အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, January 9, 2020
ဘယ်ပညာ ရှင် အသာဆုံးလဲ --------------------------------- အောက်စ်ဖို့စ် ကင်းဘရစ်ရှ် တိုရွန်တို အဲဒီတက္ကသိုလ်တွေကနေ ဘွဲ့ရပြီးသွားရင် ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု့ရသူတွေ ဆိုပြီး ကမ္ဘာက သတ်မှတ်ကြတယ် အဲဒီတက္ကသိုလ်တွေကသင်တဲ့ ပညာရပ်တွေက လောကီပညာ ရပ်တွေပါ အဲဒီပညာရေးစနစ်တွေကို ရေးဆွဲထားကြသူတွေက ပုထုဇဉ်တွေပါ အဲဒီပုထုဇဉ်ဥာဏ်နဲ့ ရေးဆွဲထားကြတဲ့ လောကီပညာရေးတွေဟာလည်း ဒီတစ်ဘဝစာ အတွက်တော့ တန်ဘိုးကြီးကောင်း ကြီးပါလိမ့်မယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ ဗုဒ္ဓတရားတော်တွေကို သင်ယူလေ့လာနေကြတဲ့ ရဟန်းပညာရှိ လူပညာရှိတွေ အများကြီးရှိပါတယ် ဥပမာအနေနဲ့သီတဂူဗုဒ္ဓတက္ကသိုလ်က သင်နေတဲ့ ဗုဒ္ဓတရားတော်တွေဟာ ဘုရားရှင်က သဗ္ဗေညုတဥာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့လောကသုံးပါး အကြောင်းဟာ ဘယ်လောက်ထိနက်နဲ လှတယ်ဆိုတာ ဥရောပက ပညာရှင်တွေ မသိနိ ုင်ဘူး သတ္တလောက သြကာသလောက သင်္ခါရလောက စတဲ့ လောကအကြောင်းတွေ မြင်အပ် မမြင်အပ် ၃၁ ဘုံးသား အကြောင်းတွေ ိူသိပ္ပံကိရိယာတွေနဲ့တိုင်းတာလို့ မရနိ ုင်တဲ့ ကံ ကံ၏ အကြောင်းအကျိုး သဘောတွေ ပုထုဇဉ်ဥာဏ်တွေနဲ့မတွေးနိ ုင်တဲ့ စိတ် စေတသိတ် ရုပ်နိဗ္ဗါန်အကြောင်းတွေ ဒါတွေကို ဘယ်လိုပညာရှင်များက ဖေါ်ထုတ်နိ ုင်မှာတဲ့လဲ ဒါ့ကြောင့် ဘယ်ပုဂ္ဂို လ်ကြီးက ဘယ်ကမ္ဘာကျော်တက္ကသိုလ်က ဘယ်ဘွဲ့ကြီး ရခဲ့တာလို့ ပြောရင် ဗုဒ္ဓဘာသာတွေအတွက် ရီစရာလို မြင်မိတယ် မြန်မာနိ ုင်ငံက ဗုဒ္ဓစာပေသင်နေတဲ့ ရဟန်းပညာရှိ လူပညာရှိများဟာ တကယ်တော့ ကမ္ဘာပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး ပညာရှင်ကြီးတွေပါပဲ ပညာရှင်မှန်သမျှ ရုပ်နာမ်အကြောက်းသိတဲ့ ပညာရှင်က အကြီးကျယ်အခမ်းနားဆုံးပါ ဥပမာအနေနဲ့ပြောပြရ ရင် မိုးရွာခြင်းအကြောင်းကို သိပ္ပံက ငွေ့ရည်ဖွဲ့ပြီးရွာမယ်ဆိုတဲ့ သိပ္ပံသဘော တခုပဲသိမယ် ဗုဒ္ဓက မိုးရွာခြင်းအကြောင်း ရှစ်မျိ ုး ရှိကြောင်းဟောထားတယ် မိုးမရွာခြင်းငါးမျိ ုးအကြောင်းပါ ဟောထားပြီးသားပါ ငလျှင်လှုပ်တာကို သိပ္ပံက ပြတ်ရွှေ့ကြောတွေကြောင့် လှုပ်မယ် ဒီတစ်ခုပဲသိပါတယ် ဗုဒ္ဓက ရှစ်မျိ ုး ရှိကြောင်း ဟောထားတယ် ကဲ ဒါဟာ သာမာန်ပဲ ပြောသေးတာပါ နိဗ္ဗါန်ရောက်ကြောင်းကျင့်စဉ်ဆိုရင်တော့ ဘယ်လောက်ထိ ကြီးကျယ်မလဲ စဉ်းစားကြည့်ပေါ့ ဆရာကြီးဦးဘခင် အင်္ဂလန်သွားတော့ ဟိုက ပညာရှင်များက သူတို့နိ ုင်ငံ ဘယ်လို တိုးတက်ကြောင်းကြွားတဲ့ အခါ ဆရာကြီးက ခင်ဗျားတို့ နိ ုင်ငံဘယ်လောက်ပဲတိုးတက်ပါစေ မြန်မာနိ ုင်ငံက ဗုဒ္ဓဘာသာတွေရဲ့ ၃၁ ဘုံသားတွေအကြောင်းလောက် စိတ်ဝင်စားဖို့မကောင်းဘူးတဲ့ ကဲ ဟုတ်ရဲ့လား ဦးမြင့်ခိုင် share
via အလင်းရောင် ဓမ္မ https://ift.tt/36DKcu1
Newer Post
Older Post
Home