Monday, January 6, 2020

စိတ်ချမ်းသာဖို့ လိုရင်းပါ စိတ်ချမ်းသာချင်တယ်ဆိုရင် ဘယ်လိုကိစ္စပေါ်မှာမှ မမှီပါနဲ့။ ကိုယ်မှီထားတဲ့အရာ လှုပ်ရင် ကိုယ်ပါ လှုပ်နေမယ်။ ဘာမှ မလုပ်နိုင်ရင် မတွေးဘဲနေတာ ကောင်းတယ်။ တွေးလေ စိတ်ဆင်းရဲလေဖြစ်နေတာ ဘာအကျိုးမှ မရှိဘူး။ ငါ့စိတ်ဟာ ဥယျာဉ်ဘဲ။ အတွေးတွေက မျိုးစေ့တွေ… ဘယ်လိုအပွင့်တွေ ပွင့်မယ် သီးမယ် ဆိုတာတော့ ငါ့အပေါ်မူတည်တယ်။ ပေါင်းတွေ ဖြစ်ချင်ဖြစ်မယ်။ ပန်းတွေ ဖြစ်ချင်ဖြစ်မယ်။ ဖြစ်မယ်လို့ မသေချာတဲ့ကိစ္စအတွက် သောကများနေတာဟာ မချေးရသေးတဲ့ ငွေအတွက် အတိုးပေးနေရတာနဲ့ တူတယ်။ ကိုယ်လိုချင်တာတွေကို ရဖို့ ကြိုးစားနေရင်း ကိုယ့်မှာ ရှိတဲ့အရာတွေနဲ့လည်း ပျော်အောင် နေပါ။ တစ်ယောက်တည်း ရှိတဲ့အချိန်မှာ သင့်အတွေးတွေကို ဂရုစိုက်ပြီး လူတွေနဲ့ အတူရှိတဲ့အခါ သင့်စကားလုံးတွေကို ဂရုစိုက်ပါ။ သင့်ဘဝရဲ့ အချိန်တော်တော်များများကို သင့်ရဲ့ခေါင်းထဲမှာဘဲနေထိုင်တာပါ။ ဒါ့ကြောင့် သင့်ခေါင်းဟာ နေချင်စရာ လေးဖြစ်နေပါစေ။ မှားမှာကို ကြောက်ပြီး ဘာမှမလုပ်တာ အကြီးဆုံး အမှားဘဲ။ သူများရဲ့အောင်မြင်မှုကို ကိုယ့်အောင်မြင်မှုလိုဘဲ ဝမ်းသာပါ။ လောကဓံက ရိုက်လှဲလိုက်တာကို မခံရတဲ့သူ မရှိဘူး။ အရေးကြီးတာက ဘယ်လောက်မြန်မြန် ပြန်ထသလဲဆိုတာဘဲ။ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) #Via - Parallel 𝓭𝓱𝓪𝓶𝓪𝓮𝓲𝓪𝓱𝓻𝓪𝓽𝓱𝓪𝓻


via အလင်းရောင် ဓမ္မ https://ift.tt/2FAlmPX