Monday, January 6, 2020

ဘယ်အကျိုးငှါ တရားကျင့်တာလဲ ___________________________ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးနဲ့ အရှင်ပုဏ္ဏတို့ ရဟန္တာ အရှင်မြတ်နှစ်ပါးဟာ နောင်လာနောင်သားတို့ အကျိုးများစေချင်သောငှါ တစ်ပါးနဲ့တစ်ပါးမေးခွန်းများကို မေးမြန်းလျှောက်ထားခဲ့ပါတယ် အရှင်သာရိပုတ္တရာအရှင်မြတ်မေးမြန်းပုံမှာ - အမေး(၁)။ ။ငါ့ရှင် အခုလိုတရားကျင့်နေတာ ``သီလဝိသုဒ္ဒိ´´ သီလဖြူစင်ဖို့ အကျိုးငှါ တရားကျင့်တာလား? ဖြေ။ ။ မဟုတ်ပါဘုရား - သီလဆိုတာ အကျင့့်စင်ကြယ်တာပဲ ရှိပါသေးတယ် ပုထုဇဉ်တွေ ထဲမှာသီလစင်ကြယ်သူတွေအများကြီး ရှိပါတယ် ။ သီလစင်ကြယ်တိုင်းသာ နိဗ္ဗာန်ရမယ်ဆို ပုထဇဉ်တွေ နိဗ္ဗာန်ရကုန်မှာပါဘုရား ... သီလဆိုတာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ပဲ - ရှိပါသေးတယ်ဘုရား ... အမေး (၂) ။ ။ ငါ့ရှင် ``စိတ္တဝိသုဒ္ဓိ´´ စိတ်စင်ကြယ်ဖို့ အကျိုးငှါ တရားကျင့်တာလား? ဖြေ။ ။စိတ်စင်ကြယ်တယ်၊ စိတ်တည်ငြိမ်မှုဆိုတာ သမာဓိတည်ကြည်တဲ့အဆင့်ပဲ ရှိပါသေးတယ်ဘုရား ပုထုဇဉ်ပဲရှိပါသေးတယ် နိဗ္ဗာန်မရနိုင်သေးပါဘူး ... အမေး(၃)။ ။ ငါ့ရှင် ``ဒိဋ္ဌိဝိသုဒ္ဓိ´´ အယူစင်ကြယ်ဖို့ အကျိုးငှါ တရားကျင့်တာလား? ဖြေ။ ။ ဒိဋ္ဌိစင်ကြယ်တယ်ဆိုတာ - ရုပ်နာမ်ကို ငါသူတစ်ပါးလို့မထင်မှတ်ပဲ ရုပ်နာမ်ပါလားလို့ ပိုင်းခြားသိတဲ့အယူစင်ကြယ်တာပဲ ရှိပါသေးတယ် - နိဗ္ဗာန်မရောက်နိုင်သေးပါဘူးဘုရား ••• အမေး(၄)။ ။ ငါ့ရှင် ``ကင်္ခါဝိတရနဝိသုဒ္ဓိ´´ ရုပ်နာမ်ရဲ့အကြောင်းအကျိုးသိစေသော ငှါ တရားကျင့်တာလား? ဖြေ။ ။ ကုသိုလ်အကုသိုလ်ကံသင်္ခါရကြောင့် ရုပ်နာမ်ဖြစ်ပေါ်တာပါလားလို့အကြောင်း အကျိုး ပိုင်းခြားသိတဲ့ဥာဏ်ပဲရှိသေးလို့နှစ်ဘဝလောက်အပါယ် လွတ်ကင်းနိုင်သော်လည်းပုထုဇဉ်မို့ နိဗ္ဗာန် မရောက်နိုင်သေးပါဘူး ... အမေး(၅)။ ။ ငါ့ရှင် ``မဂ်ဥာနဒသနဝိသုဒ္ဓိ´´ ရုပ်နာမ် ဖြစ်ပျက်မြင်တဲ့မဂ်ရစေသောငှါတရား ကျင့်တာလား ? ဖြေ။ ။မဟုတ်ပါဘုရား ရုပ်နာမ်ကိုဖြစ်ပျက် မြင်တဲ့ဝိပသနာမဂ်ဆိုတာလည်း ပုထုဇဉ်ဥာဏ်ပဲရှိပါ သေးတယ်ဘုရား နိဗ္ဗာန်မရောက်နိုင်သေးပါဘုရား.. အမေး( ၆ )။ ။ ငါ့ရှင် ``ပဋိပဒါဥာဏဒသနဝိသုဒ္ဓိ´´ အလယ်ပိုင်းဥာဏ် တွေအကျိုးငှါတရား ကြိုးစား ကျင့်နေတာလား? ဖြေ။ ။မဟုတ်ပါဘုရား - အလယ်ပိုင်းဥာဏ်တွေဟာရုပ်နာမ်ကို ကြောက်စရာအဖြစ်မြင်လာတယ် ငြီးငွေ့လာတယ် တပ်မက်ခြင်းကင်းလာတဲ့ဥာဏ်ပဲ ရှိပါသေးတယ် ဥပါဒါန်တွေမချုပ်နိုင်သေးပါဘုရား နိဗ္ဗာန်မရောက်နိုင်သေးပါ - ပုထုဇဉ်ပဲရှိပါသေးတယ်ဘုရား.. အမေး(၇ )။ ။ ငါ့ရှင် ``မဂ္ဂါမဂ္ဂဥာဏဒသနဝိသုဒ္ဓိ´´ မဂ်ဥာဏ်ဖိုလ်ဥာဏ်တွေ ရချင်လိုချင်လို့့တရား ကျင့်တာလား? ဖြေ။ ။ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရရှိလည်း - သောတာပန်အဆင့်ပဲရှိပါသေးတယ် သောတာပန် သကဒါဂမ်တွေဟာ အပါယ်လေးပါး တံခါးပိတ်ပေမဲ့လို့ တရားဆက်မကျင့်ရင် - နောင်သေတတ်တဲ့ခန္ဒာရအုံးမှာပါ သေရအုံးမှာပါ ••• ဘုရားတပည့်တော် - တရားကျင့်နေရတာဟာ ဥပါဒါန်တွေ ချုပ်ဆုံးမှ နိဗ္ဗာန်ရမှာမို့ ဥပါဒါန်တွေ ချုပ်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ တရားကျင့်နေတာဖြစ်ပါတယ်ဘုရား ... မေး ။ ။ ဒါဆိုမေးခဲ့တဲ့အချက်တွေ မစင်ကြယ် မပြည့်စုံ မကျင့်ကြံပဲနဲ့ကော တရားရနိုင်ပါ သလား? ဖြေ။ ။ အထက်က မေးခဲ့တဲ့ [ ၇ ] ချက် မကျင့်ကြံ မပြည့်စုံပဲနဲ့ တရားတော့ မရနိုင် - နိဗ္ဗာန် မရနိုင်သလို သူတို့ဟာ နိဗ္ဗာန်တော့ မဟုတ်သေးပါဘူးဘုရား၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ - နိဗ္ဗာန်ရဲ့အင်္ဂါအစိတ်အပိုင်း - အခြံအရံတွေသာဖြစ်ပါတယ်ဘုရား ••• ဒါလောက်နဲ့ မရောင့်ရဲမတင်းတိမ်ပဲ သေတတ်တဲ့ ခန္ဒာတွေ ချုပ်ဆုံးနိုင်ဖို့ ဥပါဒါန်ချုပ်ဆုံး နိုင်ဖို့ တရားဆက်လက်ကျင့်ပြီး ဘေးကင်းရာနိဗ္ဗာန် အသေလွတ်ရာ နိဗ္ဗာန်ကိုကြိုးစားကျင့်ကြံပြီး အရောက်သွားသင့်ပါတယ် ......။ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ 🙏🙏🙏 Credit-မူရင်း-thank. ပြန်လည်မျှဝေပါသည်။ 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏 Share & Save & Copy.


via အလင်းရောင် ဓမ္မ https://ift.tt/2FAMVZr