Saturday, January 11, 2020

ဆင်းရဲမှာကြောက်ရင် မနှမြောနဲ့။ နှမြောတဲ့သူဟာ ဆင်းရဲတတ်တယ်။ နှမြောတာ့ မပေး၊ မပေးတော့ မရ၊ ဒါ သဘာဝပဲ။ ဒါနမရှိသူဟာ ဆင်းရဲတယ်။ ရုပ်ဆိုးမှာကြောက်ရင် ဒေါသမကြီးနဲ့။ ဒေါသကြီးတဲ့သူဟာ ရုပ်ဆိုးတတ်တယ်။ ဘဝအဆင့်နိမ့်မှာကြောက်ရင် မာနမကြီးနဲ့။ မာနကြီးတဲ့သူဟာ အမျိုးနိမ့်ဘဝတို၊ တိရစ္ဆာန်ဘဝတို့ ရောက်တတ်တယ်။ အထီးကျန်မှာကြောက်ရင် မနာလိုစိတ်မများနဲ့။ မနာလိုစိတ်များတဲ့သူဟာ အထီးကျန်တတ်တယ်။ ဉာဏ်ထိုင်းမှာကြောက်ရင် မေးဖို့ဝန်မလေးနဲ့။ မမေးတဲ့သူဟာ မသိဘဲ ထိုင်းသွားတတ်တယ်။ ရောဂါထူမှာကြောက်ရင် မညှင်းဆဲမနှိက်စက်နဲ့။ သူတပါးကိုညှင်းဆဲနှိပ်စက်တဲ့သူဟာ ရောဂါထူတတ်တယ်။ အသက်တိုမှာကြောက်ရင် သူများအသက်မသတ်နဲ့။ သူ့တပါးအသက်ကိုသတ်တဲ့သူဟာ အသက်တိုတတ်တယ်။ ကျမ်းကိုး- စူဠကမ္မဝိဘင်္ဂသုတ် ဆရာတော် မနာပဒါယီ (အရှင်ဝိစိတ္တ)


via အလင်းရောင် ဓမ္မ https://ift.tt/2uEAlGd