစ်တတ်သော ကံ ! ပြိတ္တာ၌ဖြစ်တတ်သောကံ ! လူ့ပြည်၌ ရောက်စေတတ်သောကံ ဗြဟ္မာပြည်၌ ရောက်စေတတ်သောကံ ဟူ၍ကံ၏ထူး ခြားမှုကိုသိထားရမည် ။ ၄။ ကံ၏အကျိုးပေးကိုသိမှု ။ °° ကံ၏အကျိုးပေးသည် (က) (၇ ရက် (၇)လ (၇)နှစ်အတွင်းဒိဋ္ဌဓမ္မအကျိုးပေး မည့်ကံ (ခ)ဒုတိယဘဝသေသည်၏အခြား မဲ့၌ အကျိုးပေးမည့်ကံ ဥပပစ္စယဝေဒနိယ ကံ (ဂ)နိဗ္ဗာန်မရမှီစပ်ကြား အကြောင်း အခွင့်သင့်ခဲ့သော် ဤကံပင်ချုပ်ငြားသော် လည်း အလားတူအကျိုးပေးရန်ရှိနေသည့် အပရာအပရိယဝေဒနိယကံ၏အကျိုးပေး များကိုလည်း သိထားရမည် ။ ၅။ စေတနာကံတို့၏ချုပ်ရာကိုသိမှု ။ `` ကံ၏ချုပ်ရာဋ္ဌာနသည် နိဗ္ဗာန်ဖြစ်၏ ထို့ကြောင့်မြတ်စွာဘုရားသည် ဘုရား အဖြစ်သို့ရောက်တော်မူတော့ ကုသလံ အကုသလံ ဇဟံ = ကိုသိုလျ အကုသိုလျကို ငါဘုရားစွန့်လိုက်ပြီတဲ့ ကံတွေစွန့်လိုက် တော့ ဇာတိဖြစ်ကြောင်းကံတွေလည်း မလုပ်တော့ဘူး ကံကိုဘာနဲ့စွန့်ပါသလည်း မေးခဲ့ရင် မဂ္ဂင်ပေါ်လို့ မဂ္ဂင်မပေါ်ပါက ကံ သည်မချုပ် ကံမချုပ်ကအကျိုးဒုက္ခသစ္စာ သည်လည်းမချုပ်ပေ ထို့ကြောင့်ကံချုပ် ရာဋ္ဌာနသည် နိဗ္ဗာန်ဖြစ်သည် ။ ၆။ ကံတို့၏ချုပ်ရာချုပ်ကြောင်းအကျင့် ကိုသိမှု •• နိဗ္ဗာန်ရောက်ချင်သောသူများ ကံချုပ် ရာချုပ်ကြောင်းအကျင့်ကို မကျင့်ခဲ့သည် ရှိသော် ကံသည်မချုပ်ပါ ကံချုပ်မှ ဒုက္ခ သစ္စာချုပ်သည် !သံသရာ၌ ကံကအကျိုး ပေးနေပြီး အခုဘဝရုပ်နမ်က နောက်ဘဝ ရုပ်နာမ် အလားတူပေါ်အောင်လုပ်ပေးနေ တာသည် ကံသာလျှင်ဖြစ်၏ ။ ကမ္မံ ဝိပါကဿ ကံကစေတနာအကြောင်း ဝိပါကဿ ကအကျိုး အကြောင်းက စေတနာ နာမ်တရား ဝိပါက ကရုပ်တရား ကမ္မဝဋ်တွေလုပ်တော့ဝိပါကဝဋ်ခန္ဓာငါးပါး ရပြန်တယ် ! ဝိပါကဝဋ်ထဲက ကိလေသ ဝဋ်တွေပေါက်ပွား ပေါက်ပွားတော့ ဝိပါက ဝဋ်ခန္ဓာငါးပါးပြန်ရ စသည်ဖြင့်အဝိုင်းပြေး နေရ၏ ။ အလှူဒါနပြုရာ၌ ဝဋ်တောင့်တ သည့်စေတနာကံကိုမဖြစ်စေပဲ ဝဋ်ဆင်းရဲ မှကျွတ်လိုသော မိမိခန္ဓာငါးပါးအပေါ်၌ လှူဒါန်းစဉ်အခိုက်၌ဖြစ်ပေါ်သောစေတနာ ကံတို့ကို အနိစ္စ ဆင်ခြင်၍ ဝိပဿနာခြံရံ၍ လှူဒါန်းမှု ကုသိုလ်ကံသည် အမြတ်ဆုံး ဒါနကုသိုလ်ဖြစ်ကြောင်းမိုးကုတ်ဆရာတော် ဘုရားကြီးမှမိန့်ကြားခဲ့ပါ၏ ပါရမီမြောက် ကုသိုလ်ဟူ၍လည်းဆိုရပါ၏ ဒုက္ခချုပ်ရာ အကျင့်ဟာ မဂ္ဂင်လို့ဆိုသဖြင့်လည်း ကုသိုလ်စေတနာကံကိုလည်းမဂ္ဂင်ငါးပါး ဖြင့်ဖြစ်ပျက်အနိစ္စကိုမြင်အောင်ပွားများ ရပေမည် ။ * သံသရာလမ်းဆုံးကိုပြပါဆိုလျှင်တော့ စေတနာကံချုပ်မှ ဒုက္ခသစ္စာချုပ်မည် ! စေတနာကံမချုပ်လျှင် ဒုက္ခသစ္စာမချုပ်ပါ စေတနာကံရှိနေလျှင် ရုပ်နာမ်တွေလည်း ရှိနေမည် ရုပ်နာမ်ရှိနေလျှင် ဒုက္ခသစ္စာရှိ နေမည် ! ထိုကြောင့်စေတနာကံလမ်းဆုံး သို့မလိုက်နိုင်ပါမူ သူ၏အကျိုးပေးဒုက္ခ သစ္စာသည်လည်း ရနေမည်ဖြစ်သည် ! စေတနာကံချုပ်ဆုံးအောင် ဝိပဿနာမဂ် ဥာဏ်ဖြင့် ဖြစ်ပျက်အနိစ္စကိုပွားများရမည် စေတနာနဲ့ နာမ်တို့သည် သဟဇာတဖြစ်၏ စေတနာရှုလျှင်စေတနာကံ သူကဖြစ်စေ တာကရုပ် စေတာရှုလိုက်လို့မုန်းရင်လည်း ရုပ်ကိုမုန်းပြီးသားဖြစ်၏ စေတနာဖြစ်ပျက် မြင်လျှင်လည်း ရုပ်ကိုလည်းဖြစ်ပျက်မြင် ၏ စေတနာဆုံးသွားလျှင် ရုပ်နာမ်လည်း ဆုံး၏ ရုပ်နာမ်ဆုံးလျှင် နိဗ္ဗာန်လည်းပေါ် လာမည်မှာ ဓမ္မာနိယာမတရားဆိုသည်ကို သိထားရပေတော့သည် ။ ======================== ကိုးကား= မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ကံ(၆)မျိုးမှ အမှားပါပါက ရေးသူ၏တာဝန်သာဖြစ်ပါ သည် ။ ~~~~~~~~~~~~~~~~~~~~~ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သဗ်ဗသေတ်တာ သုခိအတ်တာနံ ပရိဟရန်တု ဇော်မင်း (နယ်စားလေး) ××××××××××××××××××××××××
via အလင်းရောင် ဓမ္မ https://ift.tt/2Fp9XC7
Newer Post
Older Post
Home