Friday, January 10, 2020

တကူးတကတောင်ရှာရတာ -------------------------------- ကျွန်တော်တို့ဘုရားရှင်ဟာ ဘဝတစ်ခုမှ ဘုရင်ဖြစ်ခဲ့ပါတယ် သူဟာ ဘုရင်စည်းဇိမ်ဟာ ဘာမှ စွဲမက်ဖို့မကောင်းဘူး ငါလိုချင်တာက သည်းခံမှ ုမှ ရှိစေနိ ုင်တဲ့ ပါရမဆိုတဲ့ စိတ်ဓာတ်ခွန်အား ကိုလိုချင်တာ ဘုရင်စည်းဇိမ်ခံစားနေလို့ ငါလိုချင်တာ မရနိ ုင်ဘူးလို့ဆိုပြီး နန်းတော်ထဲကနေ ဘယ်သူ့ကိုမှအသိမပေးပဲ ဆင်းဆင်းရဲရဲ စုတ်စုတ်ပြတ်ပြတ်နဲ့ထွက်သွားခဲ့တယ် သူ့ကို လူတွေက အရူးကြီးပဲထင်ပြီး ချိုးနှိပ်ဆက်ဆံ ကြတာတွေကို ခံယူပြီ လူတွေကျွေးတာစားကာ အမြဲတမ်းလှည့်လည်ပြီးခရီးသွားနေခဲ့တယ် တစ်နေရာရောက်တော့ ရွာတရွာမှာ ခလေးတွေက သူ့ကို ရက်ရက်စက်စက် ပြု ုမူကြတယ် ပြာပူတွေနဲ့ပက် ဂျိုင်းမွေးတွေန ုတ် စသဖြင့်ဒေါသထွက်အောင်ပြု ုမူဆက်ဆံကြတော့ သူကနှလုံးသွင်းတယ် အင်း-- ငါလိုချင်တဲ့ နေရာမျိုးတော့တွေ့ပြီ ဒီရွာမှာ ကြာကြာနေမှပဲဆိုပြီးတော့ အဲဒီရွာမှာစတည်းချနေထိုင်တယ် ခလေးတွေက သူ့အပေါ်ကို ရက်ရက်စက်စက် နှိပ်စက်တယ်။ ပင်ပမ်းအောင်ပြုတယ် သူကအဲဒါတွေကို ဒေါသမထွက်ပဲ ကြိတ်မှိတ်ပြီး သည်းခံကာ ခန္ဓီပါရမီကို ဖြည့်ဆည်းပြီး စိတ်ဓာတ်ခွန်အားရအောင်လုပ်တယ် ကြာလတော့လူတွေဟာ ဒါသာမန်ပုဂ္ဂိုလ်တော့ မဖြစ်နိ ုင်ဘူးဆိုတာသိသွားပြီး လာတောင်းပန် ကြတဲ့အခါ သူက သူ့အကြောင်းသိသွာ့းပီ သူလိုချင်တာမရနိ ုင်တော့ဘူးဆိုပြီး တခြားနေရာကို ဆက်လက်ထွက်ခွါသွားခဲ့တယ် ပြောချင်တာက စိတ်ဓာတ်ခွန်အားမြင့်စေတဲ့ သည်းခံမှု ကိုပြုစုပျိုးထောင်ရာမှာ ကိုယ့်အပေါ် ကို မကောင်းတဲ့သူရှိမှ ဖြစ်နိ ုင်မှာပါ ကိုယ့်အပေါ်ကိုကောင်းနေရင် အဲဒီလူကို ဘယ်လိုသည်းခံမလဲ ဘယ်အရာပဲဖြစ်ဖြစ် အောင်မြင်မှ ု့ရဖို့ကသည်းခံမှ ု့မပါပဲ ပြီးကိုမပြီးဘူး သူက ဘုရား အလောင်းတော်ကြီးပဲလေလို့ဆင်ခြေ ပေးစရာရှိပေမဲ့ ပုထုဇဉ်တွေလည်း မိမိရည်ရွယ်ချက်အတွက် အဲဒီစိတ်ခွန်အားမြင့်စေနိ ုင်တဲ့ သည်းခံမှ ု့ဟာ မဖြစ်မနေလိုအပ်တဲ့အရာပါ ဒါ့ကြောင့် ကိုယ့်အပေါ််မကောင်းတဲ့သူဆိုတာ တခါတရံမှသာ အကျိုးအကြောင်းတိုက်ဆိုင်မှ တွေ့ရတာပါ အမြဲတမ်းတွေ့ကြုံ ုနေရတာမဟုတ်ပါဘူး အဲဒီ လူမျိုးကို ငါ့ရဲ့ခန္ဓီပါရမီ ဖြည့်ဖက်ပဲဆိုပြီး ကျေးဇူးရှင်အဖြစ်နဲ့့နှလုံးသွင်း နိ ုင်အောင်ကြိုးစားကြရမှာပါ ခုတော့ နည်းနည်းလေး ကိုယ့်အပေါ်မကောင်း လုပ်လိုက်တာနဲ့ ငါ့လိုကောင်ကိုများ/မင်းလိုကောင်ကများ /အတယ်မထင်နဲ့/နုံ ုတယ်ထင်ရင်မှားသွားမယ်တို့ ဆိုတဲ့ အပြ ုအမူတွေဟာ ကိုယ့်မှာ သည်းခံမှ ု့မရှိဘူးဆိုတာကို ဖော်ပြနေတာပါပဲ ဒါ့ကြောင့် တကူးတကတောင်ရှာယူရတဲ့ သည်းခံမှ ု့ကို သူများက ကိုယ့်ကို အလကားလာပေးတဲ့အတွက် လိုလိုချင်ချင်နဲ့သာ ယူထားလိုက်ကြပါ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပေးတဲ့ အရာဟာ ကိုယ့်ရဲ့ အောင်မြင်မှ ု့အတွက် မဖြစ်မနေ လိုအပ်တဲ့ အလိုအပ်ဆုံး အရာဖြစ်နေလို့ပါပဲ ဦးမြင့်ခိုင် ©©©©©©©©©©©©©©©© #ကောင်းကျိူးလိုရာပြည့်ကြပါစေ


via အလင်းရောင် ဓမ္မ https://ift.tt/2NadOYk