အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, January 6, 2020
""အကျင့်လွဲရင် လိုရာခရီးမရောက်နိုင်ဘူး"" ♥♥♥♥♥♥♥♥♥♥ တရားချစ်ခင်သူတော်စင်အပေါင်းတို့~ သိဒ္ဓတ္ထမင်းသားဟာ တောထွက် ရဟန်း ပြုပြီးနောက် ""အာဠာရ""အမည်ရှိတဲ့ ဂိုဏ်းဆရာကြီးတစ်ဦးထံမှာ ရူပါဝစရစျာန် လေးပါးနဲ့ အရူပဝစရစျာန်သုံးပါးကိုသင်ယူ ပါတယ်။ အလောင်းတော်ရဲ့ ရှေးပါရမီအဟုန်ကြောင့် စျာန်တရားတွေကို လွယ်လွယ်နဲ့မြန်မြန်ပဲ ရရှိပါတယ်။ နောက် ""ဥဒက""အမည်ရှိတဲ့ ဂိုဏ်း ဆရာကြီးထံမှာနည်းနာခံယူလို့ စတုတ္ထ အရူပစျာန်ကိုလည်း ထပ်မံရရှိပြန်ပါတယ်။ အခုလို စျာန်သမာပတ်ရှစ်ပါးလုံးရရှိပြီးသူ ဟာ အဘိညာဉ်တွေရအောင် ဆက်လက် လေ့ကျင့်နိုင်ပါတယ်။ ဒါပေမယ့် အလောင်းတော်က ဒီစျာန် တရားတွေဟာ ဝဋ်ဆင်းရဲမှ ထွက်မြောက် အောင် မစွမ်းဆောင်ပေးနိုင်ဘူးဆိုတာ သိလို့ ဆက်လက်မကျင့်တော့ဘူးပေါ့။ ဒါနဲ့ ဥရုဝေလတောအုပ်ထဲဝင်ပြီး ခြောက် နှစ်တိုင်တိုင်ပင် ဒုက္ကရစရိယာ ကျင့်တော် မူပါတယ်။ ဆွမ်းခံခြင်းအမှုကိုပယ်၊ အလိုလိုကြွေကျတဲ့ သစ်သီးကိုသာ သုံးဆောင်၊စသည်ဖြင့်သာ မျှတတော်မူပါတယ်။ ဝင်လေ ထွက်လေနှစ်ပါးကို အောင့်ချုပ် ထားခြင်း ဆိုတဲ့ အပ္ပါနကစျာန်ကို ဖြစ်စေဖို့ရန် ခံတွင်းနဲ့ နှာခေါင်းတို့မှ ထွက်သက် ဝင်သက် မထွက်ဝင်နိုင်အောင်အတင်းချုပ်တည်းတော် မူတဲ့အခါ ကိုယ်တော်မြတ်ဟာ အလွန်ပင်ပန်း တော်မူတယ်။ ချုပ်တည်းထားတဲ့ လေက ခံတွင်း နဲ့ နှာခေါင်းတို့မှ ထွက်ခွင့် ဝင်ခွင့်မရတဲ့အခါ နားပေါက်တို့မှ ထိုးထွက်ကြလို့ ပန်းပဲသမား ရဲ့ ဖားဖိုမှ လေထွက်သံလို အလွန်ပြင်းထန် စွာ အသံတွေမြည်လာရတယ်။ နောက် နားပေါက်တွေကိုပါ ပိတ်ပြန်တော့ လေတွေဟာ ဦးခေါင်းသို့တက်ပြီး တိုးဝှေ့ ထိုးဆွကြတယ်၊ အင်အားကြီးတဲ့ ယောက်ျား တစ်ယောက်က ထက်မြက်တဲ့ စူးချွန်နဲ့ ဦးခေါင်းကို မွှေနေသလို အလွန်နာကျင်တဲ့ ဝေဒနာကို ခံစားရပါတယ်။ တစ်ဖန် ထွက်လေဝင်လေကို ဦးခေါင်းဆီ.သို့မတက်အောင် ထိန်းချုပ်ပြန်တော့ ဝမ်းဗိုက်က်ို ထိုးဆွမွှေနှောက်လို့ အူ အသည်း တွေ ပြတ်ထွက်လုမတတ် ခံစားရပြန်တယ်။ တစ်ကိုယ်လုံးမှာ အပြင်းအထန်ပူလောင် တဲ့ "ဍာဟရောဂါ"ဖြစ်ပေါ်လာတော့တယ်။ အမှန်အားဖြင့် ဖော်ပြပြီးခဲ့တဲ့ အပ္ပါနက စျာန်အကျင့်တွေဟာ မိမိကိုယ်ကိုဆင်းရဲ ပင်ပန်းအောင် ညှဉ်းပန်းနှိပ်စက်တဲ့ """အတ္ထကိလမထာနုယောဂ""အကျင့်မှား ပါပဲတဲ့။ နောက်ဆုံးမှာ အလောင်းတော်ဟာ အားအင်ပြတ်လပ်ပြီး မှောက်လဲပါတယ်။ လိုရင်းဖြစ်တဲ့ ""သဗ္ဗညုတဥာဏ်တော်"" လည်း မရရှိတော့ပါဘူးလို့ ကိုယ်စီကိုယ်ငှ အသိရကြကာ အကျင့်မှားရင် လိုရာပန်း တိုင်းခရီးသို့ မရောက်ရှိ မရရှိနိုင်ပါဘူးဆိုတာ သတိထားဆင်ခြင်နိုင်ကြပါစေကုန်သတည်း။
via အလင်းရောင် ဓမ္မ https://ift.tt/35q7PEL
Newer Post
Older Post
Home