အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, November 3, 2019
အရှင်လတ်လတ်ငရဲကျခံရသူအမျိုးသမီးတစ်ဦး ⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛ သူမ ယောက်ျားက သဒ္ဓါတရားရှိတယ်။ သူမကတော့ သဒ္ဓါတရားမရှိဘူး။ သူမ ယောက်ျားက သာသနာတော်ကို ကြည်ညိုလေးစားတန်ဖိုးထားသူဖြစ်တယ်။ သူမကတော့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ကို အလားအချောင်နေ အချောင်းစား လူပိုတွေ လို့ထင်ပြီး ရဟန်းတို့ကို အပြစ်တင် ကဲ့ရဲ့နေသူ။ တစ်နေ့ သူမယောက်ျား ခရီးသွားမှာဖြစ်လို့၊ သူမကို မှာထားခဲ့တယ်။ ချစ်ဇနီး ငါခရီးသွား စရာရှိတယ်။ ငါအိမ်မှာ မရှိတဲ့နေ့တွေမှာ ချစ် ဇနီး အိမ်ကိုဆွမ်းခံကြွလာကြတဲ့ ရဟန်းတို့ကို ဆွမ်းကပ်လှူပါ။ အိမ်ရှေ့ကို လာပြီး စားစရာ သောက်စရာလာရောက် တောင်းကြတဲ့ အလှူ ခံပုဂ္ဂိုလ်တို့ကိုလည်း စားစရာ သောက်စရားများ ပေးလှူပါလို့မှာထားခဲ့တယ်။ သူမဟာ လင်သားမှာကြားခဲ့တဲ့ အလှူဝတ်တွေကို ဖြတ်ပစ်လိုက်တဲ့အပြင် အိမ်သို့ဆွမ်းခံကြွလာတဲ့ ရဟန်းများကိုလည်း နှုတ်ကြမ်း အာကြမ်းနဲ့ ကဲ့ရဲ့ အပြစ်တင် ဆဲဆိုကြိမ်းမောင်းလွှတ်တယ်။ သူမနဲ့သူမယောက်ျားဟာ "သဒ္ဓါ၊သီလ၊စာဂ၊ပညာ" မတူညီပြတော့ အကျိုးပေးခြင်းလည်းမတူကြဘူး။ သူမရဲ့ လင်ယောက်ျားကတော့ သေလွန်တဲ့အခါ ခံစား စံစားဖို့ရန်အတွက် နတ်ပြည်မှာ ကြီးကျယ် ခန်းနားတဲ့ နတ်ဘုံဗိမာန်ကြီး ဖြစ်ပေါ်နေတယ်။ သူမ တမလွန်ခရီးအတွက် ဖြစ်ပေါ်နေတာကတော့ ကျင်ကြီး ကျင်ငယ် အပုတ်အနံ့တွေလှိုင်နေတဲ့ သံ သဝကငရဲ ဖြစ်တယ်။ သူမရဲ့ လင်ယောက်ျား သေလွန်သွားတော့ နတ်ပြည် မှာ သူ့အတွက် အဆင်သင့်ဖြစ်ပေါ်နေတဲ့ နတ်ဗိမာန်မှာ နတ်သားဖြစ်တယ်။ သူမဟာ လင်ယောက်ျားသေလွန်ပြီးနောက်မှာ ပို ပြီးတော့ ရဟန်း သံဃာအပေါင်းကို မြင်တာနဲ့ ဆဲ ဆို ပြစ်တင်ကဲ့ရဲ့ ကြိမ်းမောင်းတော့တယ်။ သူမရဲ့ ရဟန်းတို့အား ဆဲဆိုပြစ်တင်သောအသံကို ဝေဿဝဏ်နတ်မင်းကြီးက ကြားသိရတော့ သူ့ရဲ့ တပည့် နတ်ဘီလူနှစ်ကောင်ကို ခေါ်ပြီး ခိုင်စေလိုက် ပါတယ်။ အမောင်နတ်ဘီလူးတို့ သွားကြချေ။ ဗာရာဏသီ ပြည်၌ ယနေ့မှစ ခုနှစ်ရက်မြောက်သောနေ့တွင် "ရေဝတီမိန်းမယုတ်မကို"အရှင် လတ်လတ် ပစ်ချ မည်ဟု ကြွေးကြော်ကြကုန်လော့"ဟု နတ်မင်းကြီး က စေခိုင်းလိုက်တယ်။ ရေဝတီဟာ နတ်လူဘီးနှစ်ကောင်ရဲ ကြွေးကြော် သံကို ကြားပြီး ထိတ်လန့် ကြောက်ရွံ့ကာ အိမ်အ ပေါ်ဆုံးထပ်ကို တတ်ပြီး တံခါးပိတ်၍ ပုန်းနေတယ်။ ခုနှစ်ရက်မြောက်တဲ့နေ့မှာ ဘီလူးနှစ်ကောင်ဟာ ရေဝတီရဲ့လက်မောင်းကို ကိုင်ဆွဲကာ သူမရဲ့လင် သား "နန္ဒိယ"နတ်သားရဲ့ တာဝတိ ံသာနတ်ပြည်မှ နတ်ဗိမာန်သို့ ခေါ်ဆောင်သွားပြီး နတ်စည်းစိမ်ချမ်း သာတွေကို ပြတယ်။ ရေဝတီက နတ်ဘီလူကြီးတို့ ဒါဘယ်သူ့နတ်ဗိမာန် လဲလို့ မေးတယ်။ နတ်ဘီလူးကြီးက အဲ့ဒါနင့်ရဲ့လင် ယောက်ျား"နန္ဒိယ"နတ်သားရဲ့ နတ်ဗိမာန်ဖြစ်တယ်။ ဒီလိုဆို ကျွန်မကို ကျွန်မယောက်ျားသားရဲ့ နတ် ဗိမာန်မှာ ထားခဲ့ပေးပါလို့ ပြောတယ်။ နတ်လူဘီးနှစ်ကောင်က"ဟဲ့ .. မကောင်းသော အလုပ်အများဆုံးလုပ်သော အပါယ်တံခါးပွင့် လျက်နေသော ပေးကမ်းလှူဒါန်းလေ့မရှိသော အမိုက်မ ရေဝတီ။ နင်နဲ့ ဒီနတ်ပြည် နတ်လော က နတ်စည်းစိမ် ချမ်းသာနဲ့ မထိုက်တန်ဘူး။ နင်နဲ့ထိုက်တန်တဲ့နေရာဟာ ကျင်ကြီး ကျင်ငယ် အပုတ်နံ့တွေလှိုင်နေတဲ့ သံသဝကငရဲသာဖြစ် တယ်။ လာအမိုက်မရေဝတီ နင့်ကိုငါတို့ အဲ့ဒီ ငရဲကို ပို့ပေးမယ်လို့ပြောပြီး ဘီလူးနှစ်ကောင်း ဟာ ရေဝတီရဲ့ ဘယ်ညာလက်မောင်းနှစ်ဖတ်ကို ကိုင်ဆွဲပြီး ငရဲပြည်ခေါ်ဆောင်သွားတယ်။ ငရဲပြည်ရောက်တော့ ရေဝတီက မေးတယ်၊ နတ်မင်းတို့ ကျွန်မမှာ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊စိတ်ဖြင့်လည်းကောင်း၊ ဘယ်ဒုစရိုက်ကို ပြုမိခဲ့လို့ အခုလို ကျင်ကြီး ကျင် ငယ်တွေပြည့် လောက်ကောင်တွေ ရွစိရွစိ အနံ့ ပုတ်တွေ ထောင်းထောင်းလှိုင်နေတဲ့ ငရဲတွင်းထဲ ကျရောက်ခံရမှာလဲလို့ မေးတယ်။ နတ်ဘီလူးနှစ်ကောင်းက"အယုတ်မ ရေဝတီ၊ သင်သည် ရဟန်းတို့အားလည်းကောင်း၊ ပုဏ္ဏား တို့အားလည်းကောင်း၊ သူတောင်းစားတို့အား လည်းကောင်း၊ ပြစ်တင် ကဲ့ရဲ့ ဆဲဆိုကြိမ်းမောင်း ခဲတယ်။ အဲ့ဒီ မကောင်းမှု အကုသိုလ်ကံကြောင့် သင်အယုတ်မရေဝတီ အသူတစ်ရာတိုင်အောင် နက်သော မစင်ကျင်ကြီး ယိုစီးပုတ်ပွ သံသဝက ဤငရဲတွင်းထဲကို ယခုကျခံရမယ်။ မစင်ကျင်ကြီး တွင်းထဲမှာ သံလောက်ကောင်များ ထိုးဆွထွင်း ဖောက် သင့်အား စားသောက်ကြလိမ့်မယ်။ ဤ ငရဲတွင်းထဲမှာ အနှစ်အထောင်မက သင်အယုတ် မ ရေဝတီ ကျခံရမယ်လို့ပြောတယ်။ ရေဝတီဟာ ငရဲထိန်းများပြောတဲ့စကားကိုကြား ပြီး ငိုကြွေးမြည်တမ်းရှာတယ်။ အို...ငရဲထိန်းကြီး တို့ရယ်၊ အမိုက်မ မိရေဝတီ တောင်းပန်ပါတယ်။ ကျွန်မကို လူ့ပြည်ကို ပြန်ပို့ပေးကြပါနော်။ လူ့ပြည် ပြန်ရောက်တဲ့အခါ ကျွန်မ ကုသိုလ်ကောင်းမှုတွေ ကိုလုပ်ပါတော့မယ်၊ ဒါနအလှူတွေလည်း အခါခါ ပြုလုပ်ပါ့မယ်၊ သီလတရားများလည်းဖြည့်ကျင့် ပါ့မယ်၊ဘာဝနာတရားတို့ကိုလည်း ကြိုးစားအား ထုတ်ပါ့မယ်။ လူ့ပြည်မှာ ကျန်နေခဲ့တဲ့ ကျွန်မရဲ့ ပစ္စည်းဥစ္စာတွေအများကြီးရှိပါတယ်။ ကျွန်မထို ပစ္စည်းဥစ္စာတွေကို အမှီပြုပြီး ကုသိုလ်တရားတွေ ပြုလုပ်ချင်လို့ပါ ကျွန်မကို လူ့ပြည်ပြန်ပို့ပေးကြ ပါနော် တောင်းပန်ပါတယ် ငရဲထိန်းကြီးတို့ရယ် လို့ တောင်းပန်၍ ငိုပြောရှာတယ်။ ငရဲထိန်းနှစ်ယောက်က"ဟဲ့ ရေဝတီအမိုက်မ လူ့ ဘဝမှာတုန်းကတော့ ကုသိုလ်အမှုတွေပြုလုပ်ဖို့ မေ့လျော့နေပြီးမှာ အခုငရဲကျရောက်တော့မှ ငို ကြွေးမြည်တမ်းမနေနဲ့ နင်ပြုတဲ့မကောင်းကံ နင် သာခံပေတော့"လို့ ပြောပြီး ရေဝတီကို ဘယ်ညာ လက်မောင်းနှစ်ဘက်ကဆွဲကိုင်ပြီး သံသဝကငရဲ တွင်းထဲကို ပစ်ချခဲ့ပါတယ်။ ဤဝတ္ထုကို ဖတ်ရှု၍ ဓမ္မမိတ်ဆွေများ ဓမ္မအသိ တွေတိုးပွားပြီး မိမိတို့ရဲ့ ဘဝလက်ကျန်အချိန် တွေကို တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုရင် ဤစာစုကို နိဂုံးချုပ်လိုက်ပါတယ်။ ။ ယထာဘူတခေမိန္ဒ 2/2/2019
via အလင်းရောင် ဓမ္မ https://ift.tt/32bJsZO
Newer Post
Older Post
Home