Thursday, September 19, 2019

ဗုဒ္ဓက #ဒါမှ_____ငါ့သားတော်ကြီး တဲ့ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဗုဒ္ဓလက်ထက်တော်အခါက ရဟန်းနှစ်ပါး ဟာ ဘုရားရှင်ကိုဖူးမြင်ဖို့ အတွက် ခရီးဝေးကြီးကနေ လာခဲ့ကြတယ် ကန္တာရခရီးတခုကိုရောက်တဲ့အခါမှာ ရေပြတ်လပ်ခဲ့ကြတယ် ကံကောင်းစွာနဲ့  ရေကန်တခုကိုတွေ့ တော့ တပါးက ရေသောက်ဖို့ ကြိုးစားတယ် တပါးက ရေစစ်မပါတဲ့အတွက် အာပတ်သင့်မှာ ကြောက်ပြီး မသောက်ပဲနေတယ် ရေသောက်တဲ့ကိုယ်တော်က ရေငတ်ပြီး ပျံလွန်တော်မူရင် ဘုရားရှင်ကိုမဖူးရမှာစိုး လို့ ဆိုပြီးရေသောက်ခရီးဆက်တယ် တပါးကမသောက်ဘူး ရေမသောက်တဲ့ ကိုယ်တော်ဟာ လမ်းမှာတင်ရေငတ်ပြီး ပျံလွန်တော်မူခဲ့တယ် ဘုရားရှင်ဆီရောက်တော့ အကျိုးအကြောင်းအကုန်လျှောက်တဲ့အခါ ဘုရားရှင်က ရေမသောက်ပဲ ဝိနည်းကို အသက်ထက်ချစ်မြတ်နိုးတဲ့ ကိုယ်တော် ကို ချီးကျုးပြီး ဒါမှ ငါ့သားတော်ကြီး တဲ့ တကယ်တော့ ရဟန်းတော်တွေဟာလည်း ၂၂၇ သွယ် သောသိက္ခာပုဒ်ကို အသက်ထက် ချစ်မြတ် နိုးပြီး လူတွေကလည်း ငါးပါးသီလ ကို အသက်ထက်ချစ်မြတ်နိုးမယ်ဆိုရင်တော့ ဗုဒ္ဓရဲ့ ငါ့သားတော်ကြီးလို့ ပဲ အခေါ်ခံကြ ရမှာ ပါလေ ရဟန်းဖြစ်စေ လူဖြစ်စေ အသေးဖွဲဆုံး အပြစ်ကလေးကစပြီး လေးလေးနက်နက် လိုက်နာကျင့်သုံးကြမယ်ဆိုရင်တော့ သာသနာတော်ရဲ့ အသက်တမ်းဟာ နှစ်အပိုင်းအခြားမရှိ တည်တံ့လိမ့်မယ် ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး ဦးမြင့်ခိုင် #################### #ကောင်းကျိုးလိုရာပြည့်ကြပါစေ


via အလင်းရောင် ဓမ္မ https://ift.tt/307ToXE