Saturday, January 11, 2020

♦ "ရေ သောက် နည်း" ♦ ══════════════ (မဟာဗောဓိမြိုင် ဆရာတော်ကြီး ကိုယ်တော်တိုင် ရေးသားပြုစုသော ဘဝကန္တာရ သင်္ကေတ ကထာမှ မျှဝေပူဇော်ပါသည်)………… ❖ မြေတို့မည်သည် ရေနှင့် မကင်းရပါ။ ကိုယ်မှာလည်းပဲ မြေဓာတ်တို့ကို အမာခံထားပြီး တည်ဆောက်ထားတာ ဖြစ်လေ တော့ ရေကိုများများသောက်ပေးပါ။ ❖ ရေကို သောက်သုံးလေ သောအခါ ... ☞ ပထမ တစ်ကျိုက်သောက်… ('ဗုဒ္ဓဂုဏော အန န္တော' စိတ်ကပွား။ 'အရဟံ'ဂုဏ်ကို အာရုံထုံထားပေးပါ) ════ ☞ ဒုတိယ တစ်ကျိုက်သောက်… ('ဓမ္မဂုဏော အန န္တော' စိတ်ကပွား။ 'သွက္ခာတော'ဂုဏ်ကို အာရုံထုံထားပေးပါ။) ════ ☞ တတိယ တစ်ကျိုက်သောက်… ('သံဃဂုဏော အန န္တော' စိတ်ကပွား။ 'သုပ္ပဋိပ္ပန္နေ'ဂုဏ်ကို အာရုံထုံထားပေးပါ။) ════ ❖ ရှေ့ဆုံးမှ တင် ထား သော ဂုဏ်တော်မှန်သမျှ အထွဋ်ဆုံး အမြတ်ဆုံး မို့လို့ တင် ထား ခြင်းပါ။ ☞ စတုတ္ထ တစ်ကျိုက်သောက်… ('မာတာပိတုဂုဏော အန န္တော' မိဘနှစ်ပါး ကွယ်လွန်သွားပြီးသော်မှ ၎င်းတို့မျက်နှာကို မြင်အောင်ကြည့်ပြီး သောက်ပါ။) ════ ☞ ပဉ္စမမှာလည်း ('အာစရိယဂုဏော အန န္တော' မိမိအား အကျိုးများစေ သော ဆရာသမား ကွယ်လွန်သော်မှ သူ့မျက်နှာမြင်အောင် ကြည့်သောက်ပါ။) ❖ ထိုနည်းအတိုင်း တစ်နေ့ တစ်နေ့ ရေကို ဝင် သ လောက်သောက် ဆန့်သ လောက် သုံးပါ။ ရေကို သောက်သဖြင့် ဒုက္ခ မ ရောက်ပါ။ ❖ ရေများများသောက်လျှင် ကျင် ငယ်များများ သွားရ၏။ အသွားမပျင်းနှင့်။ ❖ ထိုကျင် ငယ် ရေ နောက်သို့ သင့်ခန္ဓာတွင်းရှိ အပူဓာတ်များလည်း လိုက်ပါရကား ခန္ဓာဘုံ အပူကုန်စေလိမ့်မည်။ ❖ ရေများများသောက်လျှင် ဝမ်းသွားလာရ၏။ များ သ လောက် ဝမ်းပျော့ပြောင်းခြင်း အချိန်စောစီးစွာ ထုတ်ပေးရခြင်းများ ပြုလုပ်ပေးရ၏။ အပူစဲသဖြင့် အ အေး ဓာတ် ကဲလာခြင်း၏ သ င်္ကေတ ပေကလား။ ❖ ထိုအခါ သင့်ခန္ဓာကိုယ် ရှိ သင့်အသား သင့် အ ရေ များကို ကိုင်ကြည့် အချိန် မ ရွေး အေးမြ နေသည်ကို တွေ့ရ ပေလိမ့်မည်။ ❖ ဤကား အ တွေ့ ရေက အ တွေ့မြေကို လက်တွေ့ ကုစားပြခြင်းတည်း။ ❖ တစ်ဖန် ထို ရေ သောက် နည်းကို ကြာကြာသောက်လာသော် ရေ သောက် ရာ ၌ ကုသိုလ်စိတ်သက်သက်ချည်း တည်ချေပြီ။ ငြိမ်သောစိတ် ငြိမ်းသောစိတ်ချည်း နားသက်၍ နေ ချေ ပြီ။ ❖ အနန္တ တန်ခိုးရှင် ငါးဦးတို့၏ မေတ္တာဓာတ် ရည်ကား ငါ့စိတ်ကို အေးမြ စေ၏။ ❖ မြေမှထွက်၍ မြေသို့ပြန်လည် သက်ကျလာသော ပကတိဓာတ် ရည်ကား ငါ့ကိုယ်ကို အေးမြ စေ၏။………………………။ ✔ ☀ (#မဟာဗောဓိမြိုင် ဆရာတော်ကြီး ကိုယ်တော်တိုင် ရေးသားပြုစုသော ဘဝကန္တာရ သင်္ကေတ ကထာမှ မျှဝေပါသည်) credit to original writer. ★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★ ❖ စာဖတ်သူ ဓမ္မမိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဆရာတော် သံဃာတော်များမှ ဟောပြလမ်းညွှန်ထားသောတရားတော်များမှ အသိဉာဏ် ဗဟုသုတနှင့် ကုသိုလ်တရားများ စဉ်ဆက်မပြတ် ပွားများနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကုသိုလ်ဖြစ်ဖို့ဒီစာစု နဲ့ဓမ္မဒါန ပြု လိုက်ပါတယ်။


via အလင်းရောင် ဓမ္မ https://ift.tt/2R3TjgR