Sunday, January 5, 2020

အကောင်းဆုံးကို ရအောင်ယူ --------------🌷💎🌷---------- အကောင်းဆုံးသည် သုံးမျိုးရှိချေ၏။ ၁။ တိတိပပမသိဘဲလျက်ကောင်းသော မသိကောင်း ၂။ တိတိပပသိသော်လည်း ရပ်လျက်ကောင်းသော အသိကောင်း။ ၃။ တိတိပပသိလျက်ကပင် သွားလျက်(လှုပ်ရှားလျက်)ကောင်းသော အသိကောင်း။ ထိုသုံးမျိုးတို့တွင် သတိမဖက် သညာသိသက်သက်ဖြင့် ကောင်းသော 'ကာမရတီ'ခေါ် ကာမဂုဏ် ခံစားမှုအကောင်းသည် မသိကောင်းသာဖြစ်ချေ၏။ အိပ်မက်ထဲတွင် ခံစားရသော ကာမစည်းစိမ်မျိုး နှင့် ဘာမှမထူးပြီ။ သတိကား ရှိ၏။ သို့သော် အသိမဖက်၊ သတိသက်သက်ဖြင့်ကောင်းသော 'ဈာန်နရတီ'ခေါ် ဈာန် ပီတိခံစားမှုအကောင်းသည် ရှေ့မတိုးသော တည် ကောင်းသာဖြစ်ချေ၏။ ရတနာကျောက်ကို အပေါ်ယံ ကြောကြည့်လျက်က ကောင်းပုံမျိုးနှင့် ဘာမျှ မခြားနားပြီ။ သတိလည်းရှိ၏။ သတိ၏စိုက်အားအလိုက် လှိုက်၍လှိုက်၍ အတွင်းသားကိုလည်း အသေးစိတ် ထင်ရှားသည်ထက် ထင်ရှားစေ၏။ ထိုမှ ကောင်းသော 'ဓမ္မရတီ'ခေါ် တရားပီတိ ခံစားမှုအကောင်း သည်သွားလျက်ကောင်းသော အသိကောင်းဖြစ်ချေ၏။ ရတနာကျောက်၏ အတွင်းကျော်ကို လှန်လျောလျက်က ကောင်းပုံမျိုးပမာသာ ဖြစ်ချေ၏။ ထိုအကောင်းသုံးမျိုးတို့တွင် မသိကောင်းသည် မြစ်ကို အလျားလိုက် စုန်ဆင်းနေသူပမာဖြစ်၍ ထို အကောင်းသည် ဆုံးမည်မဟုတ်ချေ။ အကောင်းဆုံး မဆိုသာ။ သိပါသော်လည်း တစ်ခု၌သာ တွေနေသော အကောင်းသည်လည်း မြစ်ကို အလျားလိုက် ဆန်တက် လေသူပမာဖြစ်၍ အကောင်းသည် ဆုံးမည်မဟုတ်ချေ။ သိသလောက်ကျင့် ကျင့်၊ ကျင့်သလောက်သိစေသော အကောင်းသည်သာမြစ်ကို ဖီလာကန့်လန့် ကူးလေသူပမာ အကောင်းသည် ဆုံးချေရ၏။ #မဟာဗောဓိမြိုင်ဆရာတော် 🙏🙏🙏🙏🙏🙏🙏🙏🙏 [အညွှန်း။ ။ ပဋိဘာနဉာဏဒဿထကာ၊ ၁၉၉၉ ဖေဖော်ဝါရီ၊ စာ ၇၉] credit : https://ift.tt/2MY3hPD


via အလင်းရောင် ဓမ္မ https://ift.tt/36oSyW8