အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, January 5, 2020
🔺 ❝ နီးလျက်နဲ့ဝေးတော့ မဖြစ်ကြစေနဲ့ ❞ ✪ လောကမှာ ရဟန်းဖြစ်စေ လူဖြစ်စေ စိတ်ကို သတိပဋ္ဌာန်တရားတို့ဖြင့် ဆုံးမခြင်း မရှိသေးဘူးဆိုရင်တော့ ••• စိတ်ဓာတ်တွေ ညံဖျင်းနေဦးမှာပါ ••• ✪ မြတ်စွာဘုရားရှင်၏အဆုံးအမသည် စိတ်ကိုစောင့်ရှောက်ခြင်းသာတည်း ••• လောကဓံအာရုံနဲ့ တွေ့တိုင်းတွေ့တိုင်းမှာ အမြဲတမ်းတုန်လှုပ်နိုင်တယ် ••• ဒါကြောင့် မတုန်လှုပ်ဖို့ ကြံ့ကြံ့ခံနိုင်အောင် ဘယ်စိတ်ပေါ်ပေါ် သတိအသိကိုက်အောင် ကြည့်နေပါ ••• ✪ ဒီစိတ်သည် ••• တစ်ခါတစ်ရံ ၀မ်းသာစရာနဲ့တွေ့ရင် သိပ်ကျေနပ်နေတတ်တယ် ••• အဲဒီအချိန်မှာ သတိပြန်ကပ်လိုက် ဒီစိတ်သည် အရှိလား မရှိလား ဧည့်သည်စိတ်သာဖြစ်တယ် ••• ခဏသာဖြစ်ပြီး ခဏဆိုသတိထားကြည့် မရှိတော့ဘူး ••• ဖျတ်ဆိုပျောက်ပျက်သွားပြီ ••• ✪ ၀မ်းနည်းစရာ ဆင်းရဲစရာနဲ့ တွေ့ပြန်တော့ သိပ်ကိုဆင်းရဲနေတယ် ••• ဒါပေမယ့် ဒီဆင်းရဲနေတဲ့စိတ်ကို သတိကပ်ပြီးကြည့်လိုက် ••• ခဏဖြစ် ဖြစ်ပြီးပျက် ပျက်သွားတာကို အသိဉာဏ်ကပ်ကြည့်မှ ဖြစ်ပေါ်လာသမျှသောရုပ်နာမ်တို့သည် စက္ကန့်တိုင်းဖြစ်ပြီး စက္ကန့်တိုင်းပျောက်ပျက်နေတာကိုသာ အရှိပေါ်တိုင်းပေါ်တိုင်း အသိဉာဏ်ကပ်ပြီးသာ စောင့်ကြည့်လိုက် ••• ✪ ရှေ့စိတ်၏ မမြဲမှုကို နောက်စိတ်နဲ့ အကဲခတ်ပေးပါ ••• ဘယ်စိတ်ပေါ်ပေါ် 'မရှိပါလား' 'မရှိပါလား'ဟု ဉာဏ်နဲ့ညွတ်ပေးလိုက် ••• အညွတ်ခံခန္ဓာအပေါ်မှာ အညွတ်ဉာဏ်ဆင့်ထားပေးပါ ••• ✪ ဘယ်အာရုံပေါ်ပေါ် ခဏဖြစ် ခဏပျက်ပျက်သွားတာကိုသာ စောင့်ကြည့်နေလိုက်ပါ ••• သူ့သဘောဖြစ်ပြီး သူ့သဘောပျက်သွားနေတာသာ စောင့်ကြည့်လိုက် ••• ဘယ်အာရုံမှ တည်မြဲခြင်း ခိုင်ခံ့ခြင်းမရှိတာကို သိသိသာသာတွေ့နေမယ် ••• နိစ္စသုခအတ္တပျောက်ပြီး အနိစ္စဒုက္ခအနတ္တဉာဏ် ဆိုက်ရောက်သွားပါစေ ••• ✪ ဘုရားနဲ့နီးပေမယ့် ဘုရားအဆုံးအမကို မလိုက်နာသူသည် 'ဘုရားနဲ့နီးလျက်နဲ့ဝေး' ••• သံဃာအနားနေပြီး သံဃာ့အဆုံးအမကို မလိုက်နာသူဟာလည်း 'သံဃာနဲ့နီးလျက်ဝေး' ••• ✪ ဒါကြောင့်မို့ ••• ဘုရားအဆုံးအမသြ၀ါဒကို မလိုက်နာ အလေးမထားသူ နေ့ရက်တွေကုန်ဆုံးသွားပေမယ့် အဓိပ္ပာယ်မရှိသောလူ တန်ဖိုးမရှိသောလူသည် တမလွန်ဘ၀ကို ခြေလှမ်းရမည့်နေ့မှာ နောင်တပေါင်းများစွာဖြင့် လောကဓံကို ကြံ့ကြံ့မခံနိုင်လို့ လူဖြစ်ရခြင်းအကျိုးမရှိသလောက် ဆုံးရှုံးတတ်သည်မို့ သင့်ကိုသင်ပြုပြင်ပြီး တရားအသိနဲ့ရှိနေပါစေ ••• 🔄 ❝ အဖေါ်ကောင်းရှိပါစေ ❞ ☘ လောက မှာ အဖေါ် ဆိုတာ လိုအပ်တယ်။ ပစ္စုပ္ပန် အဖေါ်ရယ် သံသရာ အဖေါ် ရယ်လို့ (၂)မျိုး ရှိပါတယ်။ ☘ ပစ္စုပ္ပန်မှာ အဖေ အမေ အကိုအမ ဇနီးမယား သမီး သားရယ်လို့ မိသားစု အဖေါ်တွေ လိုအပ်ပါတယ်။ အဲ့ဒီ အဖေါ်တွေကတော့ တဘ၀စာ တနပ်စာ အတွက်ရပ်တည်ကြမယ့်သူတွေပါ။ ဒီ အဖေါ်တွေမှာလည်း ကောင်းတဲ့ အဖေါ်ရှိသလို မကောင်းတဲ့ အဖေါ်လည်း ရှိပါတယ်။ ကောင်းကျိုးလိုလားသူဆိုရင်တော့ ကောင်းတာတွေ ဖြစ်မယ်။ သံသရာအတွက်ပါ ကောင်းမယ်။ မကောင်းတဲ့ အဖေါ်ကတော့ ခုလည်း မကောင်းဘူး သံသရာအတွက်လည်း မကောင်းနိုင်ဘူး။ ☘ ဒါန ။သီလ ။ သမထ။ ဝိပဿနာ ဆိုတဲ့ လေးမျိုးသော ကုသိုလ် တရားတွေဟာ သံသရာ အတွက် အဖေါ်ကောင်းတွေ ဖြစ်ပါတယ်။ ☘ မိုးကုတ် ဆရာတော်ဘုရားကြီး က ••• ဇာတိ တရားလက်ခံထားသူ များဗိုလ်လူတို့ နောက်မူ စင်စစ် သေမင်းလက်သို့ အသက် အပ်နှင်း မယွင်းသေချာ ဖြစ်မြဲသာတည့်လို့ ဆိုထားပါတယ်။ ☘ အကယ် ၍များ အဖေါ်ကောင်းမရှိခဲ့ရင် ဇာတိ ကို ရထားတဲ့ ခန္ဓာတိုင်းဟာ အိုမှုသဘော ကို`၎င်း နာမှုသဘောကို၎င်း ခံစားရတဲ့အခါ မခံစားနိုင်ဖြစ်ကြတယ်။ အဖေါ်ကောင်းရှိထားတဲ့သူတွေ ကတော့ အိုခြင်းသဘော နာခြင်းသဘောကို သိရှိပြီးဖြစ်သလိုအဖေါ် ကောင်းရဲ့ အထောက် အပံံ့ နဲ့ ပြုံးပြုံး ရွင်ရွှင် ရင်ဆိုင်နိုင်ကြပါတယ်။ ☘ ဇာတိ ရဲ့နောက်မှာ ဇရာ မရဏ ကပ် ပါလာတာပါ။ ခန္ဓာကို ရတဲ့သူတိုင်းဟာ ရုပ်ကိုစွဲလမ်းတတ်တယ်။ ဝေဒနာ ကိုစွဲလမ်း တတ်တယ်။ အဲ့ဒီလိုစွဲလမ်းတော့ အိုမှုသဘော နာမှုသဘော ရုပ် ရဲ့ ဖေါက်ပြန်မှုသဘောတွေကို မခံစားနိုင်အောင် ဝေဒနာ ဖြစ်တတ်ကြပါတယ်။ ✠ သေမည့် ခန္ဓာ သေခန္ဓာ မှန်စွာဖြစ်ရမည်။ ✠ နာမည့် ခန္ဓာ နာခန္ဓာ မှန်စွာ ဖြစ်ရမည်။ ✠ အိုမည့်ခန္ဓာ အိုခန္ဓာ မှန်စွာ ဖြစ်ရမည်။ ✠ အိုဖို့ ရလာ အိုခန္ဓာ အိုမှာ မကြောက်နဲ့။ ✠ နာဖို့ရလာ နာခန္ဓာ နာမှာ မကြောက်နဲ့။ ✠ သေဖို့ ရလာ သေခန္ဓာ သေမှာ မကြောက်နဲ့ လို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကဆုံးမတော်မူခဲ့ပါတယ်။ ☘ ဘုရားရှင် ဘယ်လောက်ပဲဆုံးမထား ဆုံးမထား ၀ိပဿနာ အသိလေးနဲ့ လေ့ကျင့်အားထုတ်ထားခြင်း မရှိရင်တော့ သတိကပ်ပြီး မှတ်နိုင်မှာ မဟုတ်ပါဘူး။ အဖေါ် ကောင်းကို ရှာဖွေ ပေါင်းဖေါ်ထားခြင်းမရှိတဲ့အတွက် နာရင်နာတယ် လို့ခံစားပြီး ငါနာတယ် ငါကျင်တယ်လို့ ဖြစ်နေကြမှာပါ။ ☘ ဝိပဿနာ အသိလေးနဲ့ သတိလေးကပ်ပြီး နာတာကိုမှတ်မယ် နာခြင်းသဘောကို ဖြစ်ပျက်ရှုမယ် ဆိုရင် အဖေါ်ကောင်း နဲ့ နေသူဖြစ်တဲ့အတွက် နိဗ္ဗာန် ကို အဲ့ဒီ အဖေါ်ကောင်းက ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ☘ ဒါကြောင့် အဖေါ်ကောင်း နဲ့ ပေါင်းတတ် သင်းတတ်မှသာ အဲ့ဒီ အဖေါ်ကောင်းက နိဗ္ဗာန် ပို့မယ်အပါယ် တံခါး ကို ပိတ်ပေးပါလိမ့်မယ်။ အဖေါ်ကောင်းရှိမှာသာ ချမ်းသာ ကို ရပါလိမ့်မယ်။ 【မြောက်ဦးဆရာတော် ၀နဝါသီအရှင်ဝါယာမိန္ဒ 】 ❝ အပ္ပမာဒေန သမ္မာဒေထ ❞ ❦ ရွှင်လန်း ❦ ချမ်းမြေ့ ❦ ပါစေ ❦ Credit: ; မူရင်းတင်သူ အလင်းရောင် acc မှ
via အလင်းရောင် ဓမ္မ https://ift.tt/2QFCCYQ
Newer Post
Older Post
Home