Saturday, January 11, 2020

စီးပွားမျက်လုံး 🎆🎆🎆🎆🎆🎆 လူဖြစ်လာရင် စီးပွားရှာတတ်ရမယ်။ ကိုယ်ကျင့်တရားကောင်းအောင် ကျင့်သုံးရမယ်။ ဒါမှ ပြည့်စုံတဲ့လူ့ဘဝဖြစ်မယ်။ စီးပွားရေးမျက်စိဆိုတာ မရသေးတဲ့စည်းစိမ်တွေရအောင်၊ ရပြီးသားစည်းစိမ်ဥစ္စာတွေ တိုးပွားအောင် လုပ်တဲ့နည်းပညာတွေကို တတ်ကျွမ်းဖို့ပြောတာ။ ထိုသို့တတ်ကျွမ်းမှသာ လောကမှာ မပင်မပန်း ချမ်းချမ်းသာသာ နေနိုင်ပြီး ကုသိုလ်ကောင်းမှုတွေလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဓမ္မမ်က္လုံး 🎆🎆🎆🎆🎆 စီးပွားရေးဘက်က တိုးတက်ရုံနဲ့မဖြစ်ဘူး၊ ကိုယ်ကျင့်တရားကောင်းဖို့၊ စိတ်ဓာတ်မြင့်မားဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်။ စီးပွားတစ်ခုတည်းသာ ရှာတတ်ပြီး ကိုယ်ကျင့်တရားမပါဘူးဆိုရင် ထိုပုဂ္ဂိုလ်မျိုးဟာ စီးပွားကို ရတဲ့နည်းနဲ့ ရှာတတ်ပါတယ်။ ပိုက်ဆံရပြီးရောဆိုတဲ့ အနေအထားမျိုးကြောင့် ထိုပုဂ္ဂိုလ်သည် သူရလာတဲ့စည်းစိမ်ဥစ္စာလည်း ကြာရှည်မခံဘူး။ ကိုယ်ကျင့်တရားနဲ့ ထိန်းမထားရင် စီးပွားရေးတိုးတက်မှုဟာ ထိုပုဂ္ဂိုလ်အတွက် အန္တရာယ်ကြီးဖြစ်ပါတယ်။ နှစ်ပါးစုံမှ လူ 🎆🎆🎆🎆🎆🎆 မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် အန္ဓသုတ္တန်မှာဟောထားခဲ့တယ်။ လူရယ်လို့ဖြစ်လာရင် ... အသိဉာဏ်မျက်စိနှစ်မျိုး ရှိရမယ်။ ၁) စီးပွားရှာတတ်တဲ့ စီးပွားရေးမျက်စိလည်းရှိရမယ်။ ၂) ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားသိတတ်တဲ့ ဓမ္မမျက်စိလည်း ရှိရမယ်တဲ့။ လောကလူသားတွေဟာ ပကတိမျက်စိနှစ်လုံးရှိမှ ပြည့်စုံသလိုပဲ ဒီပညာမျက်စိနှစ်မျိုးလုံးရှိရမယ်။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ Credit#Posted_by_Words_of_Buddaha (မြတ်ဗုဒ္ဓဒေသနာနဲ့ယနေ့ကမ္ဘာတရားတော်) နှင်းလူစာပေ။( ပါမောက္ခချုပ်မိတ်ဆက်မှ ) April Thin


via အလင်းရောင် ဓမ္မ https://ift.tt/2Rb1I22