အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, November 3, 2019
"တန်ဖိုးရှိသော အသက်ကြီးခြင်း" ~~~~~~~~~~~~~~~~ မိမိကိုယ်ကို တကယ်ကြည်ညိုအောင် နေလိုသူများသည် နံသာဖြူပင်လို ကျင့်ရမည်။ နံ့သာဖြူပင်သည် အသက်ကြီးလာလေလေ ပိုပြီး မွှေးလာလေ , ပိုပြီး အနှစ်ပြည့်လာလေ ဖြစ်၏။ တဖန် ထို့ထက်ပို၍ အသက်ကြီးလာလေ ထို့ထက်ပို၍ မွှေးလာလေ , အနှစ်ပြည့်လာလေ ပင် ဖြစ်၏။ နံ့သာဖြူပင်သည် နာပြီး သေရသောအချိန်တွင် အနှစ်အပြည့်ဆုံး , အမွှေးဆုံးပင် ဖြစ်၏။ ထို့အတူ . . . လူဖြစ်စေ , ရဟန်းဖြစ်စေ အသက်ကြီးလာသည်နှင့်အမျှ သီလ , သမာဓိ , ပညာ ဟူသော အနှစ်များ ပိုပြည့်လာသင့်၏။ အသက်ကြီးလာပြီး သီလ , သမာဓိ , ပညာ . . ဟူသော သိက္ခာသုံးပါး တိုးတက်မလာလျှင် ထိုသူ၏ အသက်ကြီးခြင်းသည် တန်ဖိုးမရှိ။ သေမလို့ ကြီးခြင်းသာ ဖြစ်၏။ နံ့သာဖြူလို ဖြစ်အောင် ကြိုးစားမည်ဆိုလျှင် တစ်ယောက်တည်း တည့်အောင် နေသင့်၏။ တစ်ယောက်တည်း နေသော်လည်း လောဘအာရုံ , ဒေါသအာရုံများနှင့် နေသူသည် တစ်ယောက်တည်းနဲ့ ရန်သူ ဖြစ်နေသူဟု ဆိုအပ်သည်။ တစ်ယောက်တည်း တည့်အောင် မနေသူဟု ဆိုအပ်သည်။ တစ်ယောက်တည်း တည့်အောင် နေလိုလျှင် စိတ်ကို ဘာဝနာတစ်ခုခု အမြဲပွား၍ ရှင်းသန့် နေအောင် ထားရမည်။ တွေးတောလျှင်လည်း လိုချင်စရာများ , သူတပါး ပျက်စီးရာ ပျက်စီးကြောင်းကို မတွေးရ။ ပေးကမ်းဖို့ , သူတပါးအကျိုးဆောင်ဖို့ အကြောင်းအရာများကိုသာ တွေးရ၏။ " မေတ္တာရှင် ရွှေပြည်သာ " Credit - ဓမ္မနှစ်သက်သူ။ #nanghtwephyu
via အလင်းရောင် ဓမ္မ https://ift.tt/2PGtFzH
Newer Post
Older Post
Home