အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, January 10, 2020
🌸 တရားချမ်းသာဆိုတာ အခုအားထုတ်ရင် အခုခံစားရပါတယ် 🌸 မဂ္ဂင်လမ်းပေါ်ကို လျှောက်နိုင်တဲ့ နည်းလမ်းတွေကို ညွှန်ပြပေးနိုင်တဲ့ ဆရာသမားကောင်းတွေရှိတဲ့ အခုလိုအချိန်မှာ ကိုယ့်ရဲ့အချိန်တွေဟာ အလွန်မှ တန်ဖိုးရှိတဲ့အချိန်တွေ ဖြစ်လာပါပြီ။ ဒီတန်ဖိုးရှိတဲ့ အချိန်တွေကို အလွဲသုံးစားမလုပ်ဖို့ အရေး ကြီးပါတယ်။ လောကီကိစ္စတွေလုပ်ရင်း ကိုင်ရင်းနဲ့ပဲ တရားအတွက် သီးသန့်အချိန်ပေးပြီးတော့မှ တရားအား ထုတ်ရပါလိမ့်မယ်။ လောကီလူသားတွေအများစုက တရားဆိုတာ သေခါနီးမှ အားထုတ်ရတယ်လို့ နားလည်ထားကြတာပဲ။ လောကီကိစ္စ ... သံသရာလည်ပြီး မဆုံးနိုင်အောင် ဒုက္ခရောက်မယ့် ကိစ္စတွေကိုပဲ ရှေ့တန်းတင်ကြတာက များပါတယ်။ လောကုတ္တရာဆိုတာက ဘာမှလုပ်စရာမရှိတဲ့အချိန်ကျမှ ... ကံမွဲ ... ဥာဏ်မွဲတွေ ရှိတဲ့အချိန်ကျမှ ... လောကီကိစ္စတွေလုပ်ဖို ကိုယ့်ရဲ့စွမ်းရည်တွေ မရှိတော့တဲ့အခါကျမှ ... တစ်သံသရာလုံးချမ်းသာဖို့ သံသရာပြတ်ဖို့ လောကုတ္တရာအကျင့်ကိစ္စတွေကို လုပ်ရမယ်လို့ အသိမှားနေကြပါတယ်။ လောလောဆယ် အများနေနိုင်သလို နေနိုင်ဖို့ ... အများ စားသလို စား နိုင်ဖို့ ... အများသုံးသလို သုံးနိုင်ဖို့ ... အများဂုဏ်ရှိသလို ရှိနိုင်ဖို့ ... အများပညာတတ်သလို တတ်နိုင်ဖို့ ... တစ်ဘဝ တစ်နပ်စာလေးကို ငဲ့နေတာ နဲ့ပဲ တစ်သံသရာလုံး ချမ်းသာဖို့ကိစ္စက လစ်လျှူရှု့ခံနေရပါတယ်။ တစ်သံသရာလုံး ကိုယ့်လောဘက ခိုင်းတဲ့ ... ကိလေသာကခိုင်းတဲ့ ... စကားကိုပဲ နားထောင်ခဲ့ပြီးပါပြီ။ အခုလိုဗုဒ္ဓသာသနာနဲ့ကြုံတဲ့အချိန်လေးမှာမှ ဗုဒ္ဓပြောတဲ့ စကားကို ... ဒီခန္ဓာရဲ့အမှန်တရားကို ... သိဖို့ ကြိုးစားအားမထုတ် ဘူးဆိုရင်တော့ ဒုက္ခပင်လယ် ... ကိစ္စပင်လယ် ... ကိလေသာပင်လယ် ထဲက လွတ်မြောက်ဖို့ လမ်းမမြင်နိုင်ပါဘူး။ အခုလို ကြိုးစားအား ထုတ်ရင် အားထုတ်သလောက် ရနိုင်မယ့် အခြေအနေလေးနဲ့ လာပြီး ကြုံနေတဲ့ အချိန်မှာတော့ ဒီအချိန်ကို တန်ဖိုးထားရပါလိမ့်မယ်။ လောကီအလုပ်တွေ လုပ်ရင်းကိုင်ရင်းကြားကနေ တရားအလုပ်ကိုကြိုးစားအားထုတ် ရပါလိမ့်မယ်။ အဲ့ဒါမှသာ လောကီဒုက္ခတွေကနေ လွတ်မြောက်ပြီးတော့ ခိုင်မြဲတဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း အစစ်ကို ကိုယ်ကြိုးစားရင်ကြိုးစားသလောက် မြန်မြန်ဆန်ဆန် ရရှိပါလိမ့်မယ်။ တရားချမ်းသာဆိုတာ အခုအားထုတ်ရင် အခုခံစားရတာပါပဲ။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး အရှင်ဥတ္တမသာရ (သဘာဝတရားရိပ်သာ) ဟောကြားသောတရားတော်မှကောက်နှုတ်၍ ဓမ္မဒါန မျှဝေပူဇော်ပါသည်။ Credit to : Thabarwa Nature Centre သဘာဝတရားရိပ်သာ mmt https://ift.tt/2N9PpSn
via အလင်းရောင် ဓမ္မ https://ift.tt/2QH4Nry
Newer Post
Older Post
Home